spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အစိုးရမှ တားမြစ်မိန့်တွေ ပြန်လည်ပယ်ဖျက်လိုက်တဲ့အပေါ် ပြည်နယ်အတွက် စိုးရိမ်စရာများဖြစ်နေ

Author

Date

Category

မော်ဦးမြာ

COVID –19 ရောဂါကြောင့် ကယားပြည်နယ်အစိုးရမှ တားမြစ်မိန့်တစ်စောင်ကို ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ ဧပြီ ၇ ရက်နေ့မှာပဲ ပြန်လည် ပယ်ဖျက်လိုက်တဲ့အတွက် ယခုလို ပြန်လည်ပယ်ဖျက်လိုက်ခြင်းက ပြည်နယ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ကျန်းမာရေးဝန်းထမ်းတွေက ပြောပါတယ်။

“ စိုးရိမ်စိတ်ရှိတာပေါ့နော ပြန်ဖျက်လိုက်တဲ့အပေါ်မှာလေ။ ကိုယ့်ပြည်နယ်မှာ စောင့်ကြည့်တဲ့ Facilities Quarantine ပဲ ရှိတယ်ပေါ့နော။ သံသယလူနာတော့ မရှိသေးဘူးပေါ့။ ဥပမာ….. လွိုင်ကော်မြို့ကိုလာမယ်။ မော်ချီးကို သွားမယ်ဆိုတဲ့ အခြားသော ပြည်တွင်းသွားလာမှုတွေပေါ့နော။ ပြည်ပ မဟုတ်ပဲနဲ့ ပြည်တွင်းသွားလာမှုတွေ လာမယ်ဆိုရင် တချို့သော နေရာတွေက သံသယနဲ့လည်း သေသွားတယ်။ ရောဂါကြောင့်လည်း သေသွားတာရှိတယ်ပေါ့နော။ မော်ချီးမှာဆိုရင် အလုပ်လာလုပ်တဲ့သူတွေ အများကြီး ရှိတယ်လေ။”လို့ မော်ချီး ၁၃ ကုန်းမှ ကျန်းမာရေးမှူး ( အငြိမ်းစား) ဒေါ်မာကရက်စိန်က ပြောပါတယ်။

မောချီးခဲသတ္တုလုပ်ငန်းမှာ ပြည်တွင်းရွှေ့ပြောင်းသွားလာလုပ်ရှားနေကြတဲ့သူတွေများနေတာကြောင့် ယခုလို တားမြစ်ထားတဲ့ ထုတ်ပြန်ကြေငြာချက်ကို ပြန်ပြီးပယ်ဖျက်လိုက်ရင် ပြည်နယ်အတွင်း သွားလာမှုတွေများလာပြီး ရောဂါတွေသယ်ဆောင်လာနိုင်တာမျိုးဖြစ်လာမှာကိုလည်း စိုးရိမ်ရတာဖြစ်လို့ တားမြစ်ချက်တွေလိုအပ်တယ်လို့ဆိုပါတယ်။

ပြည်နယ်အတွင်းမှာ ထားရှိတဲ့ (၁၄) ရက် စောင့်ကြည့်ခံသူတွေကို စနစ်တကျထားရှိပေးဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်မာကရက်စိန်က ပြောပါတယ်။

ကူးစက်မြန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့အတွက် ယခု ကိစ္စရပ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်စာတွေကို ထုတ်ပြန်ကြေညာတဲ့အခါမှာ သေသေချာချာ လုပ်စေချင်တယ်လို့ လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ ဆေးမှူး ဦးစိုးမိုးအောင်က ပြောပါတယ်။

“တကယ်တမ်းတော့ သူတို့ ထုတ်ပြန်ထားပြီ ဆိုကတည်းက လူထုကလည်း လိုက်နာဖို့ အဆင်သင့်ပဲလေ။ တော်တေ်ာများများကလည်း လိုက်နာကြတယ်ပေါ့။ ဥပမာ……တချို့ဆိုလည်း ဆိုင်တွေ ပိတ်တာတွေ သူတို့ လိုက်နာဆောင်ရွက်ပြီးတော့ လုပ်တာတွေ ရှိတယ်ပေါ့နော။ ဒါပေမဲ့ သူတို့က တစ်ရက်ပဲ ကြာတယ် ပြန်ပယ်ဆိုတော့ ဒါကတော့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ မဖြစ်သင့်ဘူးပေါ့နော။”လို့ ပြောပါတယ်။

ကမ္ဘာနဲ့ ချီပြီးတော့ အန္တာရာယ်ရှိတဲ့အခြေအနေမှာ ထုတ်ပြန်ချက်တွေကို အစိုးရတစ်ရပ်အနေနဲ့ လေးလေးစားစား လုပ်စေချင်တယ်လို့ အကြံပြုပြောဆိုသွားပါတယ်။

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လိုအပ်လာပါက ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးစိုးမိုးအောင်က ဆက်ပြောပါတယ်။

လွိုင်ကော်တောင်ဈေးက ဆိုင်တွေပိတ်ထားတဲ့ရက်တွေမှာ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေကြတဲ့မြင်ကွင်းတခု

ကယားပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တားမြစ်မိန့်ကို ဧပြီ ၇ ရက်နေ့မှာ ပြန်လည်ပယ်ဖျက်လိုက်ပါတယ်။

တားမြစ်မိန့်ထဲတွင် ပြည်နယ်အတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါး ပစ္စည်းများ၊ ပုဂ္ဂလိက ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးရေး၊ ဘဏ် အစရှိသည့် လုပ်ငန်းများမှ လွှဲ၍ ဟိုတယ်၊ မိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ စသည့် ကျန်လုပ်ငန်းများအားလုံး ဧပြီ ၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီ ပိတ်သိမ်းရမည်ဖြစ်ပြီး ပိတ်သိမ်းခြင်း မပြုပါက ဥပဒေအရ အရေးခြင်းခံရမည် လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှုအတွက် ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကား ( ယာဉ်မောင်းအပါအဝင် ၇ ဦးထက်မပိုရ) များမှအပ ကျန်ရှိ ခရီးသည်ပို့ဆောင်ရေး၊ ဘုရားဖူး၊ အပန်းဖြေ ခရီးသွား ယာဉ်များ အားလုံး ပြည်နယ်အတွင်းသို့ ဝင်/ထွက် သွားလာခွင့်အား ယာယီပိတ်သိမ်းကြောင်း ပါဝင်ပါတယ်။

ဧပြီလ ၇ ရက်နေ့ပါ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှု စီးပွား အခန်းကဏ္ဍများ ထိခိုက်နစ်နာမှု မရှိစေရေး၊ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မလွန်ကဲစေရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားရှိပြီးသော အဆိုပါ အမိန့်ကြော်ညာစာ အမှတ် ၄ / ၂၀၂၀ အား အမိန့်အမှတ် ၆/၂၀၂၀ ဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်း ပြန်လည်ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts