spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ သင်​ကြားနိုင်​​ရန် TOT ဆရာဖြစ်​သင်​တန်​းပို့ချ

Author

Date

Category

ခူးစိုးရယ်​ဦး

ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့ ​နောင်​ယားရပ်​ကွက်​တွင်​ ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှုအဖွဲ့မှ တတိယအကြိမ်​TOT ဆရာဖြစ်​သင်​တန်​းပို့ချခဲ့သည်​။

အဆိုပါ TOT ဆရာဖြစ်​သင်​တန်​းသည်​ အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ ပြန်​လည်​သင်​​ကြားနိုင်​ရန်​ပို့ချခဲ့သော သင်တန်းဖြစ်သည်​။

“ကျွ​န်​​တော်​တို့ ကယားစာ​ပေဘာသာရပ်​ကို စွမ်​းရည်​မြင်​့တင်​​ပေးနိုင်​ရန်​အတွက်​ ​ကျောင်​းမှာ အ​ဆင်​​ပြေ​ချော​​မွေ့​အောင်​ သင်​ကြားနိုင်​ဖို့ပဲ ဖြစ်​တယ်​ဟု” ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှု ​အတွင်​း​ရေးမှူး ခူးဖဲညွန်​့ရယ်​က ​ပြောသည်​။

ယင်​း​ကျောင်​းတွင် က​လေးငယ်​​များအတွက် လက်​ဆင်​့ကမ်​းသည့်အခါတွင်​ က​လေးငယ်​​များအားလုံး ​ကောင်​း​ကောင်​းမွန်​မွန်​ရရှိသွားနိုင်​ရန်​အတွက်​ ရည်​ရွယ်​ခြင်​းလည်​းဖြစ်​သည်​။ TOT ဆရာဖြစ်သင်တန်းတက်ရောက်ခြင်း မရှိသည့်ဆရာ/မများသည် လက်တွေ့ကျောင်းတွင် ကလေးငယ်များကို ကိုင်သွယ်သင်ကြားသည့်အခါ အခက်အခဲများရှိကြောင်း ခူးဖဲညွန်​့ရယ်​က ​ဆိုပါသည်​။

အဆိုပါ TOT ဆရာဖြစ်​သင်​တန်​း တက်​​ရောက်​ခြင်​းမရှိ​သော ဆရာ/မအချို့သည်​ ​နေရာ​ဒေသချင်​းမတူ၍ ​က​လေး​တွေကို သင်​ကြားပို့ချသည်​့အခါ ကယားစကားလုံး အ​ခေါ်အ​ဝေါ် ကွဲပြားလျက်​ရှိသည်​ဟု သိရသည်​။

“သင်​တန်​းပို့ချတာ အချိန်​မ​လောက်​ဘူး၊ သူတို့အတွက်​ မပြည်​့စုံ​သေးဘူးလို့မြင်​တယ်​ သို့​ပေမယ်​့ ဆရာ/မ​ကောင်​းဖြစ်​ကြဖို့ အ​ကောင်​းဆုံးနည်​းနဲ့ က​လေး​တွေသင်​ကြား​ပေးနိုင်​မှာလို့ ​မျှော်​လင်​့တယ်​​ပေါ့”ဟု သင်​တန်​းပို့ချ​ပေးသူ ခူးဦးရယ်​ကပြောသည်​။

သင်​်​တန်​းတက်​​ရောက်​သူ ခူးပလဲရယ်​က “ကျွန်​​တော်​တို့သင်​ကြားတဲ့အခါမှ ​ပြောတဲ့စကားလုံးနဲ့ မတူကွဲပြားမှု​တွေ ကြုံ​တွေ့​နေရ​တော့ ​တော်​​တော်​​လေး ခက်​ခဲပါတယ်​”ဟု ၎င်းကပြောသည်​။

ယခင်​လတွင် TOT ဆရာဖြစ်​သင်​တန်​းကို သင်​ကြား​ပေး​ခဲ့သော သင်​တန်​းသူသင်​တန်​းသားများအား အစိုးရ​ကျောင်​းတွင်​ ၂ရ ဦး ခန်​့ထားခဲ့ပြီးဖြစ်​သည်​ဟု သိရသည်​။

၂၀၁၈ ခုနှစ်​တွင်​ အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​သင်​ကြားနိုင်​ရန်​အတွက်​ အစိုးရမှ ကယားစာ​ပေသင်​ကြားနိုင်​သည်​့ ဆရာ/မများ ထပ်​မံခန်​့ထားရန်ရှိသည်​ဟု သိရသည်​။ အဆိုပါ သင်​တန်​းကိုတက်​​ရောက်​သည်​့ လူဦး​ရေမှာ ၅ဝနီးပါးရှိပြီး သင်​တန်​းကာလသည် ၂၀၁၈ ဩဂုတ်​လ ၁ရ ​နေ့မှ ၁၉ ရက်​​နေ့အထိ ဖြစ်​ကြောင်း သိရသည်​။

spot_img
spot_img

Recent posts