spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့ ကရင်နီလူမျိုးစုတွေမှာဆိုရင် သူတို့ ယုံကြည်ရာ ရိုးရာတွေ၊ မိဘဘိုးဘွားလက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ရိုးရာ တွေကို ဒီကနေ့အထိ ရိုးရာမပျက် ပြုလုပ်နေတာတွေ ရှိပါတယ်။

လွိုင်ကော် အရှေ့ဘက်ခြမ်း တစ်နေရာမှာ တည်ရှိပြီး ဘိုးဖိုး တောင် လို့ အမည်ရတဲ့ တောင်ထိပ် ပေါ်မှာ ရွာ ၃ ရွာက ကယားလူမျိုး ဒေသခံတွေစုပြီး ပူဇော်ပွဲတစ်ခုကို ဒီကနေ့ (ဧပြီ ၂၉ရက်) မှာ ပြုလုပ်နေကြပါတယ်။

ကရင်နီနှစ်သစ်ကူးပြီးသွားတဲ့ နောက် ပထမဆုံး လကွယ်ရက်မှာ တောင်ပေါ်တက်ပြီး ရိုးရာပူဇော်ပွဲကို တစ်နှစ်တစ်ခါ ကျင်းပကြတာဖြစ်ပါတယ်။

မိုးလေဝသကောင်းမွန်ဖို့၊ သားသမီးထွန်းကားဖို့၊ တိရိစ္ဆာန် တိုးပွားဖို့ အတွက် ပူဇော်ပဿ တာဖြစ်တယ်လို့ ရပ်မိရပ်ဖ တစ်ဦးက ပူဇော်ပဿရခြင်း ရည်ရွယ်ချက်ကို ပြောပြပါတယ်။

“ ကျနော်တို့ ရိုးရာလုပ်တယ်။ တောင်တက်တယ်။ ဒီဖက်က တောင်တက်တယ်ပေါ့။ ဘိုးဖိုး တောင်လို့ခေါ်တယ်။ ဘိုးဖိုးတောင် ရဲ့ တောင်ထိပ်ထိ တက်ပြီးမှ ကောင်းမှုကုသိုလ် တက်ယူတာပေါ့။ စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းဖို့ တောင်ပေါ်မှာ သွားဆုတောင်းတာဖြစ်တယ်။ ကျေးရွာကောင်းကျိုးအတွက် ကျေးရွာ သုံးလေးရွာစုပေါင်းပြီး တောင်ထိပ်မှာ အတူတူသွား ဆုံကြတာပေါ့။ “ လို့ ပူဇော်ပွဲမှာ ပါဝင်တဲ့ ရွာမိရွာဖ တစ်ဦးဖြစ်တဲ့ ခူကလောရယ်က ဆိုပါတယ်။

ပူဇော်ပွဲ ကျင်းပဖို့အတွက် မနက်အစောကတည်းက ဒေသခံတွေက ပူဇော်ပသမယ့် နေရာကို သွားရောက် စုဝေးကြပါတယ်။ လာမယ့် စိုက်ပျိုးရာသီမှာ မိမိစိုက်ပျိုးမယ့် မျိုးစေ့တွေကို လည်း ထုတ်ပိုး ယူဆောင်လာကြပြီး နေအနည်းငယ် မြင့်တာနဲ့ ပူဇော်ပွဲ စတင်ဆောင်ရွက် ကြပါတယ်။

ပူဇော်ပသတဲ့နေရာမှာ တံခွန်တိုင် လို့ ယူဆရတဲ့ တိုင်တော်ဝန်းကျင်မှာ သပြေခက်နဲ့ မင်္ဂလာရေ ပက်ဖြန်းကြသလို ကယားရိုးရာ ကခုန်ခြင်းတွေ တာတွေ ပြုလုပ်ပါတယ်။

ယူဆောင်လာတဲ့ မုန့်၊ ထမင်း၊ ငှက်ပျောသီး စတာတွေကို ပူဇော်တဲ့ နေရာမှာ စုပုံထားကြပါတယ်။ နေအိမ်ကနေ ယူလာကြတဲ့ ကယားရိုရာခေါင်ရည်တွေကို ပူဇော်တဲ့နေရာမှာ လောင်းချ ပူဇော်တာတွေလည်း ပြုလုပ်ပါတယ်။

“ တစ်နေ့တာပဲ လုပ်ဖြစ်တယ်။ မျိုးစေ့တွေ၊ ထမင်းတွေ၊ ဟင်းတွေ ယူသွားပြီး တောင်ပေါ်မှာ ပူဇော်ပသ ပြီး ကောင်းချီးတွေတောင်းခံတယ်။ ရိုးရာမိုး (မိုးလေဝသကောင်းမွန်ဖို့၊ အစာရေပေါများကြွယ်၀ဖို့၊ တိုင်းရေးပြည်ရေးအေးချမ်းဖို့) ခေါ်တယ်။ ဒီတောင်ပေါ်တက်ပြီးရင် လယ်ထွန်စိုက်ပျိုးလို့ရပြီပေါ့။ “ လို့ ခူကလောရယ်က ဆက်ပြောပြပါတယ်။

ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်တဲ့အချိန်မှာဆိုရင် နေအိမ်ကနေ ထုတ်ပိုးလာကြတဲ့ မျိုးစေ့တွေကို ဖြန့်ထားကြပါတယ်။ လာမယ့်ရာသီမှာ မိမိ စိုက်ပျိုးမယ့် သီးနှံတွေ ကောင်းကောင်းမွန်မွန် ဖြစ်ထွန်းစေဖို့အတွက် ဖြစ်ပါတယ်။

အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ
အနာဂတ်ကောင်းမွန်ဖို့ ပြုလုပ်ကြတဲ့ ကယားလူမျိုးတို့ရဲ့ ပူဇော်ပွဲ

ဝတ်ပြုဆုတောင်းအပြီးမှာ လာရောက်တဲ့ ကျေးရွာဒေသခံတွေက မိမိယူဆောင်လာတဲ့ မျိုးစေ့တွေကို ပြန်လည်သိမ်းပြီး ခေါင်ရည်တွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန်တိုက်ပေးတာတွေ၊ ထမင်းထုပ်ဝေတာတွေ ပြုလုပ်ပြီး ပူဇော်ပသတဲ့ အစီအစဉ်ကို အဆုံးသတ်ခဲ့ကြပါတယ်။

“ ဒီရိုးရာလုပ်တဲ့အချိန်ဆို လူငယ်တွေ လိုက်လေ့လာပြီး တတ်တတ်ကြွကြွပါဝင်တာ တွေ့ရတယ်။သားသမီးတွေအတွက်၊ လူမျိုးတွေအတွက် ဒီတောင်တက်ပြီးပြီဆိုရင် အားလုံးအတွက် ပါဝင်ပြီးသားဖြစ်တယ်။ “ လို့ ခူကလောရယ်က ပြောပြပါတယ်။

အခု ပူဇော်ပသမှုတွေလုပ်တဲ့ ဘိုးဖိုးတောင်လို့ ခေါ်တဲ့ တောင်ဟာ ရှေးယခင်က ကရင်နီ စော်ဘွားတစ်ဦးဖြစ်တဲ့ ဘိုးဖိုးဒူ နားခိုနေခဲ့တဲ့ နေရာဖြစ်ပြီး သူ့နာမည်ကို အစွဲပြုပြီးတော့ ဘိုးဖိုးတောင်လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။

လက်ရှိကရင်နီပြည်မှာ နေ့စဉ်နဲ့ အမျှ စစ်မက်တွေဖြစ်ပွားနေပေမယ့် ကရင်နီလူမျိုးတွေကတော့ အထိန်းအမှတ် ရိုးရာတွေကို အစဉ်အလာမပျက် ၊ မပျက်မကွက် ပြုလုပ်နေကြပါတယ်။

spot_img
spot_img