spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

အများသုံး ဘောလုံးအားကစားကွင်း (၂)ကွင်း ကယားဒေးကွင်းအနီးတွင် ဖေါ်ထုတ်မည်

Author

Date

Category

လင်းသန့်

အခမဲ့ဝင်ရောက်ကစားနိုင်မည့် အများသုံး ဘောလုံးကွင်း ၂ ကွင်းကို လပိုင်းအတွင်း လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းအနီးတွင် အကောင်အထည်ဖေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လွိုင်ကော်မြို့အတွင်း လူငယ်များ လွယ်လင့်တကူ အချိန်မရွေး ကစားနိုင်ရန်အတွက် အားကစား ကွင်း(၂)ကွင်း ဖော်ထုတ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်မှ ညွှန်ကြားခဲ့ကာ ချက်ခြင်း အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ပြောသည်။

ဘောလုံးကွင်း ဖော်ထုတ်မည့် နေရာ (Source-ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန)

“အရင်က ကစားခဲ့တဲ့ ဘောလုံးကွင်းကလည်း အားကစားနဲ့ ကာယသိပ္ပံဘောလုံးကွင်းဖြစ်သွားတော့ အပြင်လူတွေ ဝင်ရထွက်ရတာ၊ ပေးကစားပေမယ့်လည်း မဝင်ရဲတော့ လူငယ်တွေ လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူကစားနိုင်အောင်ပါ။”ဟု ဦးကျော်ကျော်သိန်းက ပြောသည်။

လွိုင်ကော်မြို့၊ လေယာဉ်ကွင်းဘေးရှိ ပြခန်းများ ကျင်းပပြုလုပ်သည့် နေရာတွင် အကောင်အထည်ဖေါ်မည့် အဆိုပါမြေနေရာတွင် ကယားပြည်နယ်နေ့ပွဲတော်များ ကျင်းပသည့် ကာလတွင် အဆင်ပြေစေရေးအတွက် ဂိုးပေါက်များအား အလွယ်တကူဖြုတ်သိမ်းရွှေ့ပြောင်းနိုင်သည့်စနစ်များဖြင့် ပြုလုပ်ထားမည်ဖြစ်ကြောင်းဆိုသည်။

အဆိုပါဘောလုံးကွင်း (၂)ကွင်း ဖော်ထုတ်ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကျစရိတ် ၉၄ သိန်းကျော် အသုံးပြုမည်ဖြစ်သည်။ လွိုင်ကော်တွင်ရှိသည့် ဘောလုံးကွင်းများအနက် အစိုးရမှ ဖေါ်ဆောင်ထားကာ လူအများဝင်ရောက်ကစားနိုင်သော ဘော်လုံးအားကစားကွင်းအဖြစ် ဒေါဥခူရပ်ကွက်၌ ပြည်နယ်ဘောလုံးအားကစားကွင်း တစ်ကွင်းသာ ကျန်ရှိသည်။

spot_img
spot_img

Recent posts