spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အများအားထားရသည့် မိုးဗြဲဆည်ရေမခန်းစေရန် ကာကွယ်တောထိန်းသိမ်းသင့်

Author

Date

Category

မူဂျာမီလှိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ Su Ban ကာကွယ်တောမှထွက်သောရေထွက်ပေါက်သည် မိုးဗြဲနန်းဖဲချောင်းတွင်စီးဝင်ကာ ၎င်းချောင်းရေထွက်နှုန်းကောင်းမှသာ မိုးဗြဲရေကာတာတွင် ရေလှောင်နိုင်မည်ဖြစ်ပြီး ၎င်းကာကွယ်တောကို ကာကွယ်ရန်အလွန်အရေးကြီးကြောင်း ကယန်းတိုင်းရင်းရေးရာဝန်ကြီး ဦးခွန်အေးမောင်ကပြောသည်။

“Su Ban ကာကွယ်တောကို ကျွန်တော်တို့မဖြစ်ဖြစ်အောင်လုပ်မယ် ဘာဖြစ်လို့လဲဆိုတော့ ဖယ်ခုံမှာ မိုးခေါင်ရေရှားတာ ၃ နှစ်ဆက်တိုက်ဖြစ်ဖူးတယ်။ မိုးဗြဲဆည်တောင်မှ ရေမရှိတာဖြစ်ဖူးပါတယ်။ မိုးဗြဲဆည်ရေခန်းတဲ့အချိန်မှာ မိုးဗြဲဆည်အောက်မှာရှိတဲ့ ပြည်သူတွေ မစိုက်ပျိုးနိုင်တဲ့အပြင် မိုးဗြဲဆည်၊ ဖယ်ခုံအင်းမှာရှိတဲ့ သားငါးမျိုးစိပ်တွေဟာလည်း အများကြီးဆုံးရှုံးရပါတယ်” ဟု ဝန်ကြီးခွန်းအေးမောင်က ဆိုသည်။

ဇန်နဝါရီလ ၂၂ ရက် ညနေ ၆ နာရီ၊ ဖယ်ခုံမြို့ရှိ မြို့နယ်ခန်းမတွင် ကယန်းတိုင်းရင်းရေးရာဝန်ကြီး ခွန်းအေးမောင်ဦးဆောင်သော Su Ban ကာကွယ်တောကော်မတီနှင့် ဖယ်ခုံမြို့နယ် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ထိုဟောပြောပွဲတွင် ကယန်းတိုင်းရင်းရေးရာဝန်ကြီး ဦးခွန်အေးမောင်၊ ဖယ်ခုံမြို့နယ် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးတင့်ဇော်နှင့် ဖယ်ခုံမြို့ရှိ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အစိုးရဌာနဆိုင်ရားများ မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

မိုးဗြဲဆည်ကြီးမှ လောပိတရအားလျှပ်စစ်စက်ရုံသို့ ပို့လွှတ်သောရေများသည် မြန်မာတစ်နိုင်ငံလုံးကို မီးအလင်းရောင်ပေးနေသော ရေအရင်းအမြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် မိုးဗြဲရေတည်တံ့နေဖို့ရန် သစ်တောများမပြုန်းတီးအောင် လုပ်ဆောင်ရန်လိုအပ်ပေသည်။ သစ်တောများပြုန်းတီးမှုမှာ ထင်းခုတ်ခြင်းမှစတင်ကြောင်းနှင့် ထင်းများကိုအဓိကခုတ်ဖြတ်သည့် ချိန်းဇောများကို သစ်တောဌာနအနေဖြင့် စိစစ်တားဖြစ်ရန် လုပ်ဆောင်သင့်ကြောင်း ဖယ်ခုံမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်ဇော်က ပြောသည်။

“တစ်ပိုင်တစ်နိူင် ချိန်းဇောတစ်လက်က ကျွန်တော်တို့သစ်တောတစ်တောလုံးကို အပြောင်ရှင်းနိုင်တဲ့အဆင့်ရှိပါတယ်။ ခဏအတွင်းမှာ အပြောင်ရှင်းနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက သစ်တောဌာနနဲ့ Su Ban ကာကွယ်တောထိန်းသိမ်းရေး ကော်မတီတို့က ဒီချိန်းဇောကို မျက်ကွယ်ပြုလို့မရပါဘူး၊ ဥပဒေအရ မည်သို့မည်ပုံ၊ လုပ်ထုံးလုပ်နည်းအရ မည်သို့မည်ပုံဆောင်ရွက်သင့်တယ်ဆိုတဲ့ အနေအထားကိုလည်း ရှော့တိုက်တာကို ကျွန်တော်တို့တားမြစ်သကဲ့သို့ ချိန်းဇောတွေကို တားမြစ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။” ဟု ၎င်းကဆိုသည်။

Su Ban ကာကွယ်တောရှိ သစ်တောများမပြုန်းတီးစေရန်နှင့် သားကောင်များမပပျောက်အောင် တောင်သူများကို လက်ရှိတောင်ယာလုပ်ကိုင်နေသည့် ပမာဏသာလုပ်ကိုင်နေစေပြီး ထပ်မံမချဲ့ထွင်ရန် ၎င်းတို့ကိုသတ်မှတ်ပေးထားကြောင်း Su Ban ကာကွယ်တောကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သော မောင်ဘသန်းက ပြောသည်။

ထိုကာကွယ်တောကို ဖယ်ခုံမြို့နယ်နှင့်အနီးရှိ ကယန်းမျိုးနွယ်စုတို့မှ စုပေါင်းကာကွယ်ထားကြောင်း သိရသည်။

spot_img
spot_img

Recent posts