spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

အမှိုက်ကျင်းမီးငြိမ်းသတ်ဖို့ စက်ယန္တရားလိုအပ်ချက်ရှိနေ

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့ရှိ လေးမိုင်သုသာန်မှာ အမှိုက်ကျင်းမှ မီးလောင်မှုကို ငြိမ်းသတ်ရာတွင် ဘက်ဖိုးတစ်စီးသာ အသုံးပြုရသဖြင့် စက်ယန္တရားလိုအပ်နေတယ်လို့ စည်ပင်မော်တော်ယဉ်မှူးဖြစ်တဲ့ ကိုစဒိုင်းနရယ်ထံမှ သိရပါတယ်။

စုပုံနေတဲ့အမှိုက်ကို ဘက်ဖိုးဖြင့်ကော်ထုတ်ပြီး ရေဖြင့်ပက်ဖြန်းရတဲ့အတွက် လက်ရှိမှာ ဘက်ဖိုးတစ်စီးသာရှိတာကြောင်း ဆိုပါတယ်။

နေ့စဉ် လွိုင်ကော်မြို့တွင်းကနေ အမှိုက် ၁၅တန်ချိန်လောက်ထွက်နေပြီး တစ်ပတ်လျှင် ၂ကြိမ် အမှိုက်မှမီးလောင်ကြွမ်းမှုကို ငြိမ်းသတ်နေရတယ်လို့ ၎င်းကဆိုပါတယ်။

နွေရာသီရောက်ပြီဖြစ်တဲ့အတွက် အပူလွန်ကဲပြီး အငွေ့မှတဆင့် မီးလောင်ကြွမ်းတယ်လို့သိရပါတယ်။

မီးငြိမ်းဖို့အတွက် ကားလေးစီးဖြင့်ရေသယ်ပြီး ရေဂါလံ ၁၂၀၀၀ သုံးစွဲရတယ်လို့ဆိုပါတယ်။

စည်ပင်တစ်ခုတည်းသာ မီးလောင်ကြွမ်းမှုကို လာငြိမ်းရတာကြောင့် မြို့တော်သာယာလှပရေးအတွက် ပန်းပင်စိုက် ရေလောင်းရတဲ့အတွက် အခြားသူများလည်း ပူးပေါင်းဆောင်ရွက်ရင် ပိုအဆင်ပြေလိမ့်မယ်လို့ ကိုစဒိုင်းနရယ်ကဆိုပါတယ်။

“အကုန်လုံးပေါင်းစည်းပေးပြီးတော့လုပ်ပေးရင်တော့ ပိုပြီးအဆင်ပြတာပေါ့။ ဘာလို့ဆို ကျတော့တို့စည်ပင်တခုတည်းရှိတော့ ဒီမှာမီးလာငြိမ်းတဲ့အချိန် မြို့ထဲကလမ်းမှာပန်းတွေ သာယာလှပဖို့အတွက်က ပန်းတွေများကြီးစိုက်ဖို့ရှိတယ်။ အဲ့တော့ ကလေးတွေအတွက်က အဆင်မပြေဘူး ညနေပိုင်းဆို ပြန်ပြီးရေလောင်းတာ။ အဲ့တာ အခက်အခဲရှိပါတယ်”လို့ ဆိုပါတယ်။

စည်ပင်မှ သုသာန်တွင် အမှိုက်ကျင်းစောင့်သူထားရှိထားပြီး အမှိုက်လာရောက်ပစ်သူများကို စနစ်တကျပစ်ဖို့ နေရာစီမံခန့်ခွဲဖို့ထားတယ်လို့သိရတယ်။

ယခုနှစ်အတွင်း လက်ရှိအချိန်ထိ စည်ပင်မှ မီးလာရောက်ငြိမ်းပေးမှု ၁၀ကြိမ်ဝန်းကျင်လောက်ရှိပြီး ပြီးခဲ့တဲ့ ၃နှစ်အတွင်း လေးမိုင်သုသာန်မှာ ခုလို မီးလောင်ကြွမ်းမှု စတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts