spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်သေဆုံးမှု ပွင့်လင်းမြင်သာစွာ တရားစီရင်ရန် နိုင်ငံရေးအင်အားစုများ တိုက်တွန်း 

Author

Date

Category

နော်ဒွေးအယ်ခူ

အရပ်သား ၁ ဦးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP ) ၏ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် တရားမျှတမှုရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် ကယား(ကရင်)နီပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးအင်အားစုများက တောင်းဆိုလိုက်သည်။

ကယန်းအမျိုးသားပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုတို့က ဒီဇင်ဘာလ ၂ဝ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ကြေညာချက် ၁ စောင်ကို ဒီဇင်ဘာလ ၃၁ ရင်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကယန်းအမျိုးသားပါတီ၏ ပါတီဥက္ကဌ ခွန်ဘီထူးက “အဲလိုအခြေအနေရှိဖို့လိုအပ်တယ်။ ဒကစဘက်သော်လည်းကောင်း တပ်ဖက်သော်လည်းကောင်း ထုတ်ပြန်ပေး ဖို့လိုသေးတယ်။ KNPP ဘက်ကတော့ ထုတ်ပြန်နေတယ်။ ကြားနေတဲ့ အစိုးရအင်အားစုကလည်း တကယ်ပဲ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်။ အဲဒီအခြေအနေမျိုးကို ပွင့်လင်းမြင်သာမှုလို့ယူဆတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ရုပ်အလောင်းအား မီးရှို့ခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့သူများကို တရားမျှတရေးအတွက် ပွင့်လင်းမြင်သာစွာ တရားစီရင်ပေးရန်နှင့် တရားစီရင်ရေးကို အများပြည်သူသိရှိကာ နောက်ဆက်တွဲ စိုးရိမ်ကြောင့်ကျမှုများ လျော့ချနိုင်ရေးအတွက် သတင်းထုတ်ပြန်ခြင်းများအား အချိန်နှင့် တပြေးညီထုတ်ပြန်သွားရန် ကယားပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရထံသို့ အဆိုပါ ထုတ်ပြန်ကြေညာချက်က တိုက်တွန်းထားသည်။

အာဏာပိုင်များ၏ ထုတ်ပြန်ကြေညာချက်ကို KNPP ၊ သေဆုံးခဲ့သူ မိသားစုဝင်များအပါအဝင် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက တောင်းဆိုနေကြသည်။

“ဒီအစိုးရ၊ စစ်တပ်နဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ သုံးဘက်ပါဝင်တဲ့ သတင်းစာရှင်းလင်းပွဲလေးလုပ်လိုက်ရင်တော့ အားလုံးယုံကြည်မှုတိုးတက်လာမယ်လို့ ကျနော်တို့ ဒီလိုပဲ ယူဆပါတယ်။ အဲလို သုံးဖက် သုံးလှံ မျက်နှာချင်းဆိုင် ဖြေရှင်းတဲ့ပုံစံကတော့ အဓိကကျဆုံးလို့ပဲ ယူဆတယ်ပေါ့နော။”ဟု ကယားပြည်နယ်ဒီမိုကရက်တီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းနိုင်နို်င်ထွေး ပြောကြားသည်။

ပြစ်မှုကျူးလွန်သူများအား ထိရောက်သော အရေးယူခြင်းဖြင့် ဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေး၏ အနစ်သာရကို ဖေါ်ဆောင်ရမည်ဟု ဆိုသည်။

“အဲဒီ သတ်ဖြတ်မှုမှာ ပါတဲ့ တပ်သား၊ ရဲဘော်တွေ အားလုံးပေါ့ အမိန့်ပေးတဲ့သူတွေ အဆုံးထိပေါ့ ဘယ်သူတွေ အမိန့်ပေးတာလဲတော့ မသိဘူး၊ ဒါပေမဲ့ အမိန့်ပေးတဲ့ သူတွေကို ဥပဒေနဲ့ အရေးယူဆောင်ရွက်သင့်တယ် အဲလိုလုပ်ခြင်းမှပဲ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ပံ့ရာရောက်မယ်”ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်ဘီးထူက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက KNPPရဲဘော် (၃)ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးမှုကို တာဝန်ရှိသူက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ဒီဇင်ဘာ၂ဝ ရက်နေ့၌ လွိုင်ကော် ရှားတောလမ်း ပါလောင်းကျေးရွာနှင့် ဒေါတချားကျေးရွာကြားတွင်ရှိသော KNPP၏ (၇)မိုင် ယာယီဂိတ် KNPP၏ ရဲဘော်(၃)ဦးနှင့် အရပ်သားတစ်ဦးအား အစိုးရတပ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း KNPP က စွပ်စွဲထားပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှသာ တပ်မတော်ထံမှ မီးသဂြိ င်္ုလ်ထားသော သေဆုံးသူများ၏ အရိုးအိုးများကိုသာ ပြန်လည်လက်ခံရှိခဲ့ခြင်းဖြစ်သည်။

spot_img
spot_img

Recent posts