spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အလယ်ကယန်းဒေသမှာ ငါးမွေးမြူရေးကန်များ အကောင်အထည်ဖော်မည်

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ တနိုင်တပိုင်ငါးမွေးမြူရေးကန်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖယ်ခုံဂရုဏာအဖွဲ့ ငါးမွေးမြူရေးစီမံကိန်းမန်နေဂျာ ကိုဝင်းဇော်မိုးက ပြောပါ တယ်။

၎င်းက “ဒေသအရင်းအမြစ်တွေရှိတယ်။ ရေအရင်းအမြစ်တွေလည်း ရှိတယ်။ နောက်တော့ မြေတွေလည်း ရှိတယ်ပေါ့နော်။ ကိုယ်ပိုင်မြေအလွတ်တွေရှိတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘူးပေါ့နော်။ အဲ့ဒီနေရာမှာ ကျနော်တို့ ဒီတနိုင်တပိုင်လုပ်နိုင်တဲ့ ငါးမွေးမြူရေးစီမံကိန်းပေါ့နော်။ လုပ်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီဒေသမှာ ကမ္ဘာ့ငါးအဖွဲ့နဲ့ ပေါင်းပြီးတော့ အဟာရပြည့်မှီတဲ့ အစားအစာတွေရရှိဖို့နဲ့ နောက်တစ်ခုက တနိုင်တ ပိုင် မွေးမြူခြင်းအားဖြင့်ပေါ့။ မိသားစုဝင်ငွေတိုးပွားဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ လုပ်ရတာဖြစ်တယ် ပေါ့နော်” လို့ ပြောပါတယ်။

အခုလို ငါးမွေးမြူရေးစီမံကိန်းမှာ ပါဝင်နိုင်ဖို့အတွက်ဆိုရင် တကယ့်စိတ်ဝင်စားမှုရှိဖို့နဲ့ အဖွဲ့က ရွေးချယ်ထားတဲ့ စံနှုန်းအတိုင်း လိုက်နာလုပ်ဆောင်မယ့် ဒေသခံတွေကို ရွေးချယ်ထားတယ်လို့ ၎င်းကဆိုပါတယ်။

အဆိုပါ အဖွဲ့အစည်းအနေနဲ့ အလယ်ကယန်းဒေသမှာ ငါးမွေးမြူရေးကန် ၃၀ ခန့် အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ဆီမှာက စားသုံးသူတွေရှိတယ်။ ထုတ်လုပ်တဲ့သူတွေက မရှိဘူး။ အဲ့တော့ ဟင်းသည်၊ ငါးသည်ဆီ က ကျနော်တို့ ဝယ်ခြမ်းရတယ်ဆိုတဲ့အခါကျတော့ လတ်လတ်ဆတ်ဆတ်လည်းမရနိုင်ဘူး။ ပြီးတော့မှ ရေခဲစိမ်နဲ့ပဲ ကျနော်တို့ စားရတယ်။ ဝယ်စားရတဲ့အခါကျတော့လည်း မီးဖိုချောင်ထွက် ဝင်ငွေလည်းမရတဲ့အပြင် ပိုပြီးတော့ ကုန်ကျမှုများပြီးတော့မှ လတ်လတ်ဆတ်ဆတ်လဲ မစားရတော့၊ ကျနော့ဆန္ဒကတော့ ဒီမှာ ထုတ်လုပ်မယ်။ ဒီမှာမွေးမြူမယ်။” လို့ ငါးမွေးမြူရေးလုပ်ကိုင်မယ့် ဆီးဘူးကျေးရွာနေ ဦးသန်းကျော်လှက ပြောပါတယ်။

ဖယ်ခုံဂရုအဖွဲ့ကနေ ဒေသနဲ့ ကိုက်ညီတဲ့ ငါးမျိုးတွေကို အခမဲ့ထုတ်ပေးမှာဖြစ်ပြီး ပထမတစ်ဖြတ်မှာ ငါးစာပပိုးပေးမှာဖြစ်ပေမယ့် နောက်ပိုင်းမှာ ငါးစာထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေကိုပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ငါးမွေးမြူရေးကန်ကို စနစ်တကျပြုလုပ်ဖို့နဲ့ ငါးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ဖို့အတွက် အဆိုပါအဖွဲ့ကနေ နည်းပညာကျွမ်းကျင်သူတစ်ယောက်ကို ငါးမြူရေးလုပ်ကိုင်မယ့်သူတွေအတွက် အနီးကပ်ကူညီဖို့ လုပ်ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။

ကျေးရွာပိုင် ငါးမွေးမြူရေးကန်အဖြစ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်လုပ်ဆောင်နေတဲ့ နှုန်းတုံကျေးရွာက ကိုယ်စားလှယ် ခွန်းလောရိုင်းက ခုလိုပြောပါတယ်။

“ကျနော်တို့ လုပ်ထားတဲ့ မွေးကန်က အများမွေးကန်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရွာအတွင်းမှာ ရွာအတွက်အခက်ခဲ တစ်ယောက်ယောက်ကပဲ ဖြစ်ဖြစ်၊ ကျနော်တို့ ရွာအတွက် ပွဲလမ်းသဘင်ပဲဖြစ်ဖြစ်၊ လိုအပ်တဲ့နေရာမှာ။ ပြီးတော့လည်း ဒီငါးကနေ အဓိကကျတော့ ကျနော်တို့ ရောင်းထုတ်နိုင်တဲ့ ငါးတွေအတွက် ဆိုရင် ပညာရေးတွေ၊ ကျနော်တို့အတွက် လိုအပ်တဲ့ ကျန်းမာရေးလိုအပ်ချက် လိုအပ်တဲ့နေရာမှာ ပြန်သုံးနိုင်ဖို့ ကျနော်တို့ ဒီလိုမျှော်လင့်ချက်ရှိတာပေါ့နော်။”

အခုလို ငါးမွေးမြူရေးကန်ကနေ ထွက်ရှိလာတဲ့ ငါးတွေကို ဖယ်ခုံဂရုဏာအဖွဲ့က အကျိုးအမြတ်ယူမှာမဟုတ်ပဲ ၎င်းတို့ မိသားစုအတွင်း စားသုံးလိုက်တာပဲဖြစ်ဖြစ်၊ ရောင်းချလိုက်တာပဲ စာရင်းပြုစုပေးဖို့တာ တောင်းဆိုထားတယ်လို့ဆိုပါတယ်။

အလယ်ကယန်းဒေသတွင်း ငါးမွေးမြူရေးလုပ်ကိုင်မယ့်သူတွေကို စာရင်းကောက်ယူထားပြီးသလို လုပ်ငန်း အကောင်အထည်မယ့်အချိန်ကာလကိုလည်း ပြန်လည်အသိပေး သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဖယ်ခုံဂရုဏာအဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ကန်မွေးမြူရေး ကန်ပေါင်း ၁၀၂ ကန် အကောင်အထည်ဖော် ဆောင်ရွက်ပြီးသွားပြီလို့ ဆိုပါတယ်။

spot_img
spot_img

Recent posts