အလယ်ကယန်းဒေသမှာ ငါးမွေးမြူရေးကန်များ အကောင်အထည်ဖော်မည် (ရုပ်သံ)

0
412

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ တနိုင်တပိုင်ငါးမွေးမြူရေးကန်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖယ်ခုံဂရုဏာအဖွဲ့ ငါးမွေးမြူရေးစီမံကိန်းမန်နေဂျာ ကိုဝင်းဇော်မိုးက ပြောပါ တယ်။

အခုလို ငါးမွေးမြူရေးစီမံကိန်းမှာ ပါဝင်နိုင်ဖို့အတွက်ဆိုရင် တကယ့်စိတ်ဝင်စားမှုရှိဖို့နဲ့ အဖွဲ့က ရွေးချယ်ထားတဲ့ စံနှုန်းအတိုင်း လိုက်နာလုပ်ဆောင်မယ့် ဒေသခံတွေကို ရွေးချယ်ထားတယ်လို့ ၎င်းကဆိုပါတယ်။

အဆိုပါ အဖွဲ့အစည်းအနေနဲ့ အလယ်ကယန်းဒေသမှာ ငါးမွေးမြူရေးကန် ၃၀ ခန့် အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။