spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

အာဆီယံယာဉ်တန်း တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာက ရှုတ်ချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလ ၇ရက်နေ့ မနက် ၉နာရီဝန်းကျင်မှာ စစ်ရှောင်တွေကို ကူညီဖို့အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ရှိတဲ့ PNLO ရဲ့ ဆက်ဆံရေးရုံးကို သွားနေတဲ့ အာဆီယံ သံတမန်ယာဉ်တန်း ဆီဆိုင်မြို့နယ်မြောက်ဖက် နန်းဩရွာ အနီးမှာ ပစ်ခတ်ခံခဲ့ရပါတယ်။ သေနတ် အချက်ရေ ၁၀ ချက်ဝန်းကျင် ပစ်ခတ်ခံရပြီး လူထိခိုက်မှု တစ်စုံတစ်ရာတော့ မရှိခဲ့ပါဘူး။

အင်ဒိုနီးရှားသံရုံးက အရာရှိ နှစ်ဦး၊ စင်ကာပူသံရုံးက အရာရှိနှစ်ဦး၊ အာဆီယံညှိနှိုင်းရေးစင်တာ (AHA)ရုံးက တာဝန်ရှိသူတွေ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ အဆိုပါ အာဆီယံယာဉ်တန်း ပစ်ခတ်ခံရတဲ့အပေါ် အမေရိကန် ၊ အင်ဒိုနီးရှား၊ စင်္ကာပူ နိုင်ငံတွေက ရှုတ်ချကြောင်း ထုတ်ပြန်ကြတာရှိပါတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ယာဉ်တန်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်၊ ရဲအပြင် ပြည်သူ့စစ် PNA လည်း ရှိတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဖက်ကတော့ ဒီပစ်ခတ်မှုကို အကြမ်းဖက်သမားတွေ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

သံတမန်ယာဉ်တန်းမှာ ကား ၁၁စီး လာတာဖြစ်ပြီး နောက်ဆုံးကား ပစ်ခတ်နှောက်ယှက်ခံခဲ့ရတာဖြစ်ပါတယ်။ ပစ်ခတ်တဲ့ သူတွေက တောင်ယာသွားတဲ့ပုံစံနဲ့ ပအိုဝ်းဝတ်စုံတွေကို ဝတ်ထားကြပြီး ၆ယောက်လောက်ရှိတယ်လို့ PNLO ဥက္ကဌ ခွန်ဥက္ကာကို သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားမှုမှာ ဖြေဆိုထားပါတယ်။

ပစ်ခတ်မှုမှာ ထိခိုက်လိုတာမဟုတ်ပဲ တားဆီးချင်တဲ့သဘောမျိုးဖြစ်နိုင်ပြီး နားလည်မှု လွဲပြီး ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

PNLO ကတော့ ပစ်ခတ်မှု မလုပ်ဆောင်ခဲ့သလို NUGလက်အောက်က PDFတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ လုပ်ဆောင်တာမဟုတ်ဘူးလို့ အသီးသီး ပြောဆိုထားတာရှိပါတယ်။

ယာဉ်တန်းပစ်ခတ်ခံရမှု ဖြစ်စဉ်အပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)အတွင်းရေးမှူး (၁) ဒီးဒီကတော့ အခုလို သုံးသပ်ပါတယ်။

“ စစ်ကောင်စီဖက်က သူလုပ်ခိုင်းရင်တော့ တစ်ခုပဲရှိတယ်ပေါ့နော။ နံပါတ် တစ်က သူတို့ အကြမ်းဖက်အဖွဲ့အနေနဲ့ PDF တွေ လက်နက်ကိုင်အဖွဲ့အစည်းတွေ သူတို့ အမြဲတမ်းစွပ်စွဲတဲ့အတွက် အာဆီယံကို သူ(စစ်ကောင်စီ)က ပြောရင် အားရှိအောင်ပေါ့ အာဆီယံတွေကိုယ်တိုင်ကြုံရတော့ အော တော်လှန်ရေးအဖွဲ့အစည်းတွေက အကြမ်းဖက်တယ်ဆိုတဲ့ မက်ဆေ့ ပေးချင်တဲ့ဟာနဲ့ သူလုပ်တာဖြစ်နိုင်တယ်။ နံပါတ် နှစ်အချက်က သူတို့ အာဆီယံအဖွဲ့တွေကိုပေါ့ အထူးသဖြင့် စစ်ရေးပေါ့နော သူတို့ အာဏာသိမ်းပြီးလုပ်နေတဲ့အပေါ်မှာ ဖိအားအရမ်းမပေးအောင် အဲလိုပုံစံနဲ့ သူပြချင်တာဖြစ်မာပေါ့။ အာဆီယံဝင်လည်းမထူးဘူး ခံရမာပဲ ငါတို့ လုပ်စရာရှိတာလုပ်မယ်။အဲဒါကို ပြချင်တာဖြစ်နိုင်တယ်။ နံပါတ် သုံးကတော့ အဲမှာရှိတဲ့ အဖွဲ့အစည်းတွေပေါ့နော။ လက်နက်ကိုင်အဖွဲ့အစည်းကော အချင်းချင်းမကျေနပ်ချက်တွေ နဲ့ လုပ်ကြတာလို့ ကျနော် အဲ ၃ချက်ပဲ အဓိက သုံးသပ်ချင်တယ်ပေါ့နော။ “

အခုလို နိုင်ငံတကာကနေ ပြည်သူတွေကို ကူညီမှုပေးတဲ့နေရာမှာ လက်နက်ကိုင်မဟုတ်တဲ့ မြေပြင်က စစ်ရှောင်ကူညီသူတွေနဲ့ ချိတ်ဆက်သင့်တယ်လို့ ရှမ်းပြည်နယ်အတွင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ တကယ်တော့ ထိထိရောက်ရောက်ကူညီချင်တယ်ဆိုရင်တော့ ကိုယ့်လိုဂိုနဲ့ သွားစရာမလိုဘူးလေ။ တကယ့် ဒုက္ခရောက်တဲ့သူဆီရောက်ဖို့အတွက်က မြေပြင်မှာ တကယ်ကူတဲ့ လူထုတွေ ပရဟိတအဖွဲ့တွေရှိတယ်။ နေ့စဉ်နဲ့အဝ သူတို့ လုပ်ပေးနေတယ် အဲအဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ သွားတာ အကောင်းဆုံးပဲပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး သွားတဲ့ အခါကျတော့ ကြည့်ရတာ ကျနော်ထင်တယ် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မကြည်တဲ့အခါကျတော့ အဲ့ကိစ္စကိုသွားပြီးတော့ ပွတ်တိုက်မှု ဒီလိုဖြစ်တယ်လို့ပဲ အဲလိုပဲရှိမယ်ထင်တာပဲလေ။ “

ယခုလို ပစ်ခတ်ခံရမှုဟာ စစ်ဘေးရှောင်တွေကို ကူညီပေးနိုင်ရေး အစီအစဉ်ကို ဖျက်လိုဖျက်စီးပြုလုပ်ခြင်းဖြစ်သလို မြေပြင်အခြေအနေမှန်ကို အာဆီယံနိုင်ငံများမှ သိရှိသွားမှာကို စိုးရိမ်တဲ့အတွက် ဖုံးကွယ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) က မှတ်ချက်ပြုထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ရလဒ်တွေကို ထုတ်ပြန်သွားမယ်လို့ လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို အတားအဆီးမရှိ ဝင်ရောက်နိုင်စေဖို့ အပါအဝင် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားတာလည်းရှိပါတယ်။

မေလ ၉ ရက်ကနေ ၁၁ရက်အထိ ကျင်းပသွားမယ့် (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ စတင်ကျင်းပနေပြီး အင်ဒိုနီးရှားသမ္မတကလည်း ယာဉ်တန်းပစ်ခတ်ခံရမှုအပေါ် ရှုတ်ချထားပါတယ်။

spot_img
spot_img

Recent posts