spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ အားလုံးအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု ” ဆောင်ပုဒ်နဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကျင်းပပြုလုပ်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင်အရေးနေ့မှာ “ အားလုံးအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု ” ဆောင်ပုဒ်နဲ့ အခမ်းအနားတစ်ရပ်ကို ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ကယားပြည်နယ်လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားဆောင်ရွက်မှုကွန်ယက် (KEAN)က ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူထုတွေအားလုံးမှာ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်၊ သွားလာခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးကုသခွင့် စတဲ့ အခြေခံ အခွင့်အရေးတွေ ပျက်သုဉ်းနေပြီး လူ့အခွင့်အရေးကို ထုတ်ဖော်ပြောဆိုဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်လို့ KEAN မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ လူ့အခွင့်အရေးနေ့မှာ ကျနော်တို့ ကိုယ်တိုင် ဘယ်လို အခွင့်အရေးတွေ ဆုံးရှုံးနေလဲဆိုတာတွေကို ထုတ်ဖော်ပြောဆိုဖို့လိုတယ်။ ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်းအထိကို ကျနော်တို့ရဲ့ လူ့အခွင့်အရေးအခြေအနေ တွေက ဘယ်လောက်အထိ ပျက်သုဉ်းနေပြီလဲဆိုတာတွေကို ပြောဆိုဖို့လိုတယ်ပေါ့နော။ ဒါကြောင့် စိုးရိမ်မှုတွေများတဲ့ ကြားကနေ ဒီနေ့ လူ့အခွင့်အရေးနေ့ကို ကျင်းပရခြင်းဖြစ်တယ်ပေါ့နော။” လို့ KEAN မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခမ်းအနားမှာ လူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ပြောကြားခြင်း၊ လက်ရှိ ပြည်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ များပြောကြားခြင်း နဲ့ ပြည်နယ်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ထပ်မံသိမ်းယူထားသည့် ပြည်သူ့မြေယာများအကြောင်း ရှင်းလင်းတင်ပြခဲ့သလို ကလေးသူငယ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို ကရင်နီပြည်တွင်းက နေရာဒေသတချို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိ ကရင်နီပြည်မှာ အာဏာသိမ်းပြီနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အိုးအိမ်စွန့်ခွာ နေရတာ ယနေ့ထက်ထိ လူဦးရေနှစ်သိန်းကျော်ရှိနေပြီး လူ့အခွင့်အရေးများစွာချိုးဖောက် ခံနေရပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဟာ ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ အချက် ၃၀ ပါ လူ့အခွင့်အရေးကြေငြာစာတမ်းကို နိုင်ငံပေါင်း ၄၈ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts