spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

အဲဒိုပေါ်မီ ခေါ် (ဒီးကူ) ပွဲကို ကျေးရွာတစ်ချို့ အကျဥ်းချုပ်ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကရင်နီလူမျိုးများ၏ရိုးရာပွဲ အယ်ဒိုပေါ်မီ (ဒီးကူ) ပွဲကို Covid – 19 နှင့် နိုင်ငံရေးအ​ခြေအနေကြောင့် ယခုနှစ်မှာ​တော့အကျဥ်းချုပ်သာပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ( ၄ရက်မှ ၅ရက်)နေ့မှာတော့ ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာမှာ လူနည်းစုဖြင့် အဲဒိုပေါ်မီပွဲကျင်းပခဲ့ပြီး အဓိကအစိတ်အပိုင်းဖြစ်တဲ့ ကြက်ရိုးထိုးခြင်းနှင့် ဒီးကူနှင့်ခေါင်ရည်ကို နတ်စာတင်ခြင်းကိုသာ အဓိကထားဆောင်ရွက်ကာ မိမိ​ဆွေမျိုးသားချင်း မိတ်ဆွေတစ်ချို့ကိုသာ ခေါ်ဖိတ် ခေါ်ကာ ဧည့်ခံတယ်လို့ သိရပါတယ်။

ယခုလို အခြေအနေမကောင်းပေမယ့်လည်း မိမိတို့ရိုးရာကိုထိန်းသိမ်းသည့်အနေဖြင့် ဖြစ်အောင်လုပ်ရတာဖြစ်တယ်လို့ ဒေါတမငယ်ကျေးရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။

” ပြောရရင်တော့မပျော်ဘူးပေါ့ ဒီအခြေအနေနဲ့။ သူ့အချိန်နဲ့သူလုပ်ရမာပေါ့ သူ့အချိန်ရောက်တော့ မလုပ်ဘူးဆိုရင်လည်း တစ်ခုခုကျန်ခဲ့သလိုပေါ့နော်။ အဲ့လိုမျိုး အရင်နှစ်တွေနဲ့တူအောင်မလုပ်နိုင်တာလည်း အရမ်းဝမ်းနည်းရတယ်ပေါ့။ ဒါပေမဲ့ အဓိကရိုးရာထိန်းသိမ်းတဲ့အ​နေနဲ့ လုပ်ဖြစ်တယ်ပေါ့။ ” လို့ပြောပါတယ်။

ယခုလိုအခြေအနေမျိုးမှာ ဒီးကူပွဲလုပ်ဖို့ အခက်အခဲများစွာကြုံရပြီး အဲဒိုပေါ်မီပွဲပြုလုပ်ချင်ပေမယ့် ကုန်ကျစရိတ်မတတ်နိုင်တာကြောင့် တစ်ချို့မိသားစုတွေမှာတော့ ဧည့်ခံကျွေးမွေးတာတွေမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် ရပ်ဝေးရပ်နီးမှ ဧည့်သည်တွေလာရောက်လည်ပတ်ကာ စည်ကားလေ့ရှိပေမယ့် ယခုနှစ်မှာတော့ အိမ်တိုင်းစေ့မလုပ်နိုင်သလို လာရောက်လည်ပတ်ဖို့ အခက်အခဲများစွာရှိနေပါတယ်။

ရိုးရာပွဲကို အချိန် ၂ ရက်ကျင်းပရန်သတ်မှတ်ထားပေမယ့်လည်း ဧည့်သည်နည်းပါတဲ့အတွက်ကြောင့် တစ်ရက်သာ ပြုလုပ်ကြမယ်လို့လည်းသိရပါတယ်။

တိုက်ပွဲတွေကြား ပြေးလွှားနေကြချိန်ဖြစ်လို့ တချို့ရွာတွေ ရိုးရာဓလေ့ပွဲတော်ကို မပြုလုပ်နိုင်ကြပါဘူး။

spot_img
spot_img