ဦးပေါလူရဲ့ နာရေးကို လူအင်အားတစ်သောင်းဝန်းကျင်ပို့ဆောင်

0
359

အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျည်အစစ်၆ချက်ထက်မနည်း ထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတဲ့ ဦးပေါလူရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ သင်္ဂြိုလ်ခဲ့ပြီး လူအင်အား တစ်သောင်းဝန်းကျင်ပါဝင်ခဲ့ပါတယ်။ အသက်၅၀ ဝန်းကျင်ရှိတဲ့ ဦးပေါလူဟာ ဒီးမော့ဆိုမြို့ စံပြ ၆မိုင်၊ ကယောပိုင်းမှာ နေထိုင်တာဖြစ်ပြီး ဧပြီလ၂၇ရက်နေ့ မှာ ရဲနဲ့စစ်တပ်က လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပါတယ်။ ဧပြီလ ၂၇ရက်နေ့မှာ ရဲနဲ့စစ်တပ်က ဒီးမော့ဆိုမြို့ပေါ်က ပြည်သူတွေပြုလုပ်ထားတဲ့အရံအတားတွေကို လိုက်လံရှင်းလင်းနေတာဖြစ်ပြီး စံပြ၆မိုင်မှာ ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့မှာ ရဲနဲ့စစ်တပ်က အင်အားသုံးပစ်ခတ်တာ ယခုတစ်ကြိမ် ပထမဆုံးဖြစ်ပြီး ပစ်ခတ်မှုမှာ ရာဘာကျည်၄ဦးထိမှန်ပြီး ကျည်အစစ်နှစ်ဦးထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ကယားပြည်နယ်မှာ ရဲနဲ့စစ်တပ်က အင်အားသုံးရိုက်နှက်ဖမ်းဆီး၊ ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၄ဦးရှိသွားပြီဖြစ်ပါတယ်။