spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းသား ၂ ဦးထံမှ ဆိုင်ကယ်လုယက်ရိုုက်နှက်မှု တရားခံ မမိသေး

Author

Date

Category

ရိုုက်နှက်ခံရသဖြင့် ဒဏ်ရာရရှိသွား ကျောင်းသားနှစ်ဦး(ဓါတ်ပုုံ-ကျော်ပရိဘောဂFB)

မူအက်စတာ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျောင်းသားများကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃၁ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကိုးတန်းကျောင်းသားတစ်ဦးနှင့် ငါးတန်းကျောင်းသားများ ကျောင်းမှဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းတွင် လူငယ်နှစ်ဦးမှ ရိုက်နှက်ပြီးပါလာသော ဆိုင်ကယ်ကို လုယူသွားဖြစ်ကြောင်း လွိုင်ကော်မြို့မရဲစခန်း၏ ရဲမှတ်တမ်းက ဆိုုသည်။

ရိုက်နှက်ခံရသည့် ၉တန်းကျောင်းသား မောင်ဝေထွဋ်မှာ ဝဲဘက်မျက်လုံးဖူးယောင်ဒဏ်ရာ၊ ဝဲနားထင်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်နဖူး ဖူးယောင်ဒဏ်ရာဖြင့် လွိုင်ကော်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ﴿အဖြစ် ဆေးကုသလျှက်ရှိသည်။
 
၅ တန်ကျောင်းသား မောင်ဝေယံဟိန်းမှာ ဦးခေါင်းနှောက်စေ့ ဖူးယောင်ဒဏ်ရာ ပြင်းထန်သဖြင့် နေပြည်တော်သို့ ပို့ဆောင်ကုသပေးနေရသည်။

ကျောင်းသားနှစ်ဦးလုံးမှာ အ.ထ.က(၄﴿၊ မိုင်းလုံး၊ အုပ်စု(၉﴿၊ နမ့်ဘော်ဝမ် (ရှမ်း﴿ရပ်ကွက်၊ လွိုင်ကော်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့မရဲစခနခန်းမှ ပုဒ်မ ၁၇၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ် ၃၉၄ဖြင့်အမှုဖွင့် အရေးယူမည်ဖြစ်ပြီး ယခုချိန်ထိ တရားခံကိုမဖမ်းမိသေးကြောင်း သိရသည်။

spot_img
spot_img

Recent posts