spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းသား ၆၁ ဦး အစာအဆိပ်သင့်ရာမှ၂၄ဦး ဆေးကုသမှုခံယူနေ

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ စိန်ဂျိုးဇက်ဘော်ဒါဆောင်မှ အဆောင်နေ ကျောင်းသားများ နံနက်စာ စားအပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောင်းသား(၇၀) ဦးရှိသည့်အနက် ၆၁ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ၂၄ဦးမှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း လိုက်ပါကူညီဆောင်ရွက်နေသူ မအိက ပြောသည်။

“တောင်ပေါ်ကထွက်တဲ့ မျှစ်ကိုစားတယ် မျှစ်ကြောင့်ရယ်လို့တော့မဟုတ်ဘူး အခုက ရာသီဥတုက အပြောင်းအလဲနဲ့ဆိုတော့ မျှစ်စားပြီးတော့မှ ဖြစ်ကြတာပေါ့။ မနက်(၇)နာရီက မနက်စာစားတယ်။ ကျောင်းမသွားခင်မူးတယ်လို့ပြောတယ် ဒါပေမယ့် sister က အဲလောက်ထိ ဖြစ်မယ်လို့မထင်တော့ မဟာဖြေဆေးတွေ တိုက်တယ် အကုန်လုံးပေါ့။ မူးတော့မူးကြတယ် ဒါပေမယ့် sister ကလည်း အရမ်းဖြစ်မယ်မထင်လို့ မဟာဖြေဆေးတိုက်ပြီး ကျောင်းသွားခိုင်းတယ်။ ကျောင်းသွားတော့ တော်တော်များများက မူးလာကြတယ်။ တချို့ကလေးတွေဆိုရင် ခွေခေါက်ပြီး လဲကျသွားတယ် အချင်းချင်းတွဲပြန်လာကြတယ် အဆောင်ပြန်လာကြတယ်။ ကျောင်းကဆရာမတွေကလည်း အကုန်လုံးစိတ်ချရအောင်ဆိုပြီး အကုန်လုံး အဆောင်ကို ပြန်လွှတ်လိုက်တယ်ပေါ့။” ဟု မအိက ပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုဖြစ်စဉ်သည် စိန်ဂျိုးဇက်ဘော်ဒါဆောင်တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့ကြောင်းပြောပါသည်။

ဆေးရုံးရောက်နေသည့်လူနာများ၏ အခြေအနေများကို သိရှိနိုင်ရန် သွားရောက်စုံစမ်းခဲ့သော်လည်း တာဝန်ရှိသူ ဆေးရုံအုပ်မှ မရှိသဖြင့် အင်တာဗျူးမရနိုင်ခဲ့ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် ဗို်လ်ချုပ်အောင်ဆန်း၏ (၁၀၄)နှစ်မြောက် နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကျွေးမွေးခဲ့သည့် အစားအသောက်စားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားသူ ၈၅ ဦး ရှိခဲ့သည်။

spot_img
spot_img

Recent posts