spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကျေးရွာဖွံ့ဖြိုးရေးအတွက် သီးနှံဈေးကွက်ဖေါ်ဆောင်ပေးရန် အများဆုံး အဆိုပြုတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
ကျေးရွာလူထုကိုယ်တိုင်ဖော်ထုတ်ထားတဲ့ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်တွေထဲမှာ သီးနှံဈေးကွက်ဖေါ်ဆောင်ပေးဖို့ အများဆုံး တောင်းဆိုထားကြပါတယ်။
အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးမှု လုံးဝမရှိသေးတဲ့ အဆိုပြုချက်တွေထဲမှာ  သီးနှံဈေးကွက်ဖေါ်ဆောင်ပေးဖို့ တောင်းဆိုမှုက အများဆုံး ကျန်ရှိနေတာပါ။
ဒီအချက်အလက်တွေကို မေလ ၂၂ ရက်နေ့ ဒီးမော့ဆိုမြို့ စိန်ဂျိုးစက်ဘုရားကျောင်းခန်းမေဆာင်မှာ ကျင်းပတဲ့ လူထုဗဟိုပြုစီမံကိန်းကလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ သိရပါတယ်။
လာမည့် ဘတ်ဂျက်နှစ်တိုင်းနှစ်တိုင်းမှာ ထည့်သွင်းအကောင်အထည်ဖေါ်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ အစိုးရထံ တောင်းဆိုမှုတွေ ရှိလာပါပြီ။
ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေရဲ့ လူထုဗဟိုပြုစီမံကိန်း အဖွဲ့အစည်းဆီကို အဆိုပြုကဏ္ဍတွေထဲမှာ အကောင်အထည်မဖော်နိုင်တဲ့ ဒုတိယအဆိုတွေက စိုက်ပျိုးရေး ၊ မွေးမြူရေးပဲဖြစ်ပါတယ်။
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေ ရေရှည်ဖော်ဆောင်နိုင်ဖို့ VDP (Village Development Plan) ဆိုတဲ့ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်တွေထဲမှာ ဒေသခံတွေ အဆိုပြုထားတဲ့ အချက်တွေအားလုံး လူထုဗဟိုပြုစီမံကိန်းကနေပြီး မဆောင်ရွက်ပေးနိုင်သေးပါဘူး။
ဒါဟာ လူထုဗဟိုပြုစီမံကိန်းရဲ့ ဦးတည်ရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့ ဝန်ဆောင်မှုကဏ္ဍလိုမျိုးဆို အကောင်အထည်ဖေါ်ဖို့ အဆင်မပြေဖြစ်နေတယ်လို့ ပြည်ထောင်စုအဆင့် VDP တာဝန်ခံ ဦးဇင်ကိုအောင်က ပြောပါတယ်။
“ပညာရေးဆိုရင်လည်း ကျွန်တော်တို့ပညာရေး အဆောက်အဦးတွေကိုပဲ ဆောက်ပေးလို့ရမယ်၊ ပညာရေးနဲ့ပတ်သက်တဲ့ ဆရာ/မလိုအပ်ရေးတို့ ပညာရေးအဆင့်မြှင့်တင်ပေးရေးတို့တော့ ကျွန်တော်တို့ စီမံကိန်းနဲ့ အကျုံးမဝင်ဘူးဖြစ်နေတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ ဝင်ငွေရရှိရေးနဲ့ အသက်မွေးဝမ်းကြောင်းကဏ္ဍတို့က ကျွန်တော်တို့စီမံကိန်းနဲ့ အကျုံးမဝင်လို့ မလုပ်ပေးနိုင်ဘူးဖြစ်နေတယ်။”လို့ သူက ပြောပါတယ်။
အဆိုပြုတောင်းဆိုထားတဲ့ အချက်အလက်တွေထဲက လူထုဗဟိုပြုစီမံကိန်းကနေပြီး အားလုံးမဆောင်ရွက်နိုင် တဲ့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ ဘတ်ဂျတ်နှစ်စဉ်နှစ်တိုင်း ထည့်သွင်းရေးဆွဲနိုင်ဖို့ မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းတဲ့ အစည်းအဝေးကို သူတို့ ပြုလုပ်နေတာဖြစ်ပါတယ်။
ကျေးရွာကနေ အဆိုပြုထားတဲ့ထဲက လူထုဗဟိုပြုစီမံကိန်းအနေနဲ့ လုံးဝဆောင်ရွက်ပြီးစီးမှု မရှိသေးတဲ့ ကဏ္ဍတွေထဲမှာ သီးနှံဈေးကွက်ဖေါ်ဆောင်ရေးကဏ္ဍအြပင် အလုပ်အကိုင်အခွင့်အလမ်း၊ စိုက်ပျိုးရေး ၊ မွေးမြူရေးကဏ္ဍနှင့် ဒေသထွက်အသက်မွေးဝမ်းကြောင်းဆိုင်ရာကဏ္ဍ ၊ ကျန်းမာရေးကဏ္ဍ ၊ ငွေစုငွေချေးကဏ္ဍ ၊ ဆက်သွယ်ရေးကဏ္ဍ စတာတွေလည်း ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။
လူထုကနေ တင်ပြလာတဲ့ အဆိုပြုအချက်တွေထဲက တခြား ကျန်းမာရေးကဏ္ဍမှာဆိုရင်လည်း ဆောင်ရွက်ပေးဖို့ အခက်အခဲရှိနေတယ်လို  ဒီးမော့ဆိုမြို့နယ် ကျန်းမာရေးမှူး ကိုစိုင်းဝေဦးက ဆိုပါတယ်။
“သားဖွားဆရာမတစ်ယောက်က ခွင့်ယူထားတယ်ဆိုရင် အစားထိုးဖို့လူမရှိတော့ ကျွန်တော်တို့အတွက် အခက်အခဲရှိပါတယ်။ ဒါပေမယ့် တခြားကျေးလက်ဆရာမတွေက ကူပေးတာတော့ ရှိတယ်။ ဒါပေမယ့် အဲ့ဒီကျေးလက်ကျန်းမာရေးဌာနက သားဖွားဆရာမနှစ်ယောက်က ခွင့်ယူလိုက်ပြီဆိုရင် ခွင့်ယူတာများပြီဆိုရင် ဒီလုပ်ငန်းလည်ပတ်ရေးက နည်းသွားတယ် အခက်အခဲဖြစ်သွားတယ်ပေါ့။”
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ကမ္ဘာ့ဘဏ်ရဲ့ အထောက်အပံ့နဲ့ လူထုဗဟိုပြုစီမံကိန်းက မြို့နယ်အလိုက် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်တွေ ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေး VDP အလုပ်ရုံ ဆွေးနွေးပွဲတွေ ကယားပြည်နယ်မှာ မြို့နယ်တော်တော်များများမှာ ပြုလုပ်နေတာဖြစ်ပါတယ်။
spot_img
spot_img

Recent posts