spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

တောင်သူများအဓိက အသုံးပြုနေသည့်တံတား ပြိုကျမည်ကို စိုးရိမ်နေကြ

Author

Date

Category

မူဂျာမီလှိုင်

တောင်သူများနှင့် ကုန်တင်ကားများ အဓိကအသုံးပြုနေသည့် တံတားသည် ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျမည်ကို ဒေသခံများစိုးရိမ်လျှက်ရှိနေသည်။

“မိုးတစ်ခေါက် နှစ်ခေါက်သာ ထပ်ရွာရင် ပြိုမှာသေချာတယ်” ဟု နားဟီးကျေးရွာဒေသခံ ဦးကျော်သန်းက ဆိုသည်။

ဖယ်ခုံမြို့နယ်အရှေ့ဘက်ရှိ နားဟီးကျေးရွာအုပ်စု၊ နားကုန်းကျေးရွာနှင့် အရှေ့ကာလကျေးရွာချင်းဆက် တံတားသည် ဆောက်လုပ်သည့်အချိန်တွင် အောက်ခြေကို  သေသေချာချာ မဆောက်လုပ်သဖြင့်  လွန်ခဲ့သောရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“စံချိန်စံညွှန်းမပြည့်မှီဘူး နည်းစနစ်မမှန်ဘူးလို့ ပြောရမှာပေါ့ တံတားဆိုတာ အောက်ခြေကွန်ကရစ်ကောင်းမှလေ” ဟုဒေသခံ ဦးကျော်သန်းက ဆိုသည်။

ထိုတံတားသည် အုံတိုင်းရွာ၊ လွယ်စေတီ၊ အရှေ့ကာလ နှင့် နားကုန်းရွာများအဓိက အသုံးပြုပြီး ညောင်ရွှေ မြို့သို့သွားသည့် ကုန်တင်ကားများနှင့် တခြားရွာပေါင်း ၁ဝ ရွာလည်း ထိုတံတားကို အဓိက အသုံးပြုနေသည်ဟု သိရသည်။

ထို့ကြောင့် တံတားပြိုကျလျှင် ၎င်းတို့ဒေသခံနှင့် အခြားတံတားအသုံးပြုသူများ စီးပွားရေးနှင့် ဆက်သွယ်ရေးများကို ခက်ခဲသွားစေနိုင်မည်ဖြစ်ကြောင်း နားကုန်းကျေးရွာနေ ဦးစိုင်းလိတ်က ပြောသည်။

“ဘယ်မှသွားလို့မရ အရမ်းခက်ခဲမှာပေါ့ လမ်းလွှဲလည်းမရှိတော့ ပိုခက်ခဲတာပေါ့” ဟု ၎င်းက ပြောသည်။

ဒေသခံများ တောင်ယာ၊ လယ်ယာသွားသည့်အချိန်တွင်လည်း ၎င်းတံတားကို ဖြတ်ကူးအသုံးပြုနေသည်။ ဖြတ်သန်းသွားလာချိန် အချိန်မရွေးပြိုသွားနိုင်သာ့်အတွက် စိုးရိမ်နေရကြောင်း ဒေသခံတောင်သူတစ်ဦးက ဆိုသည်။ “တံတားပေါ်မှာ ရောက်သွားချိန်ဆို ကျွံသွားမှာကို ကြောက်တာပေါ့။ အောက်မှာ ကျောက်ခဲတွေဘဲ ရှိတာလေ” ဟုဆိုသည်။ လမ်းလွှဲလည်း မရှိသဖြင့် ထိုတံတားကိုဘဲ ဆက်သုံးနေရသည်ဟု ဆိုကြသည်။

လက်ရှိတွင် တံတားနှင့်ပတ်သက်သည့် ဒေတာအချက်အလက်များကို စုစည်းပြီး တင်ပြနိုင်ရန် အုပ်စုအုပ်ချုပ်ရေးမှူးဦးလှမြင့်မှ စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ယခုတံတားကို ၂၀၁၂-၁၃ခုနှစ်တွင် ကယန်းတိုင်းရင်းသားဝန်ကြီးဟောင်း ဦးလောရိန်းနှင့် န.တ.လတို့မှ ပူးပေါင်းဆောက်လုပ်သွားခဲ့ကြောင်း သိရသည်။

တံတား အရှည်မှာ ၃၆ပေဖြစ်ပြီး အကျယ်မှာ ၁၄ပေရှိကြောင်း သိရသည်။

spot_img
spot_img

Recent posts