spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တောင်သူတွေရဲ့ ပဲစင်းငုံကို အစိုးရက ဝယ်ယူပေးနိုင်ဖို့ စီစဉ်နေ

Author

Date

Category

ကနာ္တရဝတီတိုင်း(မ်)
 
မြန်မာနိုင်ငံနဲ့ အနိ္ဒယ နိုင်ငံတို့အကြား ပဲဝယ်ယူရေးစာချုပ် ပျက်ပြယ်သွားတဲ့နောက်ပိုင်း ဒေသထွက်ပဲတွေ ဈေးမရရှိတဲ့အတွက် မတ်ပဲ နဲ့ ပဲတီစိမ်းအပြင် ပဲစင်းငုံ ကို အစိုးရဖက်က ငွေကြေးစိုက်ထုတ်ပြီး ဝယ်ယူပေးဖို့ စီစဉ်နေတယ်လို့ ကယားပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
 
ကယားပြည်နယ်အစိုးရအနေနဲ့ ဒီဒေသမှာ အဓိက ထွက်ရှိလာမယ့် ပဲစင်းငုံကို ဝယ်ယူ သိုလှောင်ထားနိုင်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
 
ဦးခမ်လျန်စွမ်း (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

“ဒါ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြစ်ခဲ့တဲ့ ပြသာနာပေါ့ ဆိုတော့ ဒါ ကျနော့်တို့ ကယားပြည်နယ်အနေနဲ့ ဒါနှစ်မျိူးကတော့ မတ်ပဲကတော့ ကယားပြည်နယ်မှာတော့ မစိုက်ဘူး ပဲတီစိမ်းက ပြီးခဲ့တဲ့ရာသီမှာ ထွက်သွားပြီ ဒါကတော့ လွတ်သွားပြီပေါ့ အခုက လာမဲ့ တလနှစ်လဆို ပဲစင်းငုံက ထွက်တော့မယ် ပဲစင်းငုံ ပြည်နယ်အနေနဲ့ ဒါက ဂယက်ထသွားမှာပဲ ဒါပြင်ဆင်တာပေါ့နော”လို့ သူက ပြောပါတယ်။

 
ကယားပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြင့်တင်ရေးလုပ်ငန်းအဖွဲ့ကကယား(ကရင်နီ)ပြည်နယ် ထွက် ပဲစင်းငုံကို ဝယ်ယူပေးဖို့ နဲ့ သိုလှောင်ဖို့နေရာတွေကို စီစဉ်ပေးနိုင်ဖို့ ဆုံးဖြတ်ချက်တွေကို ချထားတာရှိတယ်လို့လည်းဆိုပါတယ်။
 
“စားသုံးသူရဲ့ ဦးစီးဌာနက ဂိုဒေါင်အနေနဲ့ ကျနော်တို့ ထားလို့ရတယ် တလုံးတော့ ရှိတယ် အဲ့တစ်လုံးတောင်မှ ကျနော်တို့ ပြင်ဆင်ရမယ် ပြင်ဆင်ဖို့တော့ ကျနော်တို့ တင်ပြပြီး တန် ၇၀ဝ ပဲ ဆန့်မှာပေါ့နော် ဆိုတော့ အဲ့မှာ ဘာဆုံးဖြတ်လဲဆိုတော့ တန် ၇၀ဝ ဘဲ ဝယ်ဖို့ပေါ့နော် ဒါ ကျနော့်တို့ ပြည်နယ်အနေနဲ့ ဝယ်ဖို့ မဖြစ်မနေဝယ်မယ်ဆိုရင် တန် ၇၀ဝ လောက်ဘဲ ဒါကျနေ်ာတို့ ကန့်သတ်ထားတာ အဖြေတစ်ခုပေါ့”လို့ ဦးခမ်လျန်စွမ်းက ဆိုပါတယ်။
 
စားသုံးသူရေးရာဦးစီးဌာနက တောင်သူတွေဆီက ရတဲ့ ပဲစင်းငုံ စိုက်ဧကအပေါ်မူတည်ပြီး တွက်ချက်ရာမှာ ပဲစင်းငုံတန်ချိန် ၂၅ဝ ဝန်းကျင်သာထွက်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တောင်သူတွေ တကယ်တမ်း စိုက်ထားတဲ့ ဧက ဟာ ဒီထက်များနိုင်တာဖြစ်လို့ ပဲစင်းငုံ ထွက်မယ့်တန်ချိန်ဟာလည်း ပိုများနိုင်တယ်လို့ ဦးခမ်လျန်စွမ်းကဆိုပါတယ်။
 
အစိုးရက ဝယ်ယူမယ်လို့ဆိုထားပေမဲ့ ဝယ်ယူမယ့်ဈေးနှုန်းကိုတော့ မသတ်မှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။
 
“ဈေးနှုန်းအနေနဲ့ကျတာ့ အချိန်တန်ရင် ကြေငြာမှာပါ။ တကယ် ဝယ်မယ်ဆိုရင် တကယ်ဝယ်မယ့် အချိန်အခါတွေကျတော့ ဒါ မီဒီယာဆိုင်းကရော ကြော်ငြာတင်ပုန်းရော ကျနော်တို့ အားလုံးကြော်ငြာပြီး တင်ပြပေးသွားမှာပါ ခုလောလောဆယ်တော့ ဈေးနှုန်းတော့ မပြောပါစေနဲ့အုန်း” ယခင်နှစ်လက်ကျန် ပဲစင်ငုံရဲ့ အရောင်းဈေးက တပိဿာ ၃၀ဝ ဝန်းကျင်သာရှိနေပြီးတော့ လက်ရှိမှာ ဝယ်ယူမယ့်သူတွေ မရှိဘူးသေးဘူးလို့ လောပိတတောင်သူတဦးကဆိုပါတယ်။
 
ကယား(ကရင်နီ) ပြည်နယ်မှာ ပဲစင်းငုံတွေကို လောပိတ၊ လွိုင်လင်၊ ထီးစဲခါးဖက်ကတောင်သူတွေ ကအများဆုံးစိုက်ပျိုးကြတယ်လို့သိရပါတယ်။
spot_img
spot_img

Recent posts