spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တော်ခူရွာဟောင်းကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်

Author

Date

Category

ထျိုးမြာ

ဖရူဆိုမြို့နယ် ၊ တော်ခူရွာဟောင်းနှင့် ၎င်းနှင့်နီးစပ်ရာအနီးတစ်ဝိုက်ရှိ တိုင်းရင်းသားပြည်သူလူများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပိုပြီးဆောင်ရွက်ပေးနိင်ရန်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲထက် ပို၍ အဆင့်မြင့်သော တော်ခူရွာဟောင်း ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာများပါဝင်မည့် စံပြကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန် တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောသည်။

ဇူလှိုင်လ ၂ဝ ရက်နေ့မှ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် ဖရူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က တော်ခူရွာဟောင်းကျေးရွာတွင် စံကိုက်ကျေးလက်ကျန်းမာရေးဌာနခွဲတစ်လုံးကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန်အဆိုကို ကယားပြည်နယ်လွှတ်တော်သို့တင်သွင်းရာတွင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

“ရှင်းရှင်းပြောရရင် ကျနော်အဆိုတင်ထားတာက သူတို့စီစဉ်ထားတာထက် ပိုနိမ့်တယ်ပေါ့နော။ ဆိုတော့ ကျနော်အဆိုတင်သွင်းထားတာထက် ပိုအဆင့်မြင့်တဲ့ အစီအစဉ်ရှိတယ်ဆိုရင်တော့ ကျနော်အဆိုကိုပြန်ရုပ်သိမ်းမယ်ဆိုပြီးတော့ ကျနော်ပြန်ရုပ်သိမ်းထားတယ်ပေါ့နော” ဟု ဦးသဲရယ်ကပြောပါသည်။

ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ တော်ခူဟောင်းကျေးရွာသည် ဖရူဆိုမြို့နှင့် မိုင်ပေါင်း ၂၄ မိုင်ခန့်ကွာဝေးပြီး လမ်းအတက်အဆင်းများသော ရွာတစ်ရွာဖြစ်သည့်အပြင် အနီးဆုံးကျေးလက်ကျန်းမာရေးဌာနနှင့် ၈ မိုင်ခန့်ကွာဝေးလျက်ရှိသောရွာတစ်ရွာဖြစ်ကြောင်းသိရသည်။

အိ်မ်ခြေပေါင်း ၆၅ အိမ်ရှိပြီး လူဦးရေ ၄၂၈ ဦးနေထိုင်သော ရွာတစ်ရွာလည်းဖြစ်ပြီး ထိုကျေးရွာသည် ဖရူဆိုမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် သော်လည်ကောင်း ကျေးလက်ကျန်းမာရေးဌာနနှင့်သော်လည်းကောင်း အလှမ်းဝေးသဖြင့် အရေးပေါ်ကျန်းမာရေးကုသမှုနှင့် ကြုံတွေလာသည့်အခါ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် အချိန်မှီသွားရောက်ကုသနိုင်ရန် အခက်အခဲများစွာရှိနေခြင်းအတွက် ကျေးရွာပြည်သူများမှ ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် တော်ခူဟောင်းကျေးရွာတွင် စံကိုက်ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်လုံးတည်ဆောက်ပေးနိုင်ပါရန် ဒေသခံပြည်သူများက တောင်းဆိုလာခြင်းဖြစ်ကြောင်း ဦးသဲရယ်က ပြောသည်။

တိုင်းရင်းသားပြည်သူလူထုများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာဦးစီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနများ ဝန်ထမ်းအိမ်ယာများအပါအဝင် စံကိုက်ဆောင်လုပ်ပေးလျှက် ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာန ၉ ခုနှင့် ကျေးလက်ကျန်းမားရေးဌာနခွဲ ၉ ခု တို့ကို ပြည်ထောင်စုဘတ်ဂျက်နှင့် တည်ဆောက်ပေးရန် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts