spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ထောက်ခံချက်မရှိသော ရေသန့်တံဆိပ်အချို့ ပြည်သူများအကြားဖြန့်ဖြူးလျက်ရှိ

Author

Date

Category

စိုင်းလင်းလင်းဦး

ကယား(ကရင်နီ) ပြည်နယ်အတွင်း ဖြန့်ဖြူးလျှက်ရှိသော သောက်ရေသန့်တံဆိပ် အမျိုးအမျိုးအနက် ထောက်ခံချက်မရှိသော ရေသန့်အမှတ်တံဆိပ်အချို့မှာ စားသုံးသူပြည်သူများအကြား ဖြန့်ဖြူးရောင်းချလျှက်ရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးအရာရှိ ဒေါက်တာစုသီရီနှင်းက ပြောသည်။

“ဖြန့်ဖြူးခွင့်မရှိဘူး။ ထောက်ခံချက်မရှိလို့ရှိရင် ဖြန့်ဖြူးလို့မရဘူး။ ဒီမှာ လက်တလောကတော့ ထောက်ခံချက်ထုတ်ထားပေးတာ ၄ ခု” ဟု ဒေါက်တာစုသီရီနှင်းက ပြောသည်။

ထောက်ခံချက်မရှိသော ဈေးကွက်၌ ဖြန့်ဖြူးလျှက်သည့် သောက်ရေသန့်အမှတ်တံဆိပ်များကို အရေးယူရန် ကယားပြည်နယ် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်းနှင့် သတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီမှုမရှိပါက အစည်းအဝေးခေါ်ယူ စုံစမ်းစစ်ဆေးပြီးမှသာ ဆုံးဖြတ်မည်ဟု ဆိုပါသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိဘဲ ရေသန့်စက်မှထုတ်လုပ်သော ရေသန့်များကို မသောက်သုံးရန် ကယားပြည်နယ်စားသုံးသူ အငြင်းပွာမှု ဖြေရှင်းရေးကော်မတီမှ သိရသည်။

ထိုသို့ဖြန့်ဖြူးလျှက်ရှိသော သောက်ရေသန့်များအနက် အချို့မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိရန် လျှောက်ထားဆဲနှင့် စစ်ဆေးဆဲ အဆင့်သာရှိနေခြင်းဖြစ်ပြီး ထောက်ခံချက် မရရှိသေးသည့်အချိန်ကာလအတွင်း ခွင့်ပြုချက်မရှိဘဲ ဈေးကွက်သို့ ရောင်းချနေခြင်းဖြစ်ကြောင်း ကယားပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးကော်မတီကမှ သိရသည်။

စားသုံများအနေဖြင့် မိမိတို့စားသုံးရန်မသင့်ဟု သံသယရှိနေသော သောက်ရေသန့် အမှတ်တံဆိပ်များအပါအဝင် စားသောက်ကုန်ပစ္စည်းများကို ဈေးကွက်တွင် တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူထံနှင့် ကယားပြည်နယ်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီထံသို့ တိုင်းကြားနိုင်ကြောင်း ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်းလျန်စွမ်းက ပြောသည်။

“ဒီအဖွဲ့တွေကိုပဲ ပြန်ပြီးတော့ သတင်းပို့ပါ။ စစ်ဆေးရင်လည်း ဒီအဖွဲ့ခေါ် ဒီအဖွဲ့ကို သတင်းပို့ ဒီအဖွဲ့ကနေပြီးတော့ ထိုက်သင့်တဲ့ ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူမယ်။ အဲ့ဒါကိုပြောတာ။ အရေးယူမှလည်း ရတော့မယ်။ အခု မရောင်းနဲ့ဆိုတာလည်း ရောင်းတာပဲ။ ကျနော်တို့ ပြည်သူတွေ တကယ်တမ်းကျတော့ အစားအသောက်တွေက အရမ်းအန္တရာယ်များတယ်။” ဦးခမ်းလျန်စွမ်းက ပြောသည်။

ကယားပြည်နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးသော သောက်ရေသန့်အမှတ်တံဆိပ်များအနက် အမှတ်တံဆိပ် ၄ ခုသာ FDA တွင် တရားဝင်မှတ်ပုံတင်ထားကြောင်း သိရသည်။ ၎င်းတို့မှာ ငွေတောင်၊ ရွှေကယား၊ လွိုင်ဝတီ၊ ရတနာမိုဃ်း ဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိရန်အတွက် လျှောက်ထားသော အမှတ်တံဆိပ်အဖြင့် Owner၊ ကန္ဒာရဝတီ၊ ဖါးဆောင်း အမှတ်တံဆိပ်၏ ကုန်ပစ္စည်းအရည်အသွေးကို စစ်ဆေးနေဆဲ ဖြစ်ပြီး DMS၊ စိမ့်စမ်းမိုး အမှတ်တံဆိပ်တို့မှာ ထောက်ခံချက်ရရှိရန် လျှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။

 

spot_img
spot_img

Recent posts