spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒေသထွက်ကုန်များ ဈေးကွက်ဝင်နိုင်ရန် အမြင်ဖွင့်သင်တန်းပေး

Author

Date

Category

မူဂျာမီလှိုင်

မိမိတို့ဒေသထွက်ကုန်များကို ဈေးကွက်အတွင်းသို့ မည်သည့်ပုံစံများဖြင့် ဝင်ဆံ့နိုင်အောင် ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ဒေသဆိ်ုင်ရာ စီးပွားရေးအမြင်ဖွင့်သင်တန်းတစ်ရပ်ကို ဖယ်ခုံမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

“အဓိကက​တော့ ဒီ​ဒေသအလိုက်​ထွက်​ကုန်​​တွေရှိတယ်​ ဒီထွက်​ကုန်​​တွေကို ​ဈေးကွက်​ထဲဘယ်​လို​ရောက်​​အောင်​စဉ်​းစားတဲ့​နေရာမှာ စီးပွား​ရေးဆန်​ဆန်​စဉ်​းစားတတ်​ဖို့အတွက်​၊ စီးပွား​ရေးလုပ်​တဲ့အခါမှာ သဘာဝပတ်​ဝန်​းကျင်​ကို ဘယ်​လိုနည်​းနဲ့ထိခိုက်​​နေလဲ၊ ဘယ်​လိုနည်​းနဲ့ကာကွယ်​သင်​့သလဲဆိုတာကို အဓိက​ပေးချင်​တဲ့ရည်​ရွယ်​ချက်​​ပေါ့” ဟု သင်တန်းဆရာ ဘုန်းမြင့်ကပြောသည်​။

​ဒေသဆိုင်​ရာ စီးပွား​ရေးအမြင်​ဖွင်​့သင်​တန်​း​ပေးခြင်​းအားဖြင့်လည်​း ၎င်းတို့၏​ ဒေသထွက်​ကုန်​တန်​ဖိုးကိုပိုမိုသိရှိပြီး တစ်ပိုင်​တစ်​နိုင်​စီးပွား​ရေးလုပ်​ငန်​းကို လုပ်​ကိုင်​ရာတွင်​လည်​း မည်​သို့မည်​ပုံ​ဆောင်​ရွက်​ရမည်​ကိုပိုမိုသိရှိ​လာကြောင်​း သင်​တန်​းသားတစ်​ဦးကဆိုသည်​။

“သူတို့ဒီလိုသင်​တန်​း​တွေ​ပေး​တော့ ​ကောင်​းတယ်​။ ကျွန်​​တော်​တို့လည်​းပိုသိရတာပေါ့” ဟု ဦး​လေအိုးနယ်​ကပြောသည်​။

ရှမ်​းပြည်​​တောင်​ပိုင်​း​ဒေသ နှင်​့ ကယား​ဒေသများတွင်​ စီးပွား​ရေးနှင်​့ ပတ်​သက်​​သောမိမိတို့၏ထွက်​ကုန်​တန်​ဖိုးများအသုံးဝင်​မှု၊ အသုံးပြုနိုင်မှုတို့ကို မသိရှိ​သေး​သော​ကြောင်​့ ယခုလိုသင်​တန်​းများပြုလုပ်​​ပေးရန်​ လိုအပ်​​နေ​သေး​ကြောင်​းလည်​းသိရသည်​။

ဖေ​ဖော်​ဝါရီလ ၂၂ရက်​​နေ့မှ ၂၃ ရက်​​နေ့ထိတွင်​ ​မေတ္တာ​ဖောင်​​ဒေးရှင်​းမှ ဦး​ဆောင်​​ပြီး ​ဒေသဆိုင်​ရာစီးပွား​ရေးအမြင်​ဖွင်​့သင်​တန်​းကို ဖယ်​ခုံမြို့နယ်​ရှိ မြို့နယ်​ဓမ္မာရုံတွင်​ ပြုလုပ်​ခဲ့ကြသည်​။

ထိုသင်​တန်​းတွင်​ ကယန်​း​ဒေသ၊ ကယား​ဒေသ၊ ကရင်​​ဒေသနှင်​့ ရှမ်​း​တောင်​​ဒေသမှ လူထု ၇ဝ ခန့်တက်​​ရောက်​ခဲ့​ကြကြောင်​းသိရသည်။

spot_img
spot_img

Recent posts