spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒေါဖုကျေးရွာအုပ်စုအတွင်း မိုးအဆက်မပြတ်ရွာ၊ သီးနှံပျက်စီး၍ တောင်သူများ စိုုးရိမ်

Author

Date

Category

မိုုးများနေသော ဒီးမော့ဆိုုမြို့နယ် ဒေါပဲ့တူကျေးရွာရှိ စိုုက်ခင်းတစ်ခုုကိုုတွေ့ရစဉ်(ဓါတ်ပုုံ-ခူးစိုုးရယ်ဦး)

ခူးစိုးရယ်ဦး

ကယားပြည်နယ် ဒီးမော့ဆိုမြို ့နယ် ဒေါဖုုအုပ်စုတွင် ၂၀၁၈ ဇွန်လမှ စက်တင်ဘာလအထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးပြီး စားဝတ်နေရေးအတွက် အခက်ကြုံလာမည်ကို စိုးရိ်မ်နေကြသည်။

“ကျွန်မတို့စိုက်တဲ့စပါးတွေ တချို ့တစ်နေရာတွေမှာ ပိုးကျပါတယ်ဆို ဒီလိုမိုးအမြဲရွာနေတော့ ဘာစားတော့မှာလဲ” ဟုဒေါဖုကျေးရွာနေ ဒေါ်ကျဲမယ်ကပြောပါသည်။

မိုးရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ၊ ၎င်းတို့၏ကျန်းမာရေးအတွက်ပါ ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေကြရသည်။

ဒေသခံတောင်သူများသည် ပြောင်းဖူး၊ ပဲ၊ နှမ်းစသည်တို့ကို အဓိကစိုက်ပျိုးပြီး မိသားစုစားဝတ်နေရေးအတွက်သာမက ကလေးကျောင်းစာရိတ်နှင့် အပြင်ဝင်ငွေ တနည်းနည်းရရှိရန် စိုက်ပျိုးကြသည်။

စက်တင်ဘာလအထိ မိုးများ အဆက်မပြတ်ရွာသွန်းသဖြင့် စပါးပင်များ ဝါခြင်း၊ စပါးပင်များ မရှင်သန်နို်င်ခြင်း၊ ပိုးများကျခြင်းစသည်တို့ကို ဒေသခံများ ကြုံတွေ့နေရသည်။ ထို့အပြင် ပြောင်းဖူးပင်များကိုလည်း ကြွက်ဖျက်ကုန်သည့်အတွက် တောင်သူများ အရှုံးပေါ်နိုင်ကြောင်း တောင်သူများက ပြောသည်။

“မိုးကဒီလိုပဲ အမြဲရွာနေတာ တော်တော်ခက်တယ် ၊ စပါးပင်တွေ မသန်တော့ဘူး ၊ ပြောင်းတွေလည်း ကြွက်ဖျက်တယ်၊ ကျွန်တော်တို့ ရှုံးတာပေ့ါ” ဟု ဒေါပဲ့တူးကျေးရွာဥက္ကဌ ဦးနဲရယ်ကပြောသည်။

ပြောင်းဖူးများ ကြွက်ဖျက်ဆီးခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသည့် တောင်သူများ ၎င်းတို့ ယူထားသောချေးငွေများ ပြန်မဆပ်နိုင်မည်ကိုလည်း စိုးရိမ်နေကြရသည်။

ရှားတောမြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူများစိုက်ထားသည့် နှမ်းပွင့်များနှင့် အပင်များ ပုပ်ကုန်ကြောင်း သိရသည်။ ထို့အပြင် ယခုရက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ရေတက်လာပြီး ဖားဆောင်းမြို့နယ်အတွင်းရှိ မြစ်နှင့်နီးကပ်သည့် ကျေးရွာများသို့ ရေများဝင်ရောက်လာနေပြီဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts