spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲ၌ဖမ်းမိ အထောက်အထားမဲ့ လူ ၈ ဦးကို လဝကအက်ဥပဒေဖြင့် အရေးယူ

Author

Date

Category

ဓါတ်ပုံ – ဘောလခဲမြို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန

ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော အထောက်အထားမဲ့ လူ ၈ ဦးကို နိုင်ငံသားသက်သေခံအထောက်အထားမပါရှိခြင်းကြောင့် လ.ဝ.ကအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးရရှိထားသော လူ ၉ ဦးအနက် ၈ ဦးသည် လူမျိုး(စုံစမ်းဆဲ)/အစ္စလမ်ဘာသာဝင်ဖြစ်ကာ ၁ ဦးမှာ ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း သိရသည်။

ဘောလခဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန်ခန့်တွင် လွိုင်ကော်မှ မော်ချီးကျေးရွာသို့ စိုးတင့်(ခ) အငယ်ကောင်၊(၂၂)နှစ် (ဘ)ဦးစိုးမြင့် ရွှေညောင်မြို့ နေသူမောင်းနှင်သော ထ/xxxxဟိုင်းလပ် မော်တော်ယာဉ်ကို စစ်ဆေးရာ လူမျိုး(စုံစမ်းဆဲ)/ အစ္စလာမ်ဘာသာဝင် (၈)ဦးနှင့် ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် (၁)ဦးအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသူများကို စစ်မေးရာ ရွှေညောင်မြို့၊ ရွှေဘုံသာ (၁)ရပ်ကွက်၊ အိမ်အမှတ်(၁၇၃)တွင် အိမ်ငှားနေထိုင်သူများဖြစ်ကာ မော်ချီးကျေးရွာတွင် သံတိုသံစများနှင့် ပုလင်းခွံများဝယ်ယူရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း စိုးတင့်(ခ)အငယ်ကောင်ပါ (၉)ဦးသည် နိုင်ငံသားစိစစ်ရေးကဒ်နှင့် အခြားအထောက်အထားများ မပါရှိသဖြင့် ဘောလခဲမြို့နယ် လ.ဝ.က ရုံးတွင် စစ်ဆေးနေပြီး အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)သို့ စက်တင်ဘာလ ၂ဝ နေ့ နေ့လည်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဖြေကြားသည်။

ဖမ်းမိသောသူများမှာ အငယ်ကောင် ၂၂ နှစ် (ဘ)ဦးစိုးမြင့်၊ တင့်ဇော် ၃၂ နှစ် (ဘ) ဦးထွန်းရီ (ယာဉ်နောက်) ၊ ဦးစိုးမြင့် (အသက် ၅၂)နှစ် ၊ (ဘ) ဦးလန်မာ(ရွှေညောင်မြို့နေ) ၊ ကိုပု ၁၈ နှစ် ၊ အဖေအမည် ဦးစိုးမြင့် (ရွှေညောင်မြို့နေ) ၊ စည်သူ ၁ရ နှစ် ဦးစိုးမြင့် (ရွှေညောင်မြို့နေ) ၊ မျိုးဇော်ထွန်း ၂၂ နှစ် (ဘ) ဦးမောင်ဝင်း(ရွှေညောင်မြို့နေ)၊ ဇော်နိုင်ထွန်း ၂၁ (ဘ) ဦးသောင်းအေး(ရွှေညောင်မြို့နေ) ၊ ကိုကိုဇော် ၈ နှစ် (ဘ)ဦးတင့်ဇော်၊ ဦးတင့်ဇော် (လှိုင်သာယာမြို့နေ)၊ မအေးသီတာ ၂၃ နှစ် (ဘ)ဦးစိုးမြင့် (လှိုင်သာယာမြို့နေ)တို့ ဖြစ်ကြသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲအချိန်တွင် ဘောလခဲမြို့မရဲစခန်းက ပ ၁၉/၂၀၁ရ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းနေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၆(၃)ဖြင့် ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တရားလိုပြုလုပ်တိုင်တန်းထားသဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ လူ ၉ ဦးစလုံးမှာ ၈ ဦးမှာ အထောက်အထားမဲ့မပြသနိုင်သဖြင့် အရေးယူထားသော်လည်း ကလေးဖြစ်သူ ကိုကိုဇော် ၈ နှစ် (ဘ)ဦးတင့်ဇော်ကိုမူ အရေးယူထားခြင်း မရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဖမ်းမိလူ ၉ ဦးအနက် ၈ ဦးကို ဘင်္ဂါလီ/အစ္စလာမ်ဟု သုံးနှုန်းထားပြီး ကျန် (၁) ဦးကို ဗမာလူမျိုး/ဗုဒ္ဓဟု သုံးနှုန်းထားသည်။ တာဝန်ရှိသူများ၏ စစ်ဆေးရာတွင် ဘင်္ဂါလီ/အစ္စလာမ်ဟုဆိုသော လူ ၈ ဦးမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးဖွား အစ္စလာမ်ဘာသာဝင်များသာ ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

ထို့အပြင် မောင်းနှင်းလာသော ယာဉ်ကိုလည်း သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ (၈)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

spot_img
spot_img

Recent posts