spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးမိုင်းတွင်းရဲ့ အသက်အန္တရာယ် တာဝန်ယူမှုတာဝန်ခံမှု ရှိသင့်ပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုင်းအန္တရာယ်အသိပညာပေးအစီအစဉ်တွေကို အစိုးရတွေ၊ လူမှုဖူလုံရေးအဖွဲ့တွေ၊ နိုင်ငံတကာကူညီရေးအဖွဲ့ တွေက မြို့ပေါ်မှာ ပြုလုပ်နေကြတာကိုတွေ ကြားသိနေရပေမယ့်လို့ တခြားအနယ်နယ်အရပ်ရပ်က အသက်မြောက်များစွာဆုံးရှုံးနေတဲ့ မောချီးမိုင်းတွင်းသတ္တုလုပ်ငန်းခွင်ကိုတော့ အထူးအလေးပေး ဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒီမှာ အသိပညာပေးဆိုင်းဘုတ်လေး တောင် မတွေ့ရပါဘူး။

ကမ္ဘာ့ဈေးကွက်ဝင်သတ္တုကို နှစ်ပေါင်းရာချီတူးဖော်လုပ်ကိုင်နေကြတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေကို လျစ်လျူရှုနေကြတာဖြစ်ပါတယ်။

မော်ချီးမှိုင်းကနေ စက်ခွဲ  ယမ်းဖောက် စတဲ့အလုပ်သမားတွေကို မှိုင်းအန္တာရယ်သတိပေးတားမြစ်ချက်တွေ နောက်ပြီးတော့မှအကာအကွယ်လုပ်ရမယ်ဆိုတဲ့ဆိုင်းဘုတ်တွေအသိပညာပေးတာတွေမရှိတာဟာ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။

ယမ်းငွေ့တွေကြောင့် အသက်ဆုံးရှုံးသွားရတဲ့သူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက ဘယ်လောက်အထိ တာဝန်ယူမှုပေးနေတာလဲဆိုတာတွေက မေးခွန်းထုတ်စရာတွေဖြစ်လာစေပါတယ်။

အဲဒီခဲကျဉ်းလုပ်ငန်းတူးတဲ့ သူတွေက ယမ်းတွေနဲ့စက်တွေနဲ့ဖောက်ခွဲပြီးတော့မှ တဖြည်းဖြည်း ချောင်းဆိုးလာပြီး ဆေးရုံပို့လိုက်ပြီဆိုရင် ဆေးရုံက တီဗီဆေးနဲ့ကုသပေးရင်း မကြာဘူး အိမ်ပြန်ရောက်ရင် အသက်ဆုံးသွားတာချည်းပဲဆိုတဲ့ သူတွေက အများစုလိုလိုဖြစ်နေတယ်ဆိုတာကို မောချီး၁၃ကုန်းဆေးခန်းက ဆေးကုသပေးနေတဲ့ ဆရာမ မာဂရက်စိန်ပြောကြားချက်အရသိရှိခဲ့ရပါတယ်။

ခဲဆိပ်ကြောင့်နာမကျန်းဖြစ်တဲ့သူ အဲဒီဆေးခန်းကို တစ်နေ့ကိုအနည်းဆုံး ဆယ်ဦးလောက်ရှိပါတယ်။

ကန္တာရဝတီတို်င်း(မ်)ရုံးအခြေစိုက်တဲ့ ရပ်ကွက်တွင်းမှာလည်း ယခုပတ်ထဲမှာပဲ လူငယ်တစ်ဦး မောချီးမှာ အလုပ်သွားလုပ်ရင်း နာမကြန်းဖြစ်ပြီးတော့ဆေးပြန်လာကုတာ မကြာပါဘူး အသက်ဆုံးရှုံးသွားတဲ့ စိတ်မကောင်း စွာတွေ့မြင်ခဲ့ရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းလည်းပေါ်တယ် လစာလည်းကောင်းတယ် ဝင်ငွေကလည်းကောင်းဆိုတဲ့နေရာမှာ လူငယ်တွေ လူ့ဘဝသက်တမ်းတစ်ဝက်လောက်တောင်မနေရသေးပဲနဲ့ အဲဒီငွေတွေနဲ့ ကျန်တဲ့ ဘဝကို လဲခဲ့ကြရတယ်။

သေးဆုံးသွားတဲ့သူတွေကို လျော်ကြေးဥပဒေနဲ့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနကိုလျှောက်လို့ရတယ် ဆိုပေမယ့်လည်း လျှောက်ထားတာတွေမရှိပါဘူး။

 အလုပ်သမားတွေရဲ့အခွင့်အရေးတွေသိရှိဖို့ သက်ဆိုင်ရာဌာနဆိုင်ရာကလည်း ရဲထွဋ်ကျော်ကုမ္မဏီကို တောင်းဆိုပေမယ့်လို့ နေ့ရက်တွေ မသတ်မှတ်နိုင်သေးပဲ အသိပညာ ပေးတာတွေမလုပ်နိုင်ဘူးဖြစ်နေပါတယ်။

အဲ့အတွက်ကုမ္ပဏီတွေဘက်ကကော အစိုးရဘက်ကကော မောချီးခဲသတ္တုတူးဖော်ရေးခွင်မှာ အလုပ်လုပ်နေကြ တဲ့သူတွေအတွက် ဘယ်လောက်အထိ အကာအကွယ်ပေးထားလဲဆိုတာ သိရှိဖို့လိုအပ်လာပါတယ်။

အလုပ်သမားအခွင့်အရေးဥပဒေတွေ၊ သတ္တုတွင်းဥပဒေတွေကို ကုမ္မဏီကနေ လေးစားလိုက်နာမှုရှိရဲ့လား ဆိုတာတွေ အစိုးရကော လွှတ်တော်ကိုယ်စားလှယ်တွေကော သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကော စစ်ဆေး ကြီးကြပ်မှုတွေလိုပါတယ်။

သတ္တုတွင်းဥပဒေမှာလည်း ဘေးအန္တရာယ်ကင်းရှင်းရေးအပိုင်းဆိုတာ ရှိပေမယ့်လို့အခုလိုဒီလိုဘေး အန္တရာယ်ကြီးမှားတဲ့လုပ်ငန်းခွင်အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေတွေ ပေါ်ထွက်လာသင့်ပါတယ်။

spot_img
spot_img

Recent posts