spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးသတ္တုတွင်းလုပ်ငန်းမှာ မြေပြိုနိုင်တဲ့ အန္တရာယ်ဇုန်ရှိနေ

Author

Date

Category

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းလုပ်ငန်းမှာ မြေပြိုနိုင်တဲ့ အန္တရာယ်ဇုန်ရှိနေပေမဲ့လည်း ခဲကျင်းလုပ်ငန်းတွေ ဆက်လက်လုပ်ကိုုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရှိရပါတယ်။

အန္တရာယ်ဇုုန်တွေကတော့ မော်ချီးဒေသရဲ့ အောင်ချမ်းသာရပ်ကွက်နဲ့ ရတနာအောင်မြေရပ်ကွက်မှာ ၅ နေရာ၊ ယူကော်ခို(၁၃)ကုန်းမှာ ၃ နေရာ စုစုပေါင်း ၈ နေရာ ရှိပါတယ်။

ဒေသခံတွေအနေနဲ့လည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်နေကြတဲ့သူတွေအတွက် လုပ်ငန်းလုပ်ကွက်တွေကို အန္တာရယ်ကြားက ဆက်လက်လုပ်ကိုင်နေကြသေးတယ်လို့ မော်ချီးဒေသခံ နော်လူဒီး က ပြောပါတယ်။

spot_img
spot_img

Recent posts