spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသ မြေပြိုနိုင်မည့် အန္တရာယ် (၈) နေရာတွေ့ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

မော်ချီးဒေသတွင်မြေပြိုမှုမှအကာအကွယ်လုပ်ရန် ၈ နေရာရှိသည်ဟု မော်ချီးဒေသသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ အတွင်းရေးမှူး ဒေါ်နော်မားကရက်စိန်ကစစ်ဆေးခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ပြောသည်။

မော်ချီးဒေသအတွင်းမြေပြိုမှုလျော့နည်းစေရန် မော်ချီးဒေသသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီးအန္တရာယ်မဖြစ်ပွားစေရန် မတ်လ၁၄ရက်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မော်ချီးဒေသ၏ ခဲလုပ်ကွက်နေရာအများစုကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီးအောင်ချမ်းသာရပ်ကွက်နှင့် ရတနာအောင်မြေရပ်ကွက်တွင် စစ်ဆေးခဲ့သည့်၅နေရာနှင့် ယူကော်ခို (၁၃)ကုန်းတွင်စစ်ဆေးခဲ့သည့် ၃ နေရာစုစုပေါင်း၈နေရာကို စစ်ဆေးခဲ့ကြောင်းသိရသည်။

ဒေါ်နော်မားကရက်စိန်က “မြေမပြိုအောင်ပဲလိုက်ကာကွယ်တယ်ပေါ့။ တကယ်ပြိုရင်ဘယ်မှာလဲဆေးဝါး၊ဆေးဝါးဆိုတာမရှိဘူး။ထိခိုက်ဒဏ်ရာရမယ်ဆိုရင် တစ်ယောက်ကိုတစ်သိန်းနှုန်းနဲ့ထာက်ပံ့ပေးမယ်”ဟု ပြောပါသည်။

သဘာဝဘေးကြောင့်ထိခိုက်ဒဏ်ရာရသူများ၊ ခဲလုပ်ကွက်မှ ထိခိုက်ဒဏ်ရာရသူများကိုတစ်လလျှင် တစ်သိန်းကျပ်နှုန်းဖြင့်ဆေးဝါးကုသပေးမည့် အကြောင် းမတ်လ၂ရက်နေ့ကပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စောင့်ရှောက်ရေးအဖွဲ့၏ အစည်းအဝေးမှတ်တမ်းအရသိရသည်။

ကြည့်ရှုစစ်ဆေးခဲ့သည့် နေရာနှင့်ပတ်သက်ပြီးမြေထိန်းနံရံပြုလုပ်ရန် အခြားသောကာကွယ်မှုများပြုလုပ်ရန်ကော်မတီမှပြန်လည်အစည်းအဝေးထိုင်မည်ဖြစ်သည်။

မည်မျှသုံးစွဲမည်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်းဒေါ်နော်မားကရက်စိန် ထံမှ သိရသည်။

ယခင်မြေပြိုထားသည့် နေရာများတွင် လူအိမ်များမဆောက်လုပ်သင့်ကြောင်း၊ သတ္တုတွင်းဥပဒေအရမိုင်းဧရိယာတွင် လူများမနေသင့်ကြောင်း၊မြေသား၏ အလေးချိန်ကိုလျော့ချသင့်ကြောင်း၊မြေထိန်းနံရံများ ပြုလုပ်ထားသင့်ကြောင်းစသည့် အချက်များကိုမြေပြိူမှုမဖြစ်ပွားနိုင်ရန်အတွက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းဆိုသည်။

“အရင်ကမြေပြိုတဲ့နေရာတွေမှာလူတွေနေကြတယ်။ အဲဒီနေရာမှာလူတွေမနေခိုင်းတော့ဘူး။ လူတွေနေတဲ့နေရာမှာ တောင်ကုန်းအောက်မှာမြေထိန်းနံရံတွေလုပ်ဖို့လိုတယ်။ ရေစီးကြောင်းမြောင်းဖောက်ဖို့လိုတယ်။ ရေမြောင်းမရှိရင်အောက်က တိုက်စားရင်အကုန်ပါကုန်မယ်”မော်ချီးဒေသသို့ သွားရောက်လေ့လာခဲ့သူတစ်ဦးကပြောသည်။

ဘဘာဝဘေးအမျိုးမျိုးရှိသည့်အနက် မော်ချီးဒေသတွင်ရေဘေးအန္တရာယ်ကြောင့် တောင်ပြိုခြင်း၊ မြေလွှာများလျောကျခြင်းစသည့် သဘာဝဘေးအန္တရာယ် အဖြစ်များကြောင်းဒေသခံပြောကြားချက်အရသိရသည်။

မော်ချီးဒေသသဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးအတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီမှရန်ပုံငွေ သိန်း၅၀ဝလှူဒါန်းခဲ့ကြောင်း မှတ်တမ်းအရသိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ကို၂၀၁ရခုနှစ်တွင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သော်လည်းလုပ်ငန်းဆောင်ရွက်မှုအားနည်းခဲ့ပြီး ၂၀၁၈ဩဂုတ်လတွင် လုပ်ငန်းဆောင်ရွက်မှုတွေကိုအကောင်အထည်ဖော်နိုင်ရန်အတွက်အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

လက်ရှိမော်ချီးဒေသသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးကော်မတီတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ ဦးဆောင်တဲ့ နာယကအဖွဲ့ဝင်၆ဦးရှိပြီး Main ကော်မတီဝင် ၁၉ဦးဖြင့် အတည်ပြုဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။

spot_img
spot_img

Recent posts