spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြောင်းဈေး ပျက်နေသည့်ကိစ္စအတွက် စိတ်မကောင်းကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဌပြော

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ်တွင် ပြောင်းဈေးပျက်နေသောကြောင့် စိတ်မကောင်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက ပြောသည်။

မတ်လ(၉)ရက်နေ့ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်လူထုနှင့် အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြောသွားခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာမှ ဦးထွန်းနိုင်က လက်ရှိတွင်တောင်သူများ၏ စိုက်ပျိုးစရိတ်တွင် ဈေးကြီးပြီး ထွက်လာသည့်ဆန်စပါး၊ သီးနှံမှာ ဈေးမရှိပါသောကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည်။

ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီမှ တတ်နိုင်သမျှ ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုရာတွင် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် သီးနှံဈေးမရှိပါက အစိုးရအနေနှင့် ပေါက်ဈေးဖြင့် လို်က်ဝယ်ပေးခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ အစိုးရကာလတုန်းက အဲ့လိုမျိုးဆိုရင် ပေါက်ဈေးနဲ့ လိုက်ပြီးတော့ဝယ်ပေးပါတယ်။ တစ်ကယ် လုပ်ပေးခဲ့ပါတယ် ” ဟုဦးသန်းဌေးကပြောသည်။

လက်ရှိတွင် မိမိအနေနှင့် အာဏာရှိသောအစိုးရလည်း မဟုတ်တော့သော်လည်း ပြည်သူလူထု၏ လိုအပ်မှုကို ပြောပြပေးနိုင်သူဖြစ်သည်ဟု ပြောပါသည်။ ပြည်ခိုင်ဖြိုးအနေနှင့် လက်ရှိပြည်နယ် ဆင်းလေ့လာရာတွင်လည်း ပြည်နယ်အတွင်းတွင် မည်သည့်အခက်အခဲများ ရှိနေသည်ကို သိချင်သောကြောင့် ဖြစ်သည်ဟုဆိုသည်။

“နိုင်ငံတော်မှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပဲ အပြောနဲ့အလုပ်နဲ့က တစ်ခြားဆီပါပဲ။ ကျနော်တို့ပြည်သူတွေနဲ့ ထိတွေမှုမရှိပါဘူး။ ကျနော်တို့ ပြည်သူတွေစားဝတ်နေရေး ပြေလည်စေဖို့ တတ်နိုင်တဲ့ဘက်က ကူညီပေးစေလိုပါတယ် ” ဟု ဦးထွန်းနိုင်က တင်ပြရာတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌက ဤအချိန်တွင် အစိုးရကအလုပ်မလုပ်လျှင် ပြည်သူများလက်နက်နှင့် ရွေးကောက်ပွဲရောက်လျှင် အလုပ်မလုပ်သောသူကို ရွေးချယ်စရာ မလိုအပ်ဟု ပြောပါသည်။

၎င်းတို့အနေနှင့် အစိုးရကိုအချက်အလက်နှင့်တစ်ကွ ထောက်ပြဝေဖန်ခြင်း များပြောဆိုသွားပါသည်။

ဥက္ကဌက “ လွှတ်တော်အမတ် အလုပ်မလုပ်လို့ရှိရင် လွှတ်တော်အမတ်လဲဖို့ပဲရှိတယ်။ လဲခွင့်အချိန် ကြုံလာတဲ့အခါကြလို့ရှိရင် တော့ အလုပ်မလုပ်တဲ့သူဖယ်။ လုပ်တဲ့လူတင်လိုက်ပေါ့။ ဒါက ခင်းများတို့ လက်ထဲမှာရှိနေတယ်။ ခင်များတို့ ရဲ့ အာဏာပဲ အဲ့ဒါကြောင့်မလို့ ပြည်သူ့အာဏာလို့ပြောတာ။ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိတယ် ” ဟုပြောပါသည်။

လွှတ်တော်အမှတ် အလုပ်မလုပ်လျှင် ပြန်လည်ဖြုတ်ချသောအခွင့်အရေး ပြည်သူလက်ထဲတွင် မကြာခင် ရောက်လာတော့မည်ဟု ဆိုသည်။

ထိုအချိန်တွင် နောင်ရွေးကော်ပွဲအထိစောင့်စရာမလိုပဲ ပြည်သူအတွက် အကျိုးမရှိသော လွှတ်တော် အမှတ်များကို ဖြုတ်ချပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပ တင်မြောက်နိုင်သည့် အခြေအနေ မကြာခင် ရောက်လာတော့မည်ဟု ဥက္ကဌက ပြောသွားပါသည်။

တွေ့ဆုံပွဲတွင်ရပ်မိရပ်ဖနှင့် အငြိမ်းစားဝန်ထမ်းများ ခန့်မှန်ခြေ သုံးရာ ရှိသည်။

spot_img
spot_img

Recent posts