spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

မြေယာပြသနာဖြေရှင်းပေးရေး အတွက် အစိုးရသစ်ထံ ပထမဆုံး တင်ပြစာအပေါ်  တုန့် ပြန်ခြင်းမရှိသေး

Author

Date

Category

‪#‎ဦးမြာ‬

အစိုးရသစ်လက်ထက်တွင် မြေယာပြသနာ များကို ဖြေရှင်းပေးရန် ပထမဆုံး တင်ပြထားမှုကို ၂လ ခန့် ကြာသည့်တိုင်အောင် အစိုးရဖက်မှ တုန့်ပြန်မှု တစုံတရာ မရှိကြောင်း ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ မှ ဦးသဲရယ်ကပြောသည်။

ပြီးခဲ့သည့် ဧပြီလ က ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂမှ ကယား(ကရင်နီ) ပြည်နယ် ရှိ မြို့နယ်တိုင်း ၏ ကိုယ်စားလှယ်များထံ လိပ်မူပြီး စာလွှာများ ပေးပို့ခဲ့သည်။

` ကျတော်တို့ကတော့ ဖြစ်စေချင်တာပေါ့ ဒီမြေယာသိမ်းဆည်းမှု အားလုံးကိုဒီအစိုးရထက်ထက်မှာဖြေရှင်းစေချင်တာပေါ့ ´ဟု ဦးသဲရယ်က ပြောသည်။

ယခင်အစိုးရလက်ထက်က တပ်မှ မြေနေရာ အချို့ကို တောင်သူများအား လက်မှတ်ရေးထိုးစေပြီး ံ ပြန်လည်စိုက်ပျိုးခွင့် အပြင် အချို့နေရာများကို ပြန်လည် စွန့်လွတ်ပေးခဲ့တာမျိုးရှိခဲ့သည်။

သို့သော်လည်း ယခုတွင် အချို့နေရာများကို တပ်ဖက်မှ ပြန်လည် စိုက်ပျိုးခွင့်ရုတ်သိမ်းခဲ့သည့် အတွက် တောင်သူအချို့   အ       ခက်တွေ့နေကြရကြောင်း သိရသည်။

ထို့ကြောင့် အစိုးရသစ်အနေဖြင့် ၎င်း တို့ကို မဲပေးရွေးချယ်ခဲ့သော ပြည်သူများ၏ ယုံကြည်မှုကို အလေးထားသောအားဖြင့် မြေယာပြဿနာများကို အလေးထားဖြေရှင်းပေးစေလိုကြောင်း ဦးသဲရယ်ကဆက်ပြောသည်။

`သူတို့လည်း ပြည်သူလူထုရဲ့ မဲတစ်ပြားတန်ဖိုးကိုတော့ တန်ဖိုးထားသင့်တယ်ပေါ့နော။ လက်ရှိအစိုးရမှာကတော့ ဒီမြေယာအရေးကိုလည်းဒီလက်ရှိအစိုးရနဲ့ ပြည်သူအကြားမှာလည်းယုံကြည့်မှု အများကြီးကွဲပြားသွားနိုင်တယ်ပေါ့နော `ဟုပြောသည်။

ကယား( ကရင်နီ) ပြည်နယ်၏ သိမ်းဆည်းခံမြေများမှာဖရူဆိုမြို့နယ်တွင် ၅၅၉၅ ဧကသိမ်းဆည်းခဲ့ပြီး ၆၉၄ ဧက ပြန်လည်      စွန့်လွတ်ခဲ့သည်။

ဒီးမောဆိုမြို့နယ်တွင် ၂၅၉၂ ဧကသိမ်းဆည်းခဲ့ပြီး ပြန်လည်စွန့်လွတ်ခြင်းမရှိသေးပေ။

လွိုင်ကော်မြို့နယ်တွင် သိမ်းဆည်းဧက ၄၇၀၄ ဧကသိမ်းဆည်းခဲ့ပြီး ၂၂၆၁ ဧက ပြန်လည်စွန့်လွတ်ခဲ့သည်။ ဖားဆောင်းမြို့နယ်တွင် ၇၁၀ဝဧက သိမ်းဆည်းခဲ့ပြီး ပြန်လည်စွန့်လွတ်ခြင်းမရှိခဲ့ပေ။

spot_img
spot_img

Recent posts