spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

မြေလွတ်မြေရိုင်းဥပဒေသည် ဒေသခံမြေယာများကို သိမ်းပိုက်နိုင်သည့်အတွက် ဖျက်သိမ်းရန်တောင်းဆိုနေကြ

Author

Date

Category

မူဂျာမီလှိုင်

မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသောစာသည် တိုင်းရင်းသားဒေသရှိ မြေယာများကို တရားဝင်သိမ်းပိုက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ဖျက်သိမ်းပေးရန် ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ သဘောထားထုတ်ပြန်သွားသည်။

̏ မြေမသိမ်းတဲ့နေရာဆိုတာ သိပ်ပြီးတော့ မရှိဘူးလေ တိုင်းရင်းသားအသီးသီးက လူထုဟောပြောပွဲတွေလုပ်မှာပေါ့။ အစိုးရတွေ ပါတီတွေကိုလည်းဖိအားပေးမယ်ပေါ့နော်၊ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးတယ် အရေးယူတယ်ဆိုတာ ကျွန်မတို့မြန်မာနိုင်ငံထဲမှာ တစ်ခုဘဲရှိတာ˝ ဟု ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ ဒေါ်မိုးသူဇာဦးက ပြောသည်။

၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ စာအမှတ် ၁၂/မလရ-၁ (၃၇၀/၂၀၁၈) အရထုတ်ပြန်သော အသိပေးအကြောင်းကြားစာသည် တိုင်းရင်းသားဒေသရှိ မြေယာများကို တရားဝင်သိမ်းပိုက်သည့် ဥပဒေဖြစ်နေသည့်အတွက် ၎င်းအဖွဲ့က ပြင်းထန်စွာ ရှုတ်ချပါကြောင်း ပြောဆိုထားပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် မြေလွတ်မြေလပ်မြေရိုင်းများ လုံးဝမရှိကြောင်း ၊ တိုင်းရင်းသားဒေသများတွင် ရိုးရာဓလေ့ထုံးတမ်းနှင့် သွားနေကြသည်အတွက် ပုံစံ (၇)လျှောက်ကြသော်လည်း အားလုံးမရနိုင်ကြကြောင်း၊ အစိုးရအနေနှင့် ဥပဒေအရဆောင်ရွက်ပါက ပြည်သူများကသာ ဆိုးကျိုးခံစားရမည်ဖြစ်သည့်အတွက် ၎င်းဥပဒေကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

̏ ပုံစံ(၇)မရှိတဲ့အတွက်ကြောင့် အစိုးရအနေနဲ့တော့ ဥပဒေအရတရားဝင်ဖြစ်တဲ့အတွက် သိမ်းဖို့လွယ်တယ်။ အစိုးရကလည်း ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ ချပေးလို့ရတဲ့ အခြေနေဖြစ်သွားတယ်။ ကိုယ်က စိုက်ပျိုးအသုံးပြု မယ်ဆိုရင် လျှောက်ရတယ် မလျှောက်ဘူးဆိုရင် ကိုယ်က ကျူးကျော်သူဖြစ်တာပေါ့ ထောင်ဒဏ် (၂) နှစ်ထိချလို့ရတဲ့အတွက် တိုင်းရင်းသားတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။ ဒါကြောင့် အဲ့ဥပဒေကို ဖျက်သိမ်းရန်လိုလားတယ်˝ ဟု ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ ကိုစစ်မုန်းဒီးဒီက ပြောသည်။

မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၁(က)တွင် ကျေးလက်ဒေသတောင်သူလယ်သမားများနှင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် စတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ နှစ်ပေါင်း ၃ဝ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည် ဟု ပါရှိသည်။

ဆက်လက်ပြီး ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)နှင့် ပုဒ်မခွဲ (ခ)တို့အရ ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်ဆောင်ရွက်လိုသော လုပ်ငန်းအတွက် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ထပ်မံ၍ စုစုပေါင်းနှစ်ပေါင်း ၃ဝထက်မပိုဘဲ အကြိမ်ကြိမ်ခွင့်ပြုနိုင်သည် ဟု ပါရှိပါသည်။

ထို့အပြင် ပုဒ်မ၂၂(က)(၃)တွင် ခွင့်ပြုထားသည့်မြေကို ခွင့်ပြုထားသည့်နေ့မှ လေးနှစ်ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ပါရှိထားသည်။

ထို့ကြောင့် ၎င်းတို့ထုတ်ပြန်ထားသည့် ဥပဒေအတိုင်းသာ အကောင်အထည်ဖော်လျှင် တောင်သူများ၊ ပြည်သူများအားလုံး အတွက်ဒုက္ခရောက်စေမည်ဖြစ်သည်။

ထို့ကြောင့် ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်တို့မှ တောင်သူလယ်သမားအဖွဲ့များ၊ မြေယာလှုပ်ရှားသူများက မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေ ဖျက်သိမ်းပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

spot_img
spot_img

Recent posts