spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပြည်တွင်းတိုက်ပွဲများကြောင့် လူအခွင့်အရေးချိုးဖောက်မှု ယခင်နှစ်ထက်ပိုများပြားလာ

Author

Date

Category

ဦးမြာ၊ မီမြာ

ပြည်တွင်းတိုက်ပွဲများဖြစ်ပွားသဖြင့် ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ဟု (NETWORK FOR HUMAN RIGHTS DOCUMENTATION-BURMA) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ လွေးချီ,ဆငါး ကပြောပါသည်။

“လူ့အခွင့်အရေးချိုးဖောက်မှု တိုက်ပွဲအသေးမှာ ဖြစ်သလို တိုက်ပွဲအကြီးတွေဆိုရင်တော့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖမ်းဆီးတာ ပေါတာဆွဲအပိုင်းတွေ အဲ့လိုမျိူးတွေ ကနောက်လိုက်လာတဲ့အပိုင်းတွေကများလာတယ်။”ဟု လွေးချီ,ဆငါးက ပြောပါသည်။

၂၀၁၈ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ၅၂ခုနှင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တိုင်းဒေသကြီးနှင့်ပြည်နယ်ရခုအတွင်း လူအခွင့်အရေးချိုးဖောက်မှု ၂၃၉ ခုရှိခဲ့သည်ဟု ND-Burma မှမှတ်တမ်းအရသိရသည်။

၂၀၁၉ခုနှစ်၆လအတွင်း မှတ်တမ်းတင်နိုင်မှုက ၂၀၁၈ခုနှစ်တစ်နှစ်လုံးမှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထက်၃၆ဝ ရာခိုင်နှုန်းပိုများလာကြောင်း ၎င်းမှတ်တမ်းတွင် ဖော်ပြပါရှိပါသည်။

ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်လာခြင်းနှင့် ကချင်နှင့်ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒုက္ခသည်များ အများအပြားနေရပ်ကိုစွန့်ခွာနေကြရသည့်အတွက် ဒုက္ခသည်များကို ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ အကူအညီပေးနိုင်ရန်လိုအပ်သည်ဟု လွေးချီ,ဆငါးက ဆက်ပြောပါသည်။

“ပြန်လည်ကုသမှုဘဲပြောရမှာပေါ့နော။ တချို့လူတွေ IDP ပုံစံမျိုးဖြစ်သွားတဲ့လူဆိုရင် သူတို့နေရပ်ပြန်နေထိုင်နိုင်ဖို့အတွက်ရယ် နောက်တစ်ခုကလောလောဆယ် စိတ်ပိုင်းအရရောရုပ်ပိုင်းအရရော ခံရတဲ့လူတွေရှိတယ်။ အဲ့တာတွေပြန်ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရပြန်ပြီးပြုပြင်တာတို့ သူတို့အတွက်အမှန်တရား အရေးကြီးတာနောက်တစ်ခုကအမှန်တရားပေါ်ပေါက်ဖို့ကလည်း အရေးကြီးတယ်။”ဟု ၎င်းက ပြောပါသည်။

၂၀၁၉ခုနှစ်ဇန်နဝါရီမှဇွန်လအထိ တိုက်ပွဲ၁၅၆ကြိမ် ဖြစ်ပွားပြီး ၉၈ကြိမ်မှာ AA နှင့်တပ်မတော်ကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများပြင်းထန်နေပြီး တိုက်ပွဲများနှင့်ဆက်စပ်ပြီး အရပ်သားများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသာထင်ရှားစွာများပြားလာခဲ့သည်ဟု သိရသည်။

ညှင်းပန်းနှိပ်စက်ခြင်းလူ့ဂုဏ်သိက္ခာကျဆင်းစေရန်ပြုမူခြင်း၊တရားလက်လွတ်သတ်ဖြတ်ခြင်း၊အတင်းအဓမ္မဖမ်းဆီးခြင်း၊ထိန်းသိမ်းခြင်း ၊ ပျောက်ဆုံးသွားခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်း တို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအများစုကို အစိုးရတပ်များက ၁၅ဝခုကို ကျူးလွန်ခဲ့သည် ဟုသိရသည်။

အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခြင်း၊ ပျောက်ဆုံးသွားခြင်း၊ လူ့ဂုဏ်သိက္ခာနှင့်အညီမဆက်ဆံခြင်း၊ လူသစ်စုဆောင်းခြင်း နှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း အရပ်သားများ နေထိုင်ရာအနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ရွာသားများသေဆုံးခြင်း တို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၂၂ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်ကြသည်ကိုလည်း ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်နိုင်ခဲ့ကြသည်။

သိက္ခာကျဆင်းစေရန်ပြုမူခြင်း၊တရားလက်လွတ်သတ်ဖြတ်ခြင်း၊အတင်းအဓမ္မဖမ်းဆီးခြင်း၊ထိန်းသိမ်းခြင်း ၊ ပျောက်ဆုံးသွားခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်း တို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအများစုကို အစိုးရတပ်များက ၁၅ဝခုကို ကျူးလွန်ခဲ့သည် ဟုသိရသည်။

spot_img
spot_img

Recent posts