spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်ကုန်သွယ်ရေးစခန်းမှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေး

Author

Date

Category

မူအက်စတာ

ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်နယ်မှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေးကြောင်း ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကယားပြည်နယ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဦးဆော်လမွန်ကပြောသည်။

ယခုချိန်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှနေ၍ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်လို့ရသည်မှာ စိုက်ပျိုးရေးသီးနှံများသာ ဖြစ်ကြောင်း ဆိုပါသည်။

“ကယားပြည်နယ်ကနေပြီးတော့ အဓိက တင်ပို့လို့ရတာကတော့ စိုက်ပျိုးရေးထွက်ကုန်ပဲ ရှိဦးမယ်၊ စိုက်ပျိုးရေးထွက်ကုန်ရယ် နောက်ပိုင်းကျရင် ကျနော်တို့ သစ်အချောတွေ၊ သစ်အချောကုန်လို့ ပြောရမယ်ပေါ့နော၊ သစ်အချောထည်ပစ္စည်းလေးတွေ ပို့ဖို့အတွက် ရည်ရွယ်ထားတယ်ပေါ့နော။” ဟု ဦးဆော်လမွန်က ပြောသည်။

သစ်တောထွက်ပစ္စည်းများဆိုသည်မှာ သစ်ကိုကုန်ချောအဖြစ် တင်ပို့နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူးသန်းရောင်းဝယ်လိုသည့် ကုန်သည်များကို ကုန်သွယ်ရေးကဒ်များ ကုန်များကို တစ်ပိုင်တစ်နိုင်ကုန်သွယ်သွားလာခွင့် ကဒ်(International Trade Center)ကဒ်များကို ထုတ်ပေးထားကြောင်း သိရသည်။
ကုန်သည်များအနေနှင့် ကုန်သည်ကြီးများအသင်းထဲကို အသင်းဝင်ကာ နယ်စပ်ကုန်သွယ်ရေးအသင်းထပ်ဝင်ပြီး ကုန်သွယ်ရေးဦးစီးဌာနသို့ ကဒ်များကို ထုတ်ရကြောင်း သိရသည်။

လက်ရှိတွင်ထွက်ကုန်အနေဖြင့် စိုက်ပျိုးရေးသီးနှံများကို အစိုးရအနေနှင့် ၎င်းတို့ကို ဈေးကွက်ရှာပေးနိုင်လျှင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပိုများလာပြီး နိုင်ငံတကာသို့ တင်ပို့နိုင်မည်ဖြစ်သည်ဟု ကယားပြည်နယ် လင်းလက်ရွှေတောင်ပံ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဦးညန်ဒီက ပြောသည်။

“အဲ့ဒီဌာနကနေပြီးတော့ တာဝန်ယူပြီးတော့ တောင်သူတွေဆီကို မျိုးစေ့ဖြန့်ပေးတာတို့၊ သူတို့သီးနှံတွေ ပြန်ဝယ်ပေးတာတို့ကို လုပ်ပေးနိုင်ရင်တော့ သူတို့ရင်းနှီးမြှုပ်နှံမှုကို ဒီထက်ပိုပြီး လုပ်နိုင်လာမယ်ပေါ့နော” ဟု ဦးဘန်ဒီကပြောသည်။

နယ်စပ်ကုန်သွယ်ရေးအသင်းထံမှ ထောက်ခံစာရရှိပြီဆိုလျှင် တစ်ပတ်လျှင် သိန်း ၁၀၀၊ တစ်လလျှင် သိန်း၄၀ဝဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လာသည့် ကုန်စည်များကို သက်ဆိုင်ရာအခွန်ဌာနတွင် အခွန်ဆောင်ပြီးမှသာလျှင် ကုန်စည်များကို ဆက်လက်ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ကုန်သည်ကြီများအသင်းအနေနှင့်လည်း လာမည့်လ ဆောင်းတွင်းတွင် ကုန်စည်အများအပြားကို သွားရောက်ကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။

မယ်စဲမြို့မြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်း ကို အောက်တိုဘာ ၂၆ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

spot_img
spot_img

Recent posts