spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အကြောင်းပါရှိသည့်ဘာသာရပ်နှင့် တိုင်းရင်းသားစာပေ ကျောင်းချိန်တွင်း လာမည့်နှစ်သင်ကြားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်ရှိ မူလတန်းကျောင်းများ၌ Grade 1မှ 3အထိအတန်းများကိုလာမည့်ပညာသစ်နှစ်တွင် ပြည်နယ်အေကြာင်းပါရှိသည့် ဘာသာရပ်နှင့်မိခင်တိုင်းရင်းသားစာပေများကို ကျောင်းချိန်၌ သင်ကြားပေးသွားမည်ဟု ဌာနေတိုင်းရင်းသာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ထဌ ဦးမိုးစက်အောင်လေးက ပြောသည်။

လာမယ့်ပညာသင်နှစ်ကစပြီး ကျောင်းချိန်တွင်းမှာ သင်ကြားပါမယ် ဘာလို့ဆို တစ်ပတ်ကို အတန်းတစ်တန်းမှာ ()ချိန်ရတယ် နှစ်ချိန်ကို ပြည်နယ်အေကြာင်းသင်မယ် သုံးချိန်ကို တိုင်းရင်းသားဘာသာစကားစာပေကိုသင်မယ်။ဟု ပြောပါသည်။

ယခုနှစ်ထဲတွင် ကျောင်းပြင်ပချိန်အတွင်သာ သင်ကြားနေရသည့်အတွက် ကလေးများကို စုစည်းရန်ခက်ခဲခြင်းစသည့်အခက်အခဲများရှိနေသည့်အတွက် သင်ကြားရေးတွင် အားနည်းနေသည်ကို သိရှိရပါသည်။

လာမည့်ပညာသင်နှစ်များတွင်မူ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကယား၊ ကယော၊ ကယန်း၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ တို့၏စာပေများကို ၎င်းတို မျိုးနွယ်စုများ အများစုနေထိုင်ကြသည့် ဒေသများအလိုက် တိုင်းရင်းသားမျိုးနွယ်စုစာပေများကို သင်ကြားပေးသွားမှာဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသားမျိုးနွယ်စုများသည့်ဒေသတွင်လည်း ပြည်နယ်အေကြာင်းနှင့် တိုင်းရင်းသားစာပေများကို သင်ကြားပေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ပြည်နယ်အလိုက်သင်ရိုးညွန်းတမ်းရေးဆွဲရာတွင် ကယား(ကရင်နီ)ပြည်နယ် အေကြာင်းသင်ရိုးညွန်းတမ်းသည် ဦးဆုံးထွက်ရှိသည့် ပြည်နယ်ဖြစ်သည်ဟုလည်းသိရှိရပါသည်။

လက်ရှိတွင် ပံ့ပိုးကူညီသူများနှင့် ပြည်နယ်အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်သည့်အတွက်ေကြာင့် အင်အားနည်းသည့် မျိုးနွယ်စုများကလည်း သင်ရိုးညွန်းတမ်းများကိုရေးဆွဲလာနိုင်ရခြင်းဖြစ်ပြီး လာမည့်ပညာသင်နှစ်များတွင် မိမိတို့မျိုးနွယ်စုများအနေဖြင့် ကျောင်းချိန်၌သင်ကြားပေးမည့် ဆရာ/မခန့်ထားရန် အခက်အခဲဖြစ်လာနိုင်သည်ဟုနုမနောအမျိုးသားဗဟိုကော်မတီ ဥက္ကဌ ဦးစောသာဓုဦးက ပြောပါသည်။

ရှေ့ဆက်ရမယ့် ကျနော်တို စိုးရိမ်စိတ်တွေက ကျနော်တို့အင်အားနည်းတဲ့ လူမျိုးစုတွေက ရှေ့ဆက်ပြီး အကောင်အထည်နိုင်ဖို့အတွက်တော့ အခက်အခဲရှိပါတယ်။ သို့သော်လည်း နိုင်ငံတော်အစိုးရအနေနဲ အဲ့လိုမျိုးဆက်ပြီးတော့ ပံ့ပိုးမယ်ဆိုရင်တော့ ကျနော်တို့လူအနည်းစု များလည်း ကျနော်တို ရဲ့အသီးသီးသောအဖွဲ့တွေက ကျနော်တို့မှာ အားခဲထားတဲ့အပိုင်းတွေရှိပါတယ်။ဟု ဦးစောသာဓုဦးက ပြောသည်။

ယခုနှစ်များအတွင်းတွင် တိုင်းရင်းသားဘာသာရပ်များကို သင်ကြားပေးနေသည့်ကျောင်းတချို့များတွင် နေ့စားလပေးဆရာ/ (၆၀)ဦးကျော်ကို အစိုးရမှ ခန့်ထားပေးပြီး လာမည့်နှစ်များတွင်လည်းထပ်မံခန့်ထားရန် လျာထားေကြာင်းသိရသည်။

တိုင်းရင်းသားစာပေကို အကြား၊ အပြော၊ အဖတ်၊ အရေး အခြေခံစွမ်းရည် ()မျိုးဖြင့် သင်ယူတတ်မြောက်စေရန်၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများကို သိရှိပြီး အပြန်အလှန် တန်ဘိုးထား လေးစားလိုက်နာ တတ်စေရန်၊ ပြည်နယ်အတွင်းရှိ အထင်ကရနေရာများ၊ သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင် အေကြာင်းကိုသိရှိတန်ဘိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဒေသနှင့်ကိုက်ညီသော အခြေခံသက်မွေးဝမ်းေကြာင်း ပညာရပ်နှင့် မျိုးချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်လာစေရန်၊ တိုင်းရင်းသားတို့၏ ရိုးရာတူရိယာပစ္စည်းများရိုးရာအကများ၊ ရိုးရာစကားထာနှင့် အဆိုအမိန့်များကို သိရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ သင်ရိုးဖတ်စာအုပ်များ ပြည်သူလူထုသို ချပြရှင်းလင်းသည့် အခမ်းအနားကို ဒီဇင်ဘာလ ရ ရက်နေ ၂၀၁၈ ခုနှစ် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

spot_img
spot_img

Recent posts