spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ရန် အခက်အခဲဖြစ်နေ

Author

Date

Category

ထျိုးမြာ

ဝင်ငွေခွန်များကောက်ခံရာတွင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ခံရန် အခက်အခဲဖြစ်နေသည်ဟု ကယားပြည်နယ်၏ အခွန်ဦးစီးမှူး ဦးခင်မောင်ညွှန့်က ဆိုသည်။

“အခွန်ရှောင်တဲ့သူကတော့ လူ့ရဲ့သဘောတရားကတော့ မပေးလို့ရရင် မပေးချင်ဘူးပေါ့လေ ”ဟု၎င်းကဆိုသည်။
အခွန်မဆောင်ပဲ မသိကျိုးကျွံပြုလုပ်နေသူများကိုလည်း အခွန်ပေးဆောင်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ဦးခင်မောင်ညွှန့်က ထပ်မံပြောသည်။

ပြည်သူများအနေဖြင့် အခွန်ဆောင်ခြင်း၏ အကျိုးကို တိုက်ရိုက်ခံစားခွင့်မရှိသော်လည်း ပြည်နယ်အတွက် လမ်းတံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းတို့တွင် ပြန်လည်အသုံးပြုနိုင်သည်ဟု အခွန်ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

“ဥပမာ- ကျန်းမာရေးစောင့်ရှောက်ခွင့်ဆိုရင်လည်း အခမဲ့မဟုတ်လား။ အဲ့လိုမျိုးဆိုရင် ကျွန်တော်တို့ ဒီအခွန်ကပေးထားတဲ့ ဘတ်ဂျက်နဲ့ပဲ သွားရတာလေ။ အဲ့ဒီအထဲမှာတွေ အကုန်လုံးပြန်ဝင်သွားတော့ အများအတွက် ပြန်ဖြစ်သွားတာပေါ့လေ ” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် နှစ်စဉ်ဝင်ငွေ သိန်း(၂၀၀) အောက်ရှိသူများကို အခွန်ကောက်ခံခြင်းမပြုသည့်အတွက် လက်လုပ်လက်စားသမားများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ဦးခင်မောင်ညွှန့်က ဆိုသည်။

“ အခုကန့်သတ်ပေးထားတာက ဒီနှစ်မှာကျပ်သိန်းနှစ်ရာအောက်ကို အခွန်ထမ်းဆောင်စရာမလိုတော့ဘူးပေါ့နော။ မလိုတဲ့မတွက် ဒီမှာကတော့ လက်လုပ်လက်စား သေးသေးလေးတွေရှိပါတယ်။အများစုကတော့ စိုးရိမ်ဖွယ်မရှိတော့ပါဘူး ” ဟု ဦးခင်မောင်ညွန့်ကပြောသည်။

ဒီမော့ဆိုအခွန်ဦးစီးဌာနမှူးရုံးအနေနှင့် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်၌ လျာထားချက်ကျပ်သန်းပေါင်း ၆၆.၈၈၄သန်းရှိပြီး ကျပ်သန်းပေါင်း ၁၂၉.၈၂၆သန်း ကောက်ခံရရှိခဲ့သည့်အတွက် ၁၉၄% အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ဟုသိရသည်။

၂၀၁၆-၁ရ ဘဏ္ဍာရေးနှစ်တွင် ဒီးမော့ဆိုမြို့နယ်၌ အခွန်ငွေ လျာထားချက်ကျပ်သန်းပေါင်း ၁၁၄.၁၆ဝ သန်းဖြစ်ပြီး ဘဏ္ဍာရေးနှစ်ကုန်တွင် အပြည့်အဝကောက်ခံနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ဒီးမော့ဆိုမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။

spot_img
spot_img

Recent posts