spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှာ NLD အပြတ်အသတ်နိုင်ဖို့ မသေချာတော့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရဖို့မလွယ်ကူတော့ကြောင်း ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စဟာ လွယ်ကူမှာ မဟုတ်ကြောင်း ဦးစဲရယ်သိန်းအောင်က “ မလွယ်ဘူး .. မလွယ်တော့ဘူး … ကျနော်တို့ NLD ပါတီအနေနဲ့ကတော့ ကြိုးစားတာပေါ့လေ၊ ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရအောင်၊ ဒါပေမဲ့ လူတစ်ထောင်မှာ တစ်ထောင်လုံးကျနော်တို့ကိုမဲပေးဖို့က မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်တွင်မြင်တွေ့ရစဉ်။

NLD ပါတီက အစိုးရအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကယားပြည်နယ်အစိုးရနှင့် ဒေသခံလူထုတွေအကြား ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ တောင်သူတွေ အပေါ် စစ်တပ်က မတရားအမှုစွဲဆိုထားတဲ့ ကိစ္စရပ်တွေဟာ လက်ရှိအစိုးရက တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အပေါ် လူထုတွေက အယုံအကြည်နည်းလာ ကြရတယ်လို့လည်း ကရင်နီပြည်နယ် ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ (KSFU) ဥက္ကဌ ခူးတူရယ်ကပြောပါတယ်။

“တောင်သူတွေက ကတယ်အပြောင်းအလဲလိုချင်လို့NLD ကိုမဲပေးခဲ့တာပါ၊ ဒါပေမဲ့သူတို့လိုချင်တဲ့ တန်းတူညီမျှမှုတွေ၊ သူတို့ကိုမြေယာကိစ္စတွေဖြေရှင်းပေးနိုင်မယ်ဆိုတာတွေဖြစ်မလာတော့ သူတို့တွေက ပြောတယ် ကျနော်တို့မဲပေးချင်စိတ်ကုန်သွားပြီလို့ပြောလာတာက ကောင်းတဲ့လက္ခဏာတော့မရှိဘူးပေါ့။” လို့ ခူးတူရယ်က ပြောပါတယ်။

၂၀၁၈ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ပြည်နယ်အစိုးရက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာ တည်ဆောက်ပြီးနောက် လူငယ်တွေက ၎င်းကိုရွေ့ပြောင်းရေး (သို့မဟုတ်) ဖျက်သိမ်းရေးအတွက် လူထုလှုပ်ရှားမှုတွေ ဆန္ဒပြမှုတွေ လုပ်ခဲ့ချိန်မှာ အာဏာပိုင်တွေက ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ကိစ္စရပ်တွေ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာလည်း လူငယ် ခြောက်ဦးကိုလည်း တရားစွဲပြီး ထောင်ဒဏ်ခြောက်လ ချမှတ်သည့်အထိဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံတောင်သူ ၄၀ ကျော်ကို စစ်တပ်ကနေ တရားစွဲဆိုနေမှုကို ပြည်နယ်အစိုးရမှ တစ်စုံတရာဝင်ရောက်ဖြေရှင်းပေးခြင်းမရှိသေးပါဘူး။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ကယားတစ်ပြည်နယ်လုံးအတိုင်းအတာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြို့နယ် ၇ မြို့နယ်ထဲတွင် ဘောလခဲမြို့နယ်မှအပ ကျန်မြို့နယ်များဖြစ်သည့် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့နှင့် ရှားတောမြို့နယ်များတွေမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts