spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ အတွက် မဲပေးနိုင်သူ ဦးရေအကြမ်းကို ထုတ်ပြန်ကြေညာသင့်ပြီဖြစ်ကြောင်း တိုင်းရင်းသားပါတီတောင်းဆို

Author

Date

Category

စိုးထိုက်အောင်

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ ဦးရေအကြမ်းကို ထုတ်ပြန်ကြေညာသင့်ပြီလို့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကယန်းအမျိုးသားပါတီမှ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

“ ဒီချိန်မှာတော့ မဲစာရင်းတွေ နဲ့ပတ်သတ်ပြီးမှ ကြေညာကိုကြေညာသင့်နေပြီပေါ့ မဲစာရင်းကို ကြိုကြေညာခြင်းအားဖြင့် လူထုတွေကပေါ့နော် အချိန်ပိုရတယ်၊ ပြီးရင်တော့ သွားကြည့်လို့ရသွားတဲ့ အနေအထားမျိုးပေါ့နော် ဖြစ်ရမယ်။” ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကိုလာမည့် နိုဝင်ဘာလ အတွင်းမှာကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီဖြစ်ပေမဲ့ ယနေ့အချိန်ထိ အခြေခံ မဲပေးနိုင်တဲ့ လူဦးရေစာရင်းတွေ၊ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို ထုတ်ပြန်ကြေညာတာမျိုး မရှိသေးတာကို တွေ့ရပါတယ်။

သက်ဆိုင်ရာ ပြည်နယ်/တိုင်းမှ တာဝန်ရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေအနေနဲ့ မဲပေးပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို On Paper မဟုတ်ပဲ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန လ.ဝ.က နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ၁၈ ပြည့်ပြီး မဲပေးနိုင်သူ လူဦးရေစာရင်း အကြမ်းကို ထုတ်ပြန်သင့်ပြီလို့လည်း ထောက်ပြထားပါတယ်။

“ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေရယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေကလည်း အခုချိန်ထိ အခြေခံမဲစာရင်းကိစ္စ၊ မဲပေးပိုင်ခွင့် ကိစ္စတွေကို On Paper ဘဲလုပ်နေရပြီးတော့၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၊ ဒီ လ.ဝ.က တွေနဲ့အခုချိန်ထိကို မဲပေးပိုင်ခွင့် စာရင်းအကြမ်းအနေနဲ့ ပေါ့နော် ဒီရွေးကောက်ပွဲကျင်းပမဲ့ ရက်မှာ ၁၈နှစ်ပြည့်ပြီးသူတွေရဲ့အရေအတွက် ပဏာမစာရင်းတောင်မှ ဒါဘယ်လိုမှ မလုပ်နိုင်သေးသလို အခုလိုအခြေခံ မဲစာရင်းဆိုပြီးတော့ လူတွေကိုကပ်ပေးဖို့အတွက်တောင်မှ မပြီးသေးဘူးလို့ကျတော်တို့သိထားရတယ်။ အမှန်ကတော့ ဒီအချိန်မှာ တကယ်တမ်း ပြောရရင်တော့ သူတို့ဘက်အပိုင်းကတော့ ဒါတွေက ပြီးနေရတော့မယ်။” လို့ LAIN Technical Support Group မှ ဘုတ်အဖွဲ့ ဥက္ကဌ ကိုကျော်ထင်အောင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလက်ရှိ ဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါကြောင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို မေလ ၃၁ရက်နေ့ နောက်ပိုင်းမှသာလျှင် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ပ ကြေညာထားပေမဲ့လည်း လက်ရှိအချိန်ထိ သတင်းစာရှင်းလင်းပွဲကို မလုပ်နိုင်သေးပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို မြန်မြန်လုပ်နိုင်မှသာလျှင် လူထုတွေရဲ့သံသယတွေလျော့သွားမှာဖြစ်သလို သတင်းစာရှင်းလင်းပွဲကို မကျင်းပနိုင်ဘူးဆိုရင် မဲပေးတဲ့သူ ဦးရေက ယခင်နှစ်ကထက်ကို လျော့နည်းသွားနိုင်တယ်လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ ပြည်ထောင်စု တစ်ဝှမ်းလုံးရဲ့ သက်ဆိုင်သောကိစ္စရပ်ကို လုပ်ဆောင်မဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့အပတ်စဉ် သတင်းစာရှင်းလင်းပွဲ မြန်မြန်စမှသာလျှင် လူထုတွေရဲ့ သံသယတွေရော၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မဲ့ အနေအထားတွေရော သိရလိမ့်မယ်။ သို့မဟုတ်ရင်တော့ တဖြည်းဖြည်းနဲ့ဒီအပေါ်မှာ လူထုတွေရဲ့စိတ်ပါဝင်စားမှုအားနည်းမယ်ဆိုရင် ကျတော်တို့ ဒီမိုကရေစီစနစ်ဟာ ယုတ်လျော့တယ်လို့ဘဲ ကျတော်တို့ပြောရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျတော်အနေနဲ့၂၀၁၅ထက် ၂၀၂၀မှာ မဲပေးတဲ့သူ နည်းသွားလိမ့်မယ်လို့ကျတော်တို့ သုံးသပ်ထားတဲ့ အချက်အလက်ကြောင့်မို့ဘဲဖြစ်ပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ဝင်ဘာလ ၈ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ Covid -19 ရောဂါကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ရက်အတိအကျ သတ်မှထားခြင်းမရှိသေးဘဲ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်းမှာတော့ ၂၀၂၀ ဇန်နဝါရီလအထိ လွိုင်ကော်မြို့နယ်အတွင်း တည်ရှိနေတဲ့ နိုင်ငံရေးပါတီတွေကတော့ (၁) အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ပါတီ ၊ (၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ ၊ (၃) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၊ (၄) ကယန်းအမျိုးသားပါတီ ၊ (၅) ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ၊ (၆) အမျိုးသားတိုးတက်ရေးပါတီ ၊ (၇) ရှမ်းတိုင်းရင်းသားများဒီမိုဂရက်တစ်ပါတီ ၊ (၈) ညီညွှတ်သော ဒီမိုဂရက်တစ်ပါတီ ၊ (၉) အမျိုးသားဒီမိုဂရေစီအင်အားစုပါတီ ၊ (၁၀) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (၁၁) ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်ပါတီ စတဲ့ ပါတီစာရင်းတွေကို လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် လူဦးရေ ( ၂၈၆၆၂၇ ) ဦးသာ ရှိကြောင်း တွေ့ရပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ( UEC) ရဲ့ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ တည်ဆဲ မှတ်ပုံတင်ထားတဲ့ ပါတီ ၉၇ ပါတီ ရှိပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းထဲမှာ တပ်မတော်သားများနဲ့အတူ အိမ်ထောင်စုဝင်များရဲ့ အခြေခံ မဲစာရင်းများ ထည့်သွင်းဖို့ ကျန်ရှိနေသေးပြီး မဲဆန္ဒနယ်များအလိုက် မဲပေးခွင့်ရှိသူများရဲ့ အမည်စာရင်းများကိုတော့ ရွေးကောက်ပွဲမတိုင်မီ ကြေငြာပေးသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်ရှိ UEC ရုံးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်က ကော်မရှင်က တာဝန်ရှိသူတွေက ပြောကြားသွားခဲ့တာဖြစ်တယ်လို့ ဧရာဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

spot_img
spot_img

Recent posts