၂၂ နှစ်အတွင်းမိုးဗြဲ ဆည်ရေ အနည်းဆုံးရေ အမှတ်သို့ရောက်ရှိ

0
376

ကယားပြည်နယ်အတွင်းက ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ လည်ပတ်ဖို့ နဲ့ ဆည်ရေသောက် လယ်တွေ အားထားနေရတဲ့ မိုးဗြဲဆည်ရေလှောင်တမံ ဟာ ၂၂ နှစ်အတွင်း အနည်းဆုံးရေသိုလှောင်ထားနိုင်တဲ့ ရေအမှတ်ကိုရောက်ရှိနေပါတယ်။

ဒါကြောင့် လာမယ့် မတ်လထိ လျှပ်စစ်စက်ရုံပုံမှန်လည်ပတ်နိုင်ဖို့ ရေကိုဦးစားပေးထားရတာကြောင့် ဒီနှစ်မှာ စိုက်ပျိုးနိုင်တဲ့ နွေစပါး စိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို လျော့ချလျာထားတယ်လို့ ကယားပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်ကပြောပါတယ်။

ဒါ့အပြင် ပြည်နယ်တွင်းက အကြီးဆုံးရေလှောင်တမံ ဖြစ်တဲ့ ငွေတောင်ဆည်ဟာလည်း နှစ်စဉ် နွေစပါး ဧက ၁၆၀၀ ကို ရေပေးနိုင်ပေမဲ့ အခုနှစ်မှာ ဧက ၃၀၀ ကိုပဲ ရေပေးဝေဖို့ လျာထားတယ်လို့ သိရပါတယ်။