spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

(၇၁) ကြိမ်မြောက်ကယားပြည်နယ်နေ့ အခမ်းအနား ပြုလုပ်ရန်စစ်ကောင်စီကြိုးပမ်း

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )
လွိုင်ကော်မြို့မှာ စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားပြုလုပ်ဖို့အတွက် အစည်းအဝေးတွေ ပြုလုပ်လျှက်ရှိပြီး ဌာနဆိုင်ရာ ပြခန်းတွေ ပြသမယ်လို့ သိရပါတယ် ။
‘’မနှစ်က လေယာဥ်တွေ ဗုံးတွေကြဲ တုန်းကတောင် ကယားဒေး အခမ်းနားကို ပြည်နယ်ခမ်းမမှာ ရအောင်လုပ်သွားတာဆိုတော့ ဒီနှစ်လည်းလုပ်ကို လုပ်ပါလိမ့်မယ် ၊ အစီစဥ်တွေ လည်းဆွဲထားပါတယ် ‘’ ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတ​ယ် ။
ယမန်နှစ် ကယားပြည်နယ်နေ့ ကာလတွင် မိုင်းလုံး ၊ ရွာတန်းရှည် အပါအဝင် ပန်းကန်ကျေးရွာအုပ်စုတွေကို စစ်ကောင်စီက လေယာဥ်ဗုံးကြဲတာတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လွိုင်ကော်ပြည်သူတွေ စစ်ဘေးရှောင်တိမ်းခဲ့ကြပါတယ်။
အာဏာမသိမ်းခင်မှာဆိုရင် ကယားပြည်နယ်နေ့အခမ်းအနားကို ရပ်နီးရပ်ဝေးက လူထုတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီပြုလုပ်မယ့် ပွဲမှာ ယခင်လို စည်းကားမှာတော့ မဟုတ်ဘူးလို့ လွိုင်ကော်မြို့ ဒေသခံတွေက ဆိုကြပါတယ်။
‘’ကယားဒေးက ပြခန်းလုပ်မယ်တော့ကြားတယ် ။ သာမန်ပြည်သူတွေတော့ ပေးမဝင်လောက်ဘူး ထင်တာပဲ ။ နောက် အစိုးရဌာနတွေရဲ့ ပြခန်းတွေပဲ ဆိုတော့ လူတွေလည်းစိတ်မဝင်စားလောက်ပါဘူး။ ‘’ လို့ လွိုင်ကော်မြို့နေလူငယ် တစ်ဦးက သုံးသပ်ထားပါတယ် ။
လွိုင်ကော်မြို့အတွင်းစစ်ဆေးမှုတွေလည်း နေ့စဥ်ရှိနေပြီး ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း နှစ်သစ်ကူး ည မှစပြီး ပစ်ခတ်သံများ လက်နက်ကြီးသံများ ကြားနေရပြီး လက်နက်ကြီး ကျရောက်မှုကြောင့် ဒဏ်ရာရပြည်သူအချို့ လည်းရှိပါတယ် ။
‘’ ထပ်ပြေးရတာမျိုး တော့မဖြစ်ချင်တော့ဘူးလေ။ တစ်ခါတစ်ခါစစ်ရှောင်ရလွယ်တာမှမဟုတ်ပဲ။ ‘’ လို့ လွိုင်ကော် ဒေသခံတစ်ဦးကဆိုပါတယ်။
လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရပေမယ့် လက်ရှိမှာတော့ ဒေသခံတွေ နေရပ်ပြန်လည်နေထိုင်ပြီး စစ်ကောင်စီီ အုပ်ချုပ်ရေးယန္တာရားတွေ လည်ပတ်နေပါတယ်။
spot_img
spot_img

Recent posts