၈ ရက်နေ့မှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲကြီးအပေါ် ပါတီအသီးသီးက ကိုယ်စားလှယ်တွေရဲ့သုံးသပ်ချက်

0
322

ရွေးကောက်ပွဲမှာတော့ NLD က လက်ရှိထက် အစိုးရဖွဲ့နိုင်တဲ့ပမာဏရရှိခဲ့တယ်ပေါ့။

အစောပိုင်းကတော့ ရွေးကောက်ပွဲမကျင်းပခင်မှာ ကျနော်တို့တိုင်းရင်းသားဒေသအချို့ကို ရွေးကောက်ပွဲကျင်းပခွင့်မပြုဘူးပေါ့၊။ မလုပ်ခဲ့ဘူးပေါ့ ဆိုတော့ အဲဒီရွေးကောက်ပွဲမကျင်းပနိုင်တဲ့တိုင်းရင်းသားနေရာရဲ့နေရာမှာ ခံစားမိတယ်ပေါ့။ စိတ်မကောင်းဘူးပေါ့။

၂၀၂၀ ဒီကာလမဟုတ်ရင်တောင်မှ ကြားဖြတ်အနေနဲ့ တစ်ခုခုတော့ အစိုးရအနေနဲ့စီစဉ်ပေးသင့်တယ်လို့ ကျနော်မြင်တယ်။ အခက်အခဲတော့ရှိတယ်ပေါ့။ သူ့ဟာနဲ့သူ။ ဒါပေမဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးလုပ်မယ်ဆိုရင်တော့ လူထုတွေရဲ့ဆန္ဒကို လွှတ်တော်ထဲရောက်အောင် အစိုးရအနေနဲ့ တစ်ခုခုစီစဉ်ပေးတာ ကောင်းတယ်လို့မြင်တယ်။