spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲပေးပုံပေးနည်းကို အနည်းငယ်ပြောင်းထား

Author

Date

Category

ထျိုးမြာ

လာမည့်၂၀၁ရ ကြားဖြတ်ရွေးကောက်ပွဲတွင် ပယ်မဲများ လျော့နည်းစေရန်အတွက် မဲပေးပုံပေးနည်းကို ပြောင်းလဲထားသည်ဟု ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောကြားလိုက်သည်။

“စာတော့မထုတ်သေးဘူး။ မဲပေးပုံပေးနည်းကတော့ အခုနောက်ပိုင်း ကြိုတင်မဲတွေပေါ့နော။ ကြိုတင်မဲတွေအားလုံးကို မင်နဲ့ပဲချစ်မယ်။ မဲရုံမှာလုပ်မဲ့ဟာတွေကတော့ တဆိပ်တုံးနဲ့ပဲထုမှာ” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

ပြီးခဲ့သောရွေးကောက်ပွဲကာလ၌ ဆန္ဒမဲလက်မှတ်တွင် တစ်ကြိမ်ထက်ပိုပြီး တံဆိပ်တုံးထုခဲ့လျှင် ပယ်မဲအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအတစ်ကြိမ်တွင် အမတ်လောင်းတစ်ဦးတည်းကို ရွေးချယ်ကြောင်းပေါ်လွင်ပါက တံဆိပ်တုံး တစ်ကြိမ်ထက် ပိုထုမိသော်လည်း ခိုင်လုံမဲအဖြစ် သတ်မှတ်ပေးမည်ဟု သိရသည်။

၂၀၁ရခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲမွမ်းမံသင်တန်းကို ဇန်နဝါရီလ (၂၃)ရက်နေ့ နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပရန်ရှိသည်ဟု သိရသည်။

“ဆရာတို့နေပြည်တော်မှာ သင်တန်းသွားတက်ကြမယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မဲပေးဆိုင်ရာ သင်တန်းကို သွားတက်မယ်” ဟု ဦးကျော်ဆန်းဝင်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၄ ရက်အတွင်း ကြေငြာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ကယားပြည်နယ် ရွေးကော်ပွဲကော်မရှင်အနေနှင့် “ မဲစာရင်းကို ထုတ်ပြန်ကြေညာဖို့အတွက် အားလုံးအဆင်သင့်ဖြစ်ပြီ။ မဲစာရင်းတွေက သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုတွေမှာ ဖြန့်ဖို့စီစဉ်နေတယ်။ ဒီတစ်ခေါက်မှာတော့ မဲရုံအလိုက်ရပ်ကြေးတွေမှာလည်းကပ်မယ်။ ပါတဲ့ကျေးရွာတိုင်းအားလုံးမှာလည်း မဲစာရင်းကပ်ပေးမယ် ” ဟု ဦးကျော်ဆန်းဝင်းကပြောသည်။

ကယားပြည်နယ်ရှိလူမှုအဖွဲ့အစည်းများ အရပ်ဘက်အဖွဲ့အစည်းများအနေနှင့် ကျေးရွာလူဦးရေနည်းသောကြောင့် မဲပေးမှုဆိုင်ရာ အသိပညာပေးခြင်းများကို မပြုလုပ်နိုင်သေးသော်လည်း နောက်ပိုင်းတွင် လုပ်ကိုင်ဆောင်ရွက်မှုများ ဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း Lain နည်းပညာအထောက်အကူပြု ဘုတ်အဖွဲ့ဝင်ကိုကျော်ထင်အောင်က ပြောပါသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ကယားပြည်နယ်တွင် လစ်လပ်သောမဲဆန္ဒနယ်မှာ ဖရူဆိုုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင်ဖြစ်သည်။

၎င်းနေရာဝင်ရောက်ယှဉ်ပြိုင်မည့် သူများမှာ အမျိုးသားတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းဦးဆူးရယ်၊ (ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေဒီပါတီ၊ ကယန်းအမျိုးသားပါတီ) ပေါင်း ရွေးချယ်ထားသော လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ကု်ိယ်စားလှယ်လောင်း ဦးသဲရယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရီးချက်တို့ ဖြစ်ကြသည်။

မဲဆွယ်စည်းရုံခွင့်ကာလမှာ ဇန်နဝါရီလ ၃ဝရက်နေ့မှ မတ်လ ၃ဝရက်နေ့အထိဖြစ်ပြီး ဧပြီလ ၁ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟု ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် က ထုတ်ပြန်ထားပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဇန်နဝါရီလ (၂)ရက်နေ့ ပါတီ/ တစ်သီးပုဂ္ဂလ ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း အခြေအနေ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် ၄၉ဦး၊ အမျိုးသားလွှတ်တော် ၁၅ဦးနှင့် တိုင်/ပြည်နယ်လွှတ်တော် ၃၁ဦး စုစုပေါင်း ၉၅ဦးရှိသည်ကိုတွေ့ရသည်။

spot_img
spot_img

Recent posts