spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးထောက်ခံပွဲ နောက်ကွယ်မှာ နိုင်ငံရေးအမြတ်ထုတ်နေသူတွေ ရှိနေနိုင်တယ်လို့ KNPP ပြော

Author

Date

Category

KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်

ကန္တာရဝတီတိုင်း(မ်)

မေလ ၁၅ ရက်နေ့က ဘာသာရေးခေါင်းဆောင်အချို့ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအကျိုးအမြတ်ထုတ်နေသူေတွ ရှိနေနိုင်တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ KNPP အတွင်းရေးမှူး၂ ခူးဒယ်နီယာက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားလိုက်ပါတယ်။

“အမှတ်လိုချင်နေတဲ့ လူတချို့ ရှိပြီးသားပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ ဘာသာရေးအသင်းအဖွဲ့ကနေ သူ့အသင်းတော်နဲ့သူ၊ သူ့တိုက်နယ်နဲ့သူ ၊ ဒါဂေါပကက ခေါ်တယ်၊ နှစ်ခြင်းက ခေါ်တယ်၊ RC က ခေါ်တယ်ဆိုတော ့တမျိုးပေါ့လေ။ အုပ်ချုပ်ရေးမှူးတွေက ခေါ်ပေးတယ်၊ တစ်အိမ်တစ်ယောက် ၊ ဆယ်အိမ် ၁ယောက်စသည့်ဖြင့် ဒါက နဲနဲ force(အဓမ္မ)ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပါပြီ။ ဆိုတော့ ဒါက အဖွဲ့အစည်းတခုခုမဟုတ်ရင် လူပုဂ္ဂိုလ် တစုစုက အမှတ်လိုချင်လို့ပဲ ဒါတွေဖြစ်လာတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။”လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

ကရင်နီပြည်ကျောင်းသားများသမဂ္ဂ ဗဟိုကော်မတီဝင် ခွန်းဂျွန်ပေါကတော့ ဒီလိုလူထုအင်အား သောင်းကျော်ကို စုဖွဲ့ပြီး ငြိမ်းချမ်းရေး ထောက်ခံကြိုဆိုပွဲလုပ်နိုင်တာဟာ အာဏာရရှိထားတဲ့ အစိုးရပဲ လုပ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

“ကျနော်တို့ဆီ ဖိတ်စာတွေ ရောက်လာတယ်။ ဖိတ်စာပေါ်မှာအကျင်္ ီတွေလည်း လာပေးတယ်။ ဖိတ်စာမှာ KNPP က လက်မှတ်ရေးထိုးဖို့ပေါ့နော။ အကယ်၍ အစိုးရမလုပ်ရင် ဒီလူထုအင်အားက အစိုးရမလုပ်ပဲ အခြားလူလုပ်မယ်ဆိုရင် ဒီပြည်နယ်မှာ လူအင်အား အယောက် ၁၀ဝ ထက်မပိုပါဘူး။ ၁ဝ ယောက်၊ ၂ဝ အဲလောက်ပါပဲ၊ အစိုးရကိုယ်တိုင်လုပ်မှပဲ လူကသောင်းနဲ့ ချီထောင်နဲ့ ချီပြီးတော့ တက်လာ ဖြစ်ပါတယ်။ အဲ့မှာလုံးဝသက်သေပြတာပဲ အစိုးရလုပ်မလုပ်ဆိုတာ။”လို့ ခွန်းဂျွန်ပေါက ဝေဖန်ပါတယ်။

ငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲကို တက်ရောက်လာတဲ့ လူထုတွေထဲက တချို့သူတွေရဲ့ ပြောစကားများအရ အုပ်ချုပ်ရေးမှုး၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ စည်းရုံးဆင့်ခေါ်ချက်တွေကြောင့် ပူးပေါင်းပါဝင်လာကြတာလို့ ပြောကြပါတယ်။

အဲဒီအပေါ်မှာ အသင်းအဖွဲ့ တခုခုက ပြည်သူတွေကို နိုင်ငံရေးအကျိုးအမြတ်တခုခုအတွက် အသုံးချတာမျိုးဖြစ်တယ်လို့ ခွန်းဂျွန်ပေါက ဆက်ပြောပါတယ်။

ဒီထောက်ခံပွဲကတဆင့် ခုတုံးလုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေဆဲအချိန်ကာလမှာ ဖိအားသဖွယ် ဖြစ်လာခဲ့ရင် ဒါဟာ စိုးရိမ်စရာပဲလို့ ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အနီးကပ်လေ့လာစောင့်ကြည့်နေသူ ကိုဗညားက ဆိုပါတယ်။

“NCA ထိုးဖို့အတွက် တဖက်သတ် ဖိအားပေးမှုပဲ ပြောပြော၊ လှုံ့ဆော်မှုတွေ တအားများရင် ကျွန်တေ်တို့ ပြန်ပြီးတော့ တွန်းကန်မှုအားဖြစ်မှာ ကျွန်တော်တအားစိုးရိမ်တယ်။ အဲဒီဟာက ကျနော်တို့ ပြည်နယ်မှာက … အခုမှစပြီး လူထုတွေက ပွင့်လင်းတဲ့ အရသာခံစားရတယ်။ လွတ်လပ်မှု၊ ပြောဆိုမှု ၊ သတင်းအချက်အလက်ရရှိမှု ရတယ်၊ ပွင့်လင်းတဲ့ကာလမှာ တအားကြီးကျော်လွန်ပြီးတော့မှ မျှော်လင့်ချက်တွေ တအားများပြီးတော့မှ အစုအဖွဲ့တခုခုက အမြတ်ထုတ်သွားမှာကို ကျွန်တော် အရမ်းစိုးရိမ်မိတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာလည်းဖြစ်သူ ကိုဗညားက ပြောပါတယ်။

ဧပြီလ ၂၆-၂ရ ရက်နေ့တုန်းက KNPP နဲ့ PC (ငြိမ်းချမ်းရေးကော်မရှင်)တို့ တွေ့ဆုံမှုရလဒ်အရ ထွက်ပေါ်လာတဲ့ KNPP ရဲ့ NCA လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းမယ်ဆိုတဲ့ အပေါ်မှာ ထောက်ခံကြိုဆိုမှုတွေ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲမှာ “မြန်မာနိုင်ငံငြိမ်းချမ်းဖို့”၊ “ကယားပြည်နယ် ငြိမ်းချမ်းဖို့” စတဲ့ကြွေးကြော်သံတွေနဲ့ လွိုင်ကော်မြို့အတွင်း စီတန်းလမ်းလျှောက်ခဲ့ကြတာပါ။

“NCA ဆိုတဲ့ ဝေါဟာရအရဆိုရင် တတိုင်းတပြည်လုံး ၊ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့အညီ လူထုကလည်း နားလည်ဖို့တော့လိုတယ်။ ဥပမာ ကျွန်တော်တို့ ပြည်နယ် တစ်ခုထဲငြိမ်းချမ်းလို့လည်း မဖြစ်ဘူးပေါ့။ ဒါကတော့ အားလုံးပါဝင်ရေးမူကိုလည်း ဆုပ်ကိုင်ထားတယ်။ NCA ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့အညီ တစ်နိုင်ငံလုံး မြန်မာပြည်တစ်ခုလုံး အတွင်းထဲမှာ သေနတ်သံမထွက်ရဘူး။ အဲလိုအဆင့်မျိုးကို လူတိုင်းက နားလည်သင့်တယ်။ ကျွန်တော်တို့ကတော့ လူထုက ိုအခြေခံတာမှန်တယ်။ ဒါပေမဲ့ တစုံတရာ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ လူတိုင်းကပါဝင်ဖို့လိုသလိုလူတိုင်းကလည်း နားလည်ရမှာက ကျွန်တော်တို့ ပြည်နယ်တစ်ခုပဲ ငြိမ်းချမ်းလို့မရဘူး။”လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

ဒေသခံလူထု ၁သောင်းကျော် တက်ရောက်ပါဝင်ကြတဲ့ ဒီငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲဟာ လူထုအသံကို နားထောင်မယ်ဆိုတဲ့ KNPP ကို NCA လက်မှတ်ထိုးဖို့ ဖိအားပေးလာတဲ့ ပုံစံဖြစ်နေတယ်လို့ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

“ဥပမာ လတ်တလော ရန်ကုန်မှာ၊ ကချင်မှာ ၊ မန္တလေးစသည်ဖြင့် အဲဒီနေရာမှာ ကချင်အတွက် တောင်းဆိုတဲ့အချိန်မှာ ကျွန်တော်တို့ကNCA ထိုးပါလို့ ကျွန်တော်တို့ကို ဖိအားပေးလာရင်တော့ ဒါမမှန်နိုင်ဘူးပေါ့လေ။ အဲဒါကတော့ ကျွန်တော်တို့ ဆုံးဖြတ်ပို်င်ခွင့်ရှိပါတယ်။ လူထုအသံကိုတော့ နားထောင်ပါတယ် ဒါပေမဲ့ မှန်ကန်ဖို့လိုတယ်။ အားလုံးက တရားမျှတဖို့လိုတယ်။” လို့ ဆရာဒယ်နီယာက ပြောပါတယ်။

ဒီငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲကြီး ဖြစ်မြောက်ဖို့အတွက် ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အစိုးရ၊ တစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးမှုမှမပါဝင်ဘဲ တိုင်းရင်းသားလူထုတွေရဲ့ ကြိုဆိုအားပေးထောက်ခံနဲ့သာ လုပ်ဆောင်သွားခဲ့တာလို့ ကယားပြည်နယ်ငြိမ်းချမ်းရေးအားေပးထောက်ခံကြိုဆိုပွဲ ဖြစ်မြောက်ရေးကော်မတီဝင်ဖြစ်သူ ဦးသက်နောင်ထွန်းက မေလ ၁၅ ရက်နေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားထားပါတယ်။

“KNPP လို အဖွဲ့အစည်းက ပြည်သူတွေ ဖိအားပေးတိုင်းလည်း သူလုပ်ချင်မှလုပ်မယ် ကျွန်တော်ဒီလိုပဲ ယုံကြည်တယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒတွေကိုတော့ ထည့်သွင်းစဉ်းစားမယ်လို့ ကျွန်တော်တို့အားလုံးက ယုံကြည်တယ်။ ကျွန်တော်တို့က လက်မှတ်ထိုးပါလို့လည်း မပြောပါဘူး။ ဒါအားလုံးဟာ ရှေ့ကိုဘယ်လိုသွားကြမလဲ ကျွန်တော်တို့ ကယားပြည်နယ် တည်ငြိမ်အေးချမ်းရာ အေးချမ်းကြောင်းအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီ စဉ်းစားပြီးတော့မှ လုပ်ခဲ့ကြတာပါ။ ဘယ်သူ့ရဲ့ ဖိအားမှလည်း မပါပါဘူး။ ပါတီအရောင်အသွေးတစ်ခုခုရဲ့ တွန်းအား ဖိအားလည်း တစ်ခုမှလည်း မပါပါဘူး”လို့ ဦးသက်နောင်ထွန်းက ထောက်ခံကြိုဆိုပွဲအပြီးမှာ ပြောကြားထားပါတယ်။

spot_img
spot_img

Recent posts