spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး လူထုအသိပညာပေးမှုအားနည်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာများမှ လူထုအသိပညာပေးမှုအားနည်းနေသည်ကို Karenni state Situation Update Group (KSSUG) ၏ ကရင်နီဒေသတွင်းရှိ ပြည်သူလူထု၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ရှုမြင်ချက်နှင့် လေ့လာတွေ့ရှိချက်များ သုတေသနအစီရင်ခံစာမှ စစ်တမ်းကောက်ယူထားချက်များအရ သိရပါသည်။

အသိပညာပေး ဆောင်ရွက်ပေးနေမှုများလည်း အားနည်းနေသည်ကို အောက်ပါစစ်တမ်း အရလည်း တွေ့မြင်နိုင်ပါသည်။

လက်ရှိပြည်နယ်အစိုးရ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များဖြန့်ဝေမှု အကြောင်းအရာများကို လူထုမှသိရှိမှုအားမေးမြန်းခဲ့ရာတွင် ရရှိခဲ့ဖူးသည်ဟုဖြေဆိုသူမှာ(၄၀%) ရှိပြီး မရရှိခဲ့ဖူးပါဟုဖြေဆိုသူမှာ(၆၀%) ရှိသည်ကိုကြည့်ခြင်းဖြင့် ပြည်နယ်အစိုးရ၏လက်ရှိငြိမ်းချမ်းဖြစ်စဉ် အပေါ်ဦးဆောင်နေမှု၊ သတင်းဖြန့်ဝေမှုအခြေအနေကို လူထုမှသိရှိမှုမှာများစွာအားနည်းနေသေးသည်ဟုယူဆနိုင်သည်။

KSSUG အဖွဲ့မှ ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူလူထု စုစုပေါင်း လူဦးရေ၅၀ဝကို တွေ့ဆုံမေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် အသိပညာပေးလုပ်ငန်း များနှင့် ပတ်သတ်ပြီး စစ်တမ်းကောက်ယူရာတွင် အသိပညာပေးလုပ်ငန်းများကို CSOs မှ ဦးဆောင် မှုပြုနေသည်ကို သုံးသပ်တွေ့ရှိရပြီး များသော အားဖြင့် လူထုတွေ့ဆုံပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ အမြင်ဖွင့်သင်တန်းများ နှင့် သတင်းမီဒီယာ စသည့် လုပ်ငန်းစဉ် များကို ဆောင်ရွက်ပေးနေကြသည်။

ပြည်နယ်အစိုးရထံမှ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်ရရှိမှု အခြေ အနေနှင့် စပ်လျဉ်းပြီး အသိပညာပေးလုပ်ငန်း၊ ဆွေးနွေးပွဲများကို အနည်းငယ်မျှသာ ပြုလုပ်ပြီး ပြည်ထောင်စုအစိုးရမှ ထုတ်ပြန်သော သတင်း အချက်အလက်များအား တစ်ဆင့် ဖြန့်ဝေသည့် နိုင်ငံပိုင်သတင်းစာများ၊ ပုဂ္ဂလိကပိုင် သတင်း ဂျာနယ်များ၊ ဆိုရှယ်မီဒီယာများ နှင့် မီဒီယာများမှ တစ်ဆင့်သာ ဆောင်ရွက်ပေးနေမှုများကို တွေ့ရှိ ရသည်ဟု သုံးသပ်ထားပါသည်။

၁၉၄၈ခုနှစ်၊ဩဂုတ်လ (၉) ရက်နေ့မှစတင်၍ ပေါ်ပေါက်လာခဲ့သော ကရင်နီပြည်လက်နက်ကိုင်ခုခံတော်လှန်ရေးမှယနေ့အချိန်အထိဆယ်စုနှစ်များအတွင်းကရင်နီပြည်တွင်သက်ဆိုင်ရာဒေသ၊လူမျိုး၊အယူဝါဒများကွဲပြားလျှက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပေါ် ပေါက်လာခဲ့သည်။အများစုသောကရင်နီပြည်လူထုများအနေဖြင့်မိမိတို့ဒေသအတွင်းတည်ရှိသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမည်မျှရှိသည်၊မည်သည့်ဒေသတွင်အခြေပြုလှုပ်ရှားသည်ကိုစစ်တမ်းကောက်ယူမှုအရ ဖြေဆိုသူ(၅၀၀)ဦးအနက်မှတိကျစွာသိရှိသူဦးရေမှာ (၂၁)ရာခိုင်နှုန်းသာရှိပါသည်။အဆင့်ဆင့်ပြုလုပ်သော ပြည်နယ်အဆင့်အပစ်ရပ်သဘောတူညီချက်စာချုပ်ကိုသိရှိသူမှာ (၃၆)ရာခိုင်နှုန်းသာရှိနေပြီးထိုထဲမှာမှ ပါဝင်သောအချက်အလက်များကို တိကျစွာသိရှိသူမှာ(၁၃)ရာခိုင်နှုန်းမျှသာရှိသည်ကိုတွေ့ရှိရပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ပိုမိုလုပ်ဆောင်သင့်ကြောင်း ၊ ထိုသို့ လုပ်ဆောင်ရာတွင် လူထုများအတွက် သင့်လျော်မည့်နည်းလမ်းများ အသုံးပြုသင့်ကြောင်း ၊ အသိပညာပေးလုပ်ငန်းများကို လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း အကြံပြုထားသည်ကို တွေ့ရပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အချိန်နှင့်တပြေညီ လူထုများသိရှိနားလည်နိုင်မည့် နည်းလမ်းများကိုအသုံးပြုပြီး  လူထုအားချပြသွားရန် ၊ လူထုများမှလည်း ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် လုပ်ငန်းစဉ်ကို ပိုမိုစိတ်ဝင်စားစွာ လေ့လာရန်လိုအပ်လျက်ရှိသည်။

spot_img
spot_img

Recent posts