spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေး အလားအလာရှိမရှိ အဆုံးအဖြတ်ပေးမည့်ပွဲ ဟုဆို

Author

Date

Category

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့၏ ဆွေးနွေးပွဲကို ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပနေသည်။ (ဓါတ်ပုံ-မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်))

ထျိုးမြာ

ကယားပြည်နယ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအလယ်ပိုင်းမှအောက်ပိုင်းတစ်ခုုလုံးတွင် ငြိမ်းချမ်းရေးအလင်းရောင်ထွန်းလင်းတောက်ပံ့ရန် အလားအလာရှိမရှိ အဆုံးအဖြတ်ပေးမည့်ပွဲဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကပြောပါသည်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC) တို့၏တွေ့ဆုံဆွေးနွေးပွဲ၌ အဖွင့်နုတ်ဆက်စကားပြောကြားရာတွင် ပြောသွားခြင်းဖြစ်သည်။

“ဒီနေ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းက နေ အောင်ပိုင်းတစ်ခုုလုံးငြိမ်းချမ်းရေး အလင်းရောင် ထွန်းလင်းတောက်ပံ့ဖို့အတွက်ကို အလားအလာရှိ မရှိ အဆုံးအဖြတ် ပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဆွေးနွေးတဲ့အခါမှာ ကယားပြည်နယ် ပြည်သူတွေလူထုတွေ အထူးပဲလိုလားတောင်းတတဲ့ ပဏမ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခုကို ထူထောင်နိင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”ဟု ဝန်ကြီးကပြောပါသည်။

KNPP အနေနှင့် ယခုဆွေးနွေးပွဲမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ပြီး KNPP ရှေ့တစ်လမ်းတိုးနိုင်ရန်မျှော်လင့်ကြောင်း PNC မှ အဖွဲ့ဝင် နဲနယ်ပလိုးကပြောပါသည်။

“KNPP အနေနဲ့ကတော့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ရေးကို ကျနော်တို့ရှေးရှုပြီးတော့ bilateral issues တွေကို ကျနော်တို့ဆွေးနွေးသွားမယ်။ အကောင်အထည်ဖော်သွားမယ်။ ဒီ bilateral တွေကို ပိုမိုခိုင်မာစေခြင်းအားဖြင့် ကျနော်တို့ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့မျှော်လင့်တယ်။ အဲ့လိုယုံကြည်မှုတည်ဆောင်နိုင်ခြင်းအပေါ်မှာ KNPP ကရှေ့တစ်လမ်းတိုးနိုင်မယ်လို့မျှော်လင့်တယ် ” ဟု ၎င်းကပြောပါသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC) တို့၏တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ (၂၆မှ ၂ရ )ရက်နေ့အထိ နှစ်ရက်သာပြုလုပ်ကြမည်ဖြစ်သည်။

ယခုဆွေးနွေးပွဲကို ကယားပြည်နယ်ရှိတိုင်းရင်းသားများအားလုံသာမက တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာအတိုင်းအဝိုင်းကပါ ကယားပြည်နယ်ငြိမ်းချမ်းရေးအတွက် အားတက်ဖွယ်ရာ ရလဒ်များထွက်ပေါ်လာမလား ယခင်ကလိုပဲ မသဲမကွဲမရေမရာအခြေအနေများထွက်ပေါ်လာမလား ဆိုတာကို စိတ်ပါဝင်စားစွာစောင့်ကြည့်နေကြသည် ဟု ပြည်ထောင်စုဝန်ကြီးကပြောပါသည်။

KNPP အနေနှင့် ဆွေးနွေးမှုများ အဆင်ပြေမည်ဆိုပါက ဆုံးဖြတ်ချက်တစ်စုံတစ်ရာချနိုင်လိမ့်မယ်ဟု မျှော်လင့်ပြီး ဆွေးနွေးမှုများ အဆင်မပြေသေးပါက ဆက်လက်ဆွေးနွေးရအုံးမည်သာဖြစ်သည်ဟု ပြောပါသည်။

နှစ်ရက်သာဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ လူမှုရေးကူညီထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း INGO ၊ NGO များ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့်လူကုန်ကူးမှုကိစ္စများ၊ ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများပြန်လည်ထားရှိရေးကိစ္စ နှင့် တပ်ပိုင်းဆိုင်ရာကိစ္စဟူ၍အားလုံးပေါင်း ရှစ်ချက်ဆွေးနွေးကြမည်ဖြစ်သည်။

spot_img
spot_img

Recent posts