spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံအားပေးပွဲ တက်ရောက်လာတဲ့ ဒေသအသီးသီးက လူထုအသံ 

Author

Date

Category

 
မူအက်စတာ၊ နော်ဒွေးအယ်ခူမေးမြန်းသည်။

ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံအားပေးပွဲမှာ တက်ရောက်လာတဲ့ ဒေသအသီးသီးမှ ဒေသခံတွေရဲ့ ရင်ဖွင့်စကားသံကို ကန္တာရဝတီတိုင်း(မ်)က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဦးမဲရယ်(နန်းကွတ်)

NCA ကို မသိဘူး။ ဒီကို လူကြီးဥက္ကဌခေါ်လို့လာတယ်။ လူကြီးတွေ လာခိုင်းလို့လာတယ်။

 —————————————————————————————————————————–

ဒေါ်ရီမယ် (ထေးငှားလျား)

NCAကို ကျွန်မသိပ်နားမလည်ဘူး။ ဒီကို ဘာရည်ရွယ်ချက်နဲ့ရောက်လာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံး ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့မောင်မယ်အဖွဲ့တွေ အားတက်သရောပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။ KNPP က တကယ်ရေးထိုးမယ်ဆိုရင် ကျွန်မတို့အတွက်တော့ သူတို့စဉ်းစားပေးရမယ်လေ။ သူတို့ရေးထိုးလိုက်မယ်ဆိုရင်တော့ ကျွန်မတို့ ငြိမ်းချမ်းမယ်လို့ထင်ပါတယ်။

 —————————————————————————————————————————–

ဦးသိန်းမောင် (ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာ)

NCA ကို မသိပါဘူး။ အုပ်ချုပ်ရေးမှူးမှာကြားလို့။ နောက် ဆယ်အိမ်မှူးလည်း ခေါ်တယ်

—————————————————————————————————————————– 

မောင်ဦးရယ် (ငွေတောင်အုပ်စု)

အခုလိုမျိုး ကျွန်တော်တို့ ပြည်သူလူထုအင်အားနဲ့ အင်အားဖြည့်ပေးရတဲ့အတွက် ကျွန်တော်တို့လည်း စိတ်ပါတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အဓိက ငြိမ်းချမ်းရေးလိုချင်တယ်ပေါ့။ အဲကြောင့် အင်အားဖြည့် လာရောက်ခြင်းဖြစ်ပါတယ်။

NCAကိုတော့ ကျွန်တော်တို့သိပ်နားမလည်ဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူမဆိုလုပ်လို့ရတယ်ပေါ့ ကျွန်တော်တို့ပြည်သူလူထုက အင်အားဖြည့်အနေဖြင့်ပဲ ပူးပေါင်းဆောင်ရွက်ပေးခြင်းတစ်မျိုးပဲဖြစ်ပါတယ်။

KNPPကိုတော့ လက်မှတ်ရေးထိုးခိုင်းစေချင်ပါတယ်။ ထိုးခိုင်းစေချင်တာကတော့ လက်ရှိ KNPPတစ်ခုတည်းမဟုတ်ဘဲ လက်ရှိအကုန်လုံး မြန်မာနိုင်ငံမှာနေထိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးတွေ သူတို့တွေအကုန်လုံး လက်မှတ်တွေ NCAလက်မှတ်ကို ဝင်ထိုးခိုင်းစေချင်ပါတယ်။

အကျိုးရလဒ်ကတော့ အများကြီးရှိလိမ့်မယ်လို့ မျှော်တော့မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က သွားလာရေးလည်း အဆင်ပြေလာမယ်။ နောက် တစ်ဦးနဲ့တစ်ဦး တိုင်ပင်ဆွေးနွေးလည်း အဆင်ပြေလာမယ်ပေ့ါ။ လမ်းပန်းဆက်သွယ်ရေးကစ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဲလိုမျိုးတွေ အဆင်ပြေလာမယ်လို့ယူဆပါတယ်ခင်ဗျ။

ထပ်ပြောချင်တာက သက်ဆိုင်ရာအကြီးအကဲတွေက ကျွန်တော်တို့ပြည်သူလူထုကို စဉ်းစားပေးပါ။ အရင်ခေတ်က အဖိုးအဖွားတွေဆို ခွေးလိုပြေးနွားလိုပြေးပေါ့နော အဲလိုသေသွားတဲ့ အဖိုးအဖွားတွေ အများကြီးရှိတယ်လေ။ အခုကျွန်တော်တို့တက်လာတဲ့ မျိုးဆက်သစ်တွေက အဲလိုမျိုးမဖြစ်ခိုင်းစေချင်အောင်၊ နောက်ပြီး အခုလာမယ့်မျိုးဆက်သစ်တွေအတွက် စဉ်းစားပေးစေချင်တယ်လို့ အကြီးအကဲတွေကို မှာကြားချင်ပါတယ်။

—————————————————————————————————————————–

ဦးစော်ကဲအီ (ဖရူဆိုမြို့နယ်၊ ဟိုယာအုပ်စု)

NCAဆိုတာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးပေါ့။ KNPP က NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့အတွက်ကြောင့် ပြည်သူတွေ ထောက်ခံလို့ ကျွန်တော်တို့လည်း ကြားရလို့လာတာပေါ့။

ပြည်သူတွေအားလုံး ကယားပြည်နယ်တစ်ပြည်နယ်လုံးပေါ့ KNPP က သူတို့ NCA လက်မှတ်ကိုရေးထိုးဖို့ လာအားပေးတာပေါ့။ လာထောက်ခံတာပေါ့။

KNPP က လက်မှတ်ရေးထိုးမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေက သွားလာခွင့်ဖြစ်ဖြစ် တိုးတက်ဖို့ အနှောက်အယှက်မရှိရစေအောင်လို့ ကျွန်တော်တို့ အဲ့လိုမြင်တယ်ပေါ့။ အခုလက်ရှိ ငြိမ်းချမ်းရေးအခြေအနေက မသေချာမရေရာဖြစ်နေတော့ NCAရဲ့ လက်မှတ်ရေးထိုးဖို့ ဆိုပြီးမှကြားရတော့ ဒီမှာ လာထောက်ခံတာပေါ့။ နောက်ပြီးပြည်သူတွေအတွက်လည်း ပိုပြီးစိတ်ချရမယ်။ လွတ်လွတ်လပ်လပ်သွားရခွင့်ရမယ်ပေါ့။

—————————————————————————————————————————–

မတင်မိုးခိုင် (ဖရူဆို)

ကျွန်မက ငြိမ်းငြိမ်းချမ်းချမ်းပဲရှိတာ အရမ်းပျော်တယ်။ တိုက်ပွဲတွေ ဖြစ်ရင် ဝမ်းနည်းတယ် မပျော်ဘူး။
ဒီကို ဘာဖြစ်လို့လာလဲဆိုတော့ စိတ်ပါလို့ လာဖြစ်ပါတယ်။

—————————————————————————————————————————–

 

ဦးသက်နောင်ထွန်း (ကယားပြည်နယ်ငြိမ်းချမ်းရေးအားပေးထောက်ခံကြိုဆိုပွဲ ဖြစ်မြောက်ရေးကော်မတီ)

KNPP ဆိုတာ အင်မတန်မှ အတွေ့အကြုံရင့်ကျက်တဲ့ အဖွဲ့အစည်းပါ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခက်အခဲအများကြီး ကျော်ဖြတ်ခဲ့ရပါတယ်။ အတွေ့အကြုံလည်း အများကြီးရှိပါတယ်။ KNPP လိုအဖွဲ့အစည်းက ပြည်သူတွေဖိအားပေးတိုင်းလည်း သူလုပ်ချင်မှလုပ်မယ် ကျွန်တော်ဒီလိုပဲယုံကြည်တယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒတွေကိုတော့ ထည့်သွင်းစဉ်းစားမယ်လို့ ကျွန်တော်တို့အားလုံးက ယုံကြည်တယ်။ ကျွန်တော်တို့က လက်မှတ်ထိုးပါလို့လဲမပြောပါဘူး။

ဒါအားလုံးဟာ ရှေ့ကိုဘယ်လိုသွားကြမလဲ ကျွန်တော်တို့ကယားပြည်နယ် တည်ငြိမ်အေးချမ်းရာ အေးချမ်းကြောင်းအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီစဉ်းစားပြီးတော့မှ လုပ်ခဲ့ကြတာပါ။

ဘယ်သူ့ရဲ့ ဖိအားမှလည်း မပါပါဘူး။ ပါတီအရောင်အသွေးတစ်ခုခုရဲ့ တွန်းအား ဖိအားလည်း တစ်ခုမှလည်း မပါပါဘူး။ ဒီပွဲမှာ ပါတီအားဖြင့်ပြောမယ်ဆိုရင် တစည ပါတီအားဖြင့်လည်း အကုန်လုံးက ကယားပြည်နယ် ပြည်သူပြည်သားအားဖြင့် ပါဝင်လာတယ်။ ပြည်ခိုင်ဖြိုးလည်း ပါတာပဲ။ NLD လည်းပါတာပဲ။ ပါတဲ့အဖွဲ့အစည်းတွေလည်း ပါတာပဲ။ ကေ့ထျိုးဘိုးရိုးရာအဖွဲ့ဆိုရင်လည်း အင်တိုက်အားတိုက်ပါဝင်တာပဲ။ အဲဒီအတွက်ကြောင့်မို့လို့ ပါတီတစ်စုတစ်ဖွဲ့ကနေပြီးတော့မှ အားပေးနေတယ် ဒါကိုဖိအားပေးဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝမဟုတ်ပါဘူး။

ကျွန်တော်တို့အားလုံးက ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဖိအားပေးခြင်း လုံးဝမဟုတ်ပါဘူး။ KNPP ဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ အတွေ့အကြုံရှိတဲ့အဖွဲ့အစည်း၊ ကျွန်တော်တို့လေးစားရတဲ့ ခေါင်းဆောင်အများကြီးပါ ပါတယ်။အကောင်းဆုံးဖြစ်အောင် သူတို့စဉ်းစားမှာပါလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

—————————————————————————————————————————–

ဦးဗညား၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ

လူထုတွေ အဓိကငြိမ်းချမ်းရေး လိုချင်တာကတစ်မျိုးပေါ့နော၊ ငြိမ်းငြိမ်းချမ်းချမ်းသွားလာပြီးတော့ လုပ်ကိုင်စားသောက်ရတာတွေရှိမယ်ဆိုရင် လူထုတွေအနေနဲ့ကော ကျွန်တော့်အနေနဲ့ကော ပျော်စရာကောင်းတဲ့ လူမှုအသိုင်းအဝိုင်းပဲပေါ့နော။ ပြောချင်တာကတော့ NCAထိုးဖို့အတွက် တစ်ဖက်သတ်ဖိအားပေးမှုတွေပဲပြောပြော၊ လှုံ့ဆော်မှုတွေပဲပြောပြော တအားများလွန်းရင် နောက်တစ်ဖက်မှာ တွန်းကန်မှုအားအရမ်းများမှာပဲ ကြောက်တယ်။

အခုမှပဲစပြီးတော့မှ လူထုတွေက ပွင့်လင်းတဲ့အရသာတွေခံစားရတယ်၊ ပွင့်လင်းတဲ့ လွတ်လပ်မှု၊ ပြောဆိုမှုတွေ၊ သတင်းအချက်အလက်ရယူမှုတွေ အခုမှပဲပွင့်လင်းတဲ့ ကာလမှာ တအားကြီးကျော်လွန်ပြီးတော့မှ မျှော်လင့်ချက်အရမ်းများပြီးတော့ အစုအဖွဲ့တစ်ခုက အမြတ်ထုတ်သွားမှာ အရမ်းကြောက်တယ်။ အဲ့ဒါကတော့ သတိထားသင့်တဲ့အချက်တစ်ချက်အနေနဲ့ ကျွန်တော်သုံးသပ်မိပါတယ်။

ကေအဲန်ပီပီတွေ ပြောလေ့ပြောထရှိတာက လူထုတွေနဲ့ တစ်ထပ်တည်းရှိတယ်၊ လူထုတွေနဲ့ တစ်ထပ်တည်း အမြဲတမ်းရှိတယ်၊ လူထုတွေကို အမြဲအလေးထားတယ်ဆိုတဲ့ နိုင်ငံရေးတစ်ခုကို တည်ဆောက်ခဲ့တယ်လေး အခုချိန်မှာ လူထုတွေက ထိုးပါလို့ဖိအားပေးလာရင် ကေအဲန်ပီပီက လူထုအသံကို ဂရုစိုက်တယ် အသားပေးတယ် နားထောင်တယ်ဆိုတဲ့ ပုံစံမျိုး NCAကို ထိုးရမှာကိုလည်း မဖြစ်သင့်ဘူးလို့ ကျွန်တော် မြင်ပါတယ်။

—————————————————————————————————————————– 

ဆရာတော် စတိုင်လို (အင်္ဂလီကန်အသင်းတော်)

အစကတော့ ကျွန်တော်တို့လုပ်ဖို့တော့မရှိဘူး သို့သော်လည်းပဲ ၂၀၁၈ ဧပြီ ၂၈မှာ ကရင်နီနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ၂ရရက်နေ့ညနေပိုင်းမှာ သူတို့ထုတ်ပြန်ချက်တစ်ခု ထပ်ထုတ်ပြန်နိုင်တယ်ပေါ့နော။

ထုတ်ပြန်ချက်တစ်ခုနဲ့ ဆွေးနွေးချက်သုံးခုအပေါ်မှာ ကျွန်တော်တို့ပြည်သူတစ်ဦးအနေနဲ့ သူတို့ရဲ့ NCA လမ်းကြောင်းပေါ် လျှောက်မယ်ဆိုတဲ့အချက်ကို သဘောကျပြီးတော့ ကျွန်တော်တို့ သာသနာအသီးသီးမှာရှိတဲ့ သာသနာအမှုတော်ဆောင်တွေ၊ ကျွန်တော်တို့ရဟန်းတွေ၊ ဆရာတော်တွေ၊ နောက်ပြီးကျွန်တော်တို့ပြည်သူူထုတွေ ကျွန်တော်တို့ သန္ဓေတည်ပြီးတော့ ပေါက်ဖွားလာတယ်ပေါ့နော်။

spot_img
spot_img

Recent posts