spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတကာ၏ အပစ်အခတ်ရပ်စဲရေးအပေါ် လေ့လာစောင့်ကြည့်မှု အထောက်အပံ့များ

Author

Date

Category

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား)ရေးသားသည်။

(အာချေး(အင်ဒိုနီရှား)နိုင်ငံ၏ အခြေအနေများကို လေ့လာခြင်း)

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လိုအပ်သော အခန်းကဏ္ဍများကို ဖြည့်ဆည်းရာ၌ အဓိကကျသော အချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ လက်မှတ်ထိုုးရေးဖိအားပေးယုံမျှဖြင့် ထိရောက်မှုမရှိသေးသည်ကို သိပ်မဝေးလွန်လှတဲ့ သမိုင်းဆိုင်ရာ ငြိမ်းချမ်းရေးစာချုပ်များက သက်သေထူလျှက်ရှိသည်။

ငြိမ်းချမ်းရေးကဏ္ဍ အားကောင်းလာစေရန်အတွက် လိုအပ်သော ရေခံမြေခံအကြောင်းအရင်းမှာ ယုံကြည်မှု၊ ဆက်ဆံရေးအားကောင်းမှု၊ လိုအပ်သော အမျိုးသားတန်းတူရေးရရှိရေးနှင့် အာမခံချက်ရှိသည့် နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များပေါ်ထွန်းလာရေးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရေးလှုပ်ရှားမှုသည် အမျိုးသားရေးတန်းတူရေးအတွက် လက်နက်ကိုင်တော်လှန်ရတဲ့ အခြေအနေများကြောင့် ဖြစ်လေသည်။

ထိုအချင်းအရာကို လေ့လာရန်အင်မတန်မှ အရေးကြီးလေသည်။ ထိုကြောင့် အင်ဒိုနီရှားနိုင်ငံ၏ ဖြေရှင်းခဲ့ရပုံနဲ့ နည်းပညာအထောက်အကူပြုမှုများ၊ လူထုကာကွယ်ရေးအစိတ်အပိုင်းများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိ်ုင်ရာ သုံးသပ်ချက်စာတမ်းများ၊ နှစ်ဖက်တပ် ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ခြင်း၊ DDR လုပ်ငန်းများလုပ်ဆောင်ချိန်တွင် အဓိကလိုအပ်သော ရေတိုနှင့် ရေရှည်အစီအမံများ၊ လေ့လာစောင့်ကြည့်ရေး နှင့် နိုင်ငံတကာ ၏ ပါဝင်မှုများ အပါအဝင် အခြားသော ကဏ္ဍများကို လေ့လာရန်အထူးလိုအပ်ပါသည်။ထိုကြောင့် အာချေးနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသေးစိတ်လေ့လာချက် (Case Study) အားဖြင့် ရေးသားလိုက်ရပါသည်။

နောက်ခံသမိုင်း

ခေတ်သစ်စာမျက်နှာရဲ့ အာချေး အခန်းကဏ္ဍဟာ အာချေးလွတ်လပ်ရေးလှုပ်ရှားမှု ဖြစ်သော (Free Acech Movement) ဟုလူသိများပြီး ၁၉၇၆ ခုနှစ်တွင် စတင်ခဲ့ပါသည် ။ ၎င်းတော်လှန်ရေးလှုပ်ရှားမှုကို GAM ဟု လူသိများ ကြသည် ။

အဆိုပါ အာချေးလူထု၏ တော်လှန်ရေး လှုပ်ရှားမှုဟာ အင်ဒိုနီရှားထံမှ လွတ်လပ်ရေးတောင်းဆိုမှုကို ရည်သန်းခြင်းဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုကနေတဆင့် တော်လှန်ရေးလှုပ်ရှားမှုကို ဦးတည်သွားပြီး သက္ကရာဇ် ၁၉၇ဝ မှ ၁၉၈ဝ ခုနှစ်အထိ အဆက်မပြတ် လှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့ပါသည် ။ ထိုလှုပ်ရှားမှုကို အစိုရမှလဲ ထိရောက်စွာ နှိမ်နှင်းနိုင်ခြင်းမရှိခဲ့ပါ။

သက္ကရာဇ် ၁၉၈ဝ ခုနှစ် နောက်ပိုင်းများတွင် အဆိုပါ ပဋိပက္ခများကို နိဂုံချုပ်ပေးနိုင်ရန်အတွက် နိုင်ငံရေးလမ်းစဉ်အားဖြင့် အဖြေရှာရန် ဖြစ်လာပါတော့သည်။

အဆိုပါ အဖြေရှာမှု စတင်ဖြစ်တည်လာရခြင်းမှာ နိုင်ငံတကာ ဖြန်ဖြေပေးမှု (International Mediator)အားဖြင့် စတင်လာရခြင်းဖြစ်သည် ။ ထောက်ပံမှုအားဖြင့် The Henry Dunant Center မှ ထောက်ပံမှုပေးခဲ့ပါသည်။

၎င်းကြိုးစားမှု၏ ရလဒ်အနေဖြင့် သက္ကရာဇ်၂၀၀ဝ ခုနှစ် ၊ မေလတွင် အာချေး လူသားချင်းစာနား ထောက်ထားမှုများအတွက် ရပ်ဆိုင်ခြင်း ပူးတွဲနားလည်မှု စာချုပ် ( Joint Understanding on a Humanitarian Pause for Aceh )ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

သို့ပေမဲ့ အဆိုပါ စာချုပ်သည် ဇန်နဝါရီလ ၂၀၀၁ ခုနှစ်တွင် ပဋိပက္ခများ ပြင်းထန်လာသည့်အဆင့်တွင် ဖျက်သိမ်းခဲ့ရသည်။

သက္ကရာဇ် ၂၀၀၂ ခုနှစ်နောင်ပိုင်များတွင် အစိုးရနှင့် ဂျန်မ်(GAM) မှ စစ်ပြုခြင်းများကို ရပ်စဲခြင်း စာချုပ် (Cessation of Hostilities Agreement – CoHA)ကို သတ်မှတ်ချိန် (၅) လ၊ လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ စာချုပ်အရ အင်ဒိုနီရှား စစ်တပ်သည် တိုက်စစ်ကို ပြုလုပ်နေခြင်းမှ ခံစစ် အနေအထားကိုသာ ပြောင်းလဲပေးခဲ့ပြီး ငြိမ်းချမ်းရေးဇုန်နယ်မြေ သတ်မှတ်ခြင်းကိုပါ ပြုလုပ်ခဲ့ပါသည်။

ထို့ကြောင့် ဂျန်မ် (GAM) လက်ကိုင်တော်လှန်ရေးအဖွဲ့မှလည်း ၎င်းတို့၏ လက်နက်များကို ဂိုဒေါင်များတွင်သာ ထားရှိခြင်းကို ပြုလုပ်ပေးခဲ့ပါသည်။

လုံခြုံရေးဆိုင်ရာ ပူးတွဲကော်မတီ (JSC) ကို ငြိမ်းချမ်းရေးဆိုင်ရာလေ့လာစောင့်ကြည့်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ပါသည်။

အဖွဲ့ဝင် ၁၅ဝ ကျော်ရှိသည့်အနက် အဖွဲ့ဝင်၅ဝ ကျော်ကို TNI,GAM,ထိုင် နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ထိုကော်မတီကြောင့် ပဋိပက္ခဖြစ်မှု အခြေအနေများသည် သိသိသာသာ လျှော့ချသွားနိုင်ခဲ့ပါသည်။

သက္ကရာဇ် ၂၀၀၃ အစောပိုင်းကာလများတွင် ငြိမ်းချမ်းရေးဇုန်ကို အောင်မြင်စွာ အစပြုနိုင်ခဲ့ပြီး လေ့လာစောင့်ကြည့်သူများ၏ နေရာယူမှုများကိုပါ ပြုလုပ်နိုင်ခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမှု အစိုးရဘက်မှ ဂျန်မ်လက်နက်ကိုင်များသည် လက်နက်ကိုင်ဆောင်မှု မရှိရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲသည့်အတွက် ပဋိပက္ခများသည် ငြိမ်းသက်နေရာမှ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့ပြန်ပါသည်။

လုံခြုံရေးပူးတွဲကော်မတီ (JSC) ရုံးကို စစ်တပ်ထောက်ခံမှုရှိသော အစိုးရလိုလာသူ ပြည်သူစစ်များ (Pro – Government Militias )၏ တိုက်ခိုက်မှုပြုလုပ်ပြီးသည့်အချိန်တွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများမှ ဆုတ်ခွာပေးခဲ့ရပါသည်။

ပိုမိုပြင်းထန်သောသော ပဋိပက္ခများနှင့် ကြုံတွေ့ရချိန်တွင် အစိုးရမှ ဂျန်မ်(GAM) လက်နက်ကိုင် အဖွဲ့သို့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Special Autonomy)ကို အင်ဒိုနီရှားနိုင်ငံအတွင်းသာ သတ်မှတ်ပေးရန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပေမဲ့ ဂျန်မ်(GAM)မှ ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။

ပဋိပက္ခများသည် အာချေးကို လုံးဝမွှေနှောက်ဖျက်ဆီးခဲ့သည့် စူနာမီ နှင့် မြေငလျင်လှုပ်သည့် သက္ကရာဇ် ၂၀၀၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၆ ရက်တိုင်တိုင် ဆက်လက်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဖျက်ဆီးမှုများ ပြီးဆုံးသွားသည့်အချိန်နှင့်တပြိုင်နက်တည်းမှာပင် ဂျန်မ် (GAM) မှ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာခဲ့သည်။

ထိုနောက် ၂၀၁၅ ခုနှစ် အစောပိ်ုင်းတွင် ငြိမ်းချမ်းရေးစကားပြောဆိုမှုများကို စတင်ပြုလုပ်ခဲ့ကြပြီး ဖျန်ဖြေမှုကို ဘရပ်ဆဲလ် အကျပ်အတည်းစီမံခန့်ခွဲမှုနှင့် ပတ်သတ်သော အစပြုမှုကို ပြုလုပ်နိုင်ခဲ့ပါသည်။

(Brussels – based Crisis Management Initiative )သက္ကရာဇ် ၂၀၀၅ ခုနှစ် ၊ ဇူလိုင်၁၅ ရက်တွင်မှာတော့ နားလည်မှုစာချွန်လွှာ( Memorandum of Understanding) ကို နှစ်ဖက် ကိုယ်စားလှယ်များမှ သဘောတူခဲ့ကြပါသည်။

အဆိုပါ စာချွန်လွှာတွင်ပါရှိသော အချက်များမှာအစိုးရ၏ အာချေးအပြင်မှ ခေါ်သွင်းလာသော တပ်များကို ပြန်ဆုတ်ပေးရန်နှင့် ဂျန်မ်(GAM) လက်နက်ဖြုတ်သိမ်းခြင်းနှင့် တပ်ဖြုတ်သိမ်းခြင်းများကို ပြုလုပ်ပေးရန် ပါရှိသည်။

အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းလုပ်ငန်းအဖွဲ့ ( The Aceh Monitoring Mission – AMM)နားလည်မှုစာချွန်လွှာတွင် လုပ်ငန်းများ အကောင်အထည်ဖော်မှုကို ကြီးကြပ်နိုင်မည့် ယန္တရားဖြစ်သော အဖွဲ့အစည်းတစ်ခု ထူထောင်ရန် ပါဝင်သည်။

အဆိုပါအဖွဲ့ကို အာချေး လေ့လာစောင့်ကြည့်ရေး လုပ်ငန်း (AMM) အဖွဲ့ဟုခေါ်ဆိုပါသည်။

အဆိုပါ အဖွဲ့ကို လုပ်ငန်းလည်ပတ်နိုင်ရန်အတွက်လိုအပ်သော ထောက်ပံ့မှုကို ဥရောပ သမဂ္ဂနှင့် အာဆီယံ ၅ နိုင်ငံတို့မှ ထောက်ပံမှုပေးခဲ့ပါသည်။ အဆိုပါ အဖွဲ့အား သက္ကရာဇ် ၂၀၀၅ ခုနှစ်တွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့ (AMM) ၏ အဓိက တာဝန်များမှာ –

– ဂျန်မ် အဖွဲ့၏ တပ်ဖျတ်သိမ်းမှုနှင့် လက်နက်ဖျတ်သိမ်းမှုများကို လေ့လာစောင့်ကြည့်ခြင်း။

– မူလပင်ရင်း အင်ဒိုနီးရှား မဟုတ်သော စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပြန်လည် တပ်နေရာယူခြင်းများကို လေ့လာစောင့်ကြည့်ခြင်း။

– ဂျန်မ်တပ်ဖွဲ့ဝင်တို့၏ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ပေါင်းစည်နေထိုင်းခြင်းကိုစောင့် ကြည့်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ထိုအပြင် သဘောတူညီချက်ကနေ ရရှိလာတဲ့ လူ့အခွင့်အရေးအခြေအနေများနှင့် ဥပဒေပြုရေးအပြောင်းအလဲဆိုင်ရာ တိုးတက်မှုများကိုလည်း လေ့လာစောင့်ကြည့်ခြင်း။

– အငြင်းပွားဖွယ်ဖြစ်သော လွတ်ငြိမ်းချမ်းသာခွင့်များနှင့်ပက်သက်သော စည်းမျဉ်းစည်းကမ်း များ လေ့လာစောင့်ကြည့်ခြင်း။

– MoU မှ ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း။

အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့(AMM)ကို ဥရောပသမဂ္ဂ(EU)၏ တရားဝင် ဦးဆောင်မှုဖြင့် အရပ်သားများ ဦးဆောင်မှု အသွင်းသဏ္ဍန်အနေအထားကို ဖွဲ့စည်းခဲ့ပါသည်။

၎င်းအဖွဲ့တွင် လေ့လာစောင့်ကြည့်သော နိုင်ငံများအနေဖြင့် – ဥရောပသမဂ္ဂ၊ နော်ဝေ၊ ဇွတ်စလန် နှင့် အာဆီယံနိုင်ငံများအတွင်းမှ ထိုင်း၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့မှ ပါဝင်ထားပါသည်။

လေ့လာစောင့်ကြည့်မှုကို နိဒါန်းပြု ခြေလှမ်းစချိန်မှာတော့ ၂၂၆ ယောက်ကဲ့သို့ လေ့လာစောင့်ကြည့်သူများသည် ရုံး(၁၁)ရုံးတွင် အခြေချ စောင့်ကြည့်ခြင်းကို ပြုလုပ်သည်။

၎င်းအဖွဲ့သည် ခြောက်လအတွင် (၃) ကြိမ်တွေ့ဆုံးကာ လုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ အဆင့်တစ်ဆင့်တိုင်းမှာ လေ့လာစောင့်ကြည့်သူများရဲ့ အရည်အတွက်များလည်း သိသိသာသာ လျှော့နည်းသွားသည်။

အကြောင်းမှာ လုံခြုံရေးဆိုင်ရာအခန်းကဏ္ဍမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ လေ့လာစောင့်ကြည့်ရေးလုပ်ငန်း တာဝန်များပြီးဆုံးသွာချိန်မှာတော့ အဖွဲ့ဝင်များအနေဖြင့် ဥရောပသမဂ္ဂမှ ၂၉ယောက် နှင့် အာဆီယံ ရ နိုင်ငံတို့ ကျန်ခဲ့ပါသည်။

ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး၏ အဓိကရေသောက်မြစ်ကတော့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတာဝန်များအစီအစဉ် (Commission on Security Arrangements)ကို စီမံခန့်ခွဲရခြင်းပဲဖြစ်ပါသည်။

အဆိုပါ စီမံခန့်ခွဲမှု၏ ကနဦး အစပြုခြင်းကို အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲက(AMM)၏ ဗဟိုရုံးတွင် ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားအစိုးရနှင့် ဂျန်မ်(GAM)အဖွဲ့မှ ဝါရင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဘက် ကိ်ုယ်စားလှယ်များမှ မူဝါဒရေးရာများနှင့် စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲကို နှစ်ဘက် ကိုယ့်စားလှယ်များမှ ဝါရင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ခြင်း၏ အကျိုးရလဒ်အားဖြင့် အောင်မြင်မှုဆွေးနွေးပွဲတစ်ရပ်ကို ဖြစ်ထွန်းစေခဲ့သည်။

ထိုနည်းတူစွာပင် ဒေသဆိုင်ရာ အဆင့်များတွင်လဲ ခရိုင်လုံခြုံရေးဆိုင်ရာလုပ်ငန်းများတာဝန်များ အစီအစဉ်(District Commission on Security Arrangements) အနေဖြင့် အစည်းအဝေးများကို ဒေသအဆင့် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးများသည် နှစ်ဖက်ကိုယ်စားလှယ်များအတွက် လုံခြုံရေးဆိုင်ရာများနှင့် သက်ဆိုင်တဲ့ မေးခွန်းများကို ထောက်ပြနိုင်ခြင်း၊ ပြဿနာများကို တိုင်းကြားနိုင်ခြင်းနှင့် မေးခွန်းထုတ်နိုင်ခြင်းတို့အပါ အဝင် အဆိုပါ ပြဿနာများကို လျှင်မြန်သော နည်းဟန်များနှင့် ချည်ကပ်ခြင်းအားဖြင့် မကျေလည်မှုများကို ပဋိပက္ခအသွင်း သဏ္ဍန်းမဆောင်ချိန်မှာ ဖြေရှင်းနိုင်ခဲ့သည့် စင်မြင့်တခုဖြစ်အောင် အဆိုပါ အစည်းအဝေးများက ပြုလုပ်ပေးခဲ့ပါသည်။

ထပ်မံပြီးတော့ သက်ဆိုင်ရာ လုပ်ငန်းအစီအစဉ်များက မဖြေရှင်းနိုင်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များအတွက် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတခုကို တည်ထောင်ခဲ့ကြပါသည်။

အဆိုပါ ယန္တရားနှင့် ပက်သက်၍ အငြင်းပွားဖယ်ကိစ္စရပ်များ အနည်းငယ်သာ ရှိခဲ့ပါသည်။

အထက်ပါ အဆိုအနေများကို ကြည့်ခြင်းအားဖြင့် အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့ (AMM)သည် နှစ်ဖက်အင်အားစုများမှ အသံများကို နားထောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။

ထိုမှတဆင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို နှစ်ဘက်ကိုယ်စားလှယ်များအား ချပြပေးနိုင်ခဲ့ပါသည်။

နှစ်ဘက်ကိုယ်စားလှယ်များမှ အာချေး လေ့လာစောင့်ကြည့်ရေး လုပ်ငန်းအဖွဲ့ (AMM)ကို မျက်နှာမလိုက်သောအင်အားစုအနေဖြင့် ရှု့မြင်ကြပြီး ၎င်းရဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း ဖောက်ဖျက်ဖို့ မဖြစ်နိုင်ဟု ခံယူကြပါသည်။

လေ့လာစောင့်ကြည့်ရေးကို လုပ်ဆောင်ခြင်း (Implementation of monitoring)

အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့ (AMM) ၏ ကနဦး လေ့လာစောင့်ကြည့်မှုများကိုု လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်စတင်ပြုလုပ်ခဲ့ပါသည်။

ပထမဦးဆုံးအနေဖြင့် ဂျန်မ်(GAM)၏တရားဝင် အဖွဲ့ဝင်များကို ထောင်တွင်းအကျဉ်းချခြင်းများမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။

AAM ၏ အဓိက ကျသော လုပ်ငန်းတာဝန်များမှာ အကျဉ်းသားများ၏ လွတ်မြောက်ရေးကို စောင့်ကြည့်လေ့လာခြင်းနှင့် အစိုးရကို အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများသည် ပြည့်စုံရန်၊ လျင်မြန်းရန် ကိစ္စရပ်များ သေချာရန်အတွက် အစိုးရအားဖိအားပေးခြင်းများ ပြုလုပ်ပါသည်။

ယခုအချက်သည် ဂျန်မ်(GAM) အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ယုံကြည်မှုရှိလာစေရေးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းတာဝန်များ ဖြစ်ပါသည်။

လက်နက်ဆိုင်ရာ ကိုင်စွဲမှု ပယ်ဖျက်ရေးသည်အဓိကကျတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များ ဖြစ်ပါသည်။

အဆိုပါ အချက်အလက်များ မအောင်မြင်ခြင်းသည် စစ်ပြုခြင်းများကို ရပ်စဲခြင်း စာချုပ် (Cessation of Hostilities Agreement – CoHA)၂၀၀၂ ခုနှစ် စာချုပ်ကို ထိခိုက်စေပါသည်။ လက်နက်များကို တစ်ခုချင်းစီ ကိုင်စွဲထားခြင်းကြောင့် ပြည့်စုံအောင်မြင်တဲ့ ဆွေးနွေးပွဲများဟု မသတ်မှတ်နိုင်ပါ။

သဘောတူူညီချက်များသည် ဘယ်နေရာနှင့် ဘယ်လိုပုံစံမျိုး လက်နက်များကို ထိန်းသိမ်းသိုလှောင်မည်ဆိုသည့်အချက်များတွင် မရေရာ မသေချာမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ဒီနေရာမှာ နိုင်ငံတကာ၏ ပါဝင်မှုအားဖြင့် ကြီးမားသောဖိအားပေးခြင်းများက အဆိုပါ ဆွေးနွေးချက်များ သဘောတူညီမှုများ ရရှိဖို့အတွက် အထောက်အပံပေးခဲ့သည်။

အကျိုးရလဒ်အားဖြင့် အဓိက အချက်အချာကျတဲ့ ဆုံဖြတ်ချက်များကို မချမှတ် နိုင်ခဲ့ပါဘူး။လက်နက်ဖြုတ်သိမ်းခြင်းဆိုင်ရာ ကိစ္စ ရပ်များဖြစ်ပေါ်လာချိန်မှာတော့ အဆိုပါ ကိစ္စရပ်များကို လေ့လာစောင့်ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဖိအားပေးခြင်း တို့ဟာ အလွန်ခက်ခဲသွားသည်။

ထိုနည်းတူစွာပင် လက်နက်များကို သတ်မှတ်ထားသည့်နေရာများတွင်ထားရှိရေးတို့ကို လေ့လာစောင့်ကြည့်ခြင်းတို့သည်လည်း ခက်ခဲခဲ့သည်။

အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့(AMM)၏ အောက်တွင် အဓိက အားဖြင့် အထူးသင်တန်းလေးရပ်ပြီးမြောက်ထားသည့် လက်နက်များဖြုတ်သိမ်းခြင်းအဖွဲ့ (Decommissioning Team)က ဦးဆောင်ပြီး အဆိုပါလုပ်ငန်းများကို ကြီးကြပ်သည်။

လက်နက်များဖြုတ်သိမ်းခြင်းသည် မတူညီတဲ့ အဆင့်တိုင်းမှာ ဖြစ်ထွန်းသည့်အတွက် ကြီးမားသော အောင်မြင်မှုတစ်ရပ်အနေဖြင့် ရှု့မြင်နိုင်ပါသည်။

ထိုနည်းတူစွာပင် အာချေး၏ မူရင်းဌာနေ မဟုတ်သော အင်ဒိုနီးရှာ တပ်များကို အာချေး ၏ ပြင်ပ ပြန်လည်နေရာချထားရေးတို့သည်လည်း သတ်မှတ်ထားသော အစီအစဉ်အတိုင်းအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါ လက်နက် ဖြုတ်သိမ်းခြင်းလုပ်ငန်းများကို အဆင်ပြေချောမွေစွာပြုလုပ် နိုင်ခြင်းအားဖြင့် အင်ဒိုနီးရှာ အစိုးရတပ်အား ဂျန်မ်(GAM) တပ်များမှ ငြိမ်းချမ်းရေးကို လိုလားသည်ဆိုသည် အချက်ကို သက်သေ ပြနိုင်ခဲ့ပါသည်။

နိုင်ငံတကာဇာတ်ကောင်များမှ သင်ခန်းစာများ (Lessons on the International Role)

အာချေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့(AMM)၏ ဘက်မလိုက်ခြင်းသည် အင်ဒိုနီးရှာ အစိုးရတပ်များအား ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ခြင်းနှင့် ဂျန်မ်(GAM) လက်နက်ကိုင်များအား လက်နက်ဖြုတ်သိမ်းခြင်းများကို ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

ထိုနည်းတူစွာပင် အင်ဒိုနီးရှားတပ်များအား တပ်နေရာ ပြန်လည်ချထားရေးနှင့် နောက်ပိ်ုင်းများတွင် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ထိလွယ်ရှလွယ်ဖြစ်သော ပြန်လည်နေရာချထားရေးနှင့် တပ်ဖြုတ်သိမ်းခြင်းဆိုင်ရာကိစ္စရပ်များ ကြောင့် တိုးတက်သောလေ့လာမှု၏ အဖြေသည် နှစ်ဖက်အက္ခရာကျသော ကိုယ်စားလှယ်များ ပါဝင်ခြင်းအားဖြင့် အဖြေထုတ်နိုင်မည်ကို တွေ့မြင်နိုင်သည်။

ထိုအချက်သည် နှစ်ဖက်အင်အားစုများအား ယုံကြည့်မှု မြှင့်တက်လာနိုင်စေပါသည်။ လက်နက်များအားလုံး အပြီးပြတ် ဖြုတ်သိမ်းခြင်းမရှိပေမဲ့ ယုံကြည်မှုဆိုင်ရာ ရပ်ဝန်းများ တည်ဆောက်ခြင်းအားဖြင့် လက်ရှိလက်နက်များသည် ငြိမ်းချမ်းရေး ရှေ့ဆက်ခရီးများအတွက် ဆက်လက်ကိုင်စွဲသွားဖို့ မလိုအပ်တော့သည်ကို နှစ်ဖက်ခေါင်းဆောင်များမှ ထည့်သွင်းစဉ်းစားလာကြပါသည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများသည် သဘောတူညီချက်များဖြစ်သည့် နိ်ုင်ငံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာခြင်းများထက် MOU’s ၏ လုံခြုံရေးရေးဆိုင်ရာ လေ့လာစောင့်ကြည့်မှုများက ပိုမို၍ အောင်မြင်မှုရှိသည်ကို တွေ့ရပါသည်။

အဘယ်ကြောင့်ဆိုသော် အဆိုပါ သဘောတူညီမှုများသည် ကန့်သတ်ချက်နည်းခြင်းကြောင့်ဖြစ်ပါသည်။

ဥရောပသမဂ္ဂသည်လည်း ထိထိမိမိနှင့် တိုက်တိုက်တွန်းတွန်းဖြစ်တဲ့ လမ်းညွန်မှုနှင့် ထောက်ပံ့မှုများကို AMM ၏ လေ့လာစောင့်ကြည့်ရေး ချည်ကပ်မှုများအပေါ် မပေးခြင်းကြောင့်လည်းဖြစ်သည်။

အကျိုးရလဒ်အားဖြင့် လူအခွင့်အရေး ဆိုင်ရာတရားရုံးများနှင့် ယုံကြည်မှုနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အလုပ်အဖွဲ့များကို မတည်ထောင်နိုင်ခဲ့ပါ။

spot_img
spot_img

Recent posts