spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ၁၀ဝရာခိုင်နှုန်း အပြည့်အဝ ပါဝင် ခွင့်ရှိ

Author

Date

Category

ကော်မိန်း

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်းပါဝင်နိုင်ရန် တောင်းဆိုကြသည့်အပေါ် အရည်ချင်းရှိပါက ၃ဝရာခိုင်နှုန်းသာမက ၁၀ဝရာခိုင်နှုန်းပါဝင်ခွင့်ရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး    ဦးစိုင်းညွှန့်လွင်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“အမျိုးသမီးတွေကို လမ်းဖွင့်ပေးသင့်တယ်။ လမ်းဖွင့်ပြီးတော့ တိုးတက်အောင်လုပ်ပေးသင့်တယ်။ အရည်ချင်း ရှိတဲ့အမျိုးသမီး ၁၀ဝရှိရင် ၁၀ဝလုံးပါဝင်လို့ရတယ်။ အရည်ချင်းပေါ်မှာပဲ သတ်မှတ်ချင်တယ်။ ကျတော့်အိုင်ဒီယာနဲ့ပေါ့။ အရည်ချင်းရှိရင် ၃ဝ ရာခိုင်နှုန်းမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

ခေါက်ရိုးကျိုးနေသော အစဉ်အလာများအရ အမျိုးသားများက နိုင်ငံရေးတွင် အမျိုးသမီးများ မပါဝင်သင့်ကြောင်း ယူဆချက်များမှာ အတားအဆီးတခုဖြစ်နေသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း အမျိုးသမီးများ ပါဝင်မှုကို ကန့်သန့်ထားသည့် အချက်များရှိနေကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး မမီးမီးက ပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း သမ္မတ တို့ဘာတို့ ရာထူးတွေမှာဆိုလည်း စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ဟာတွေက အဲဒါကလည်း အကန့်သန့် အခွင့်းရေးလဲမပေး ”ဟု မမီးမီးကပြောသည်။

transnational institute မှ ရေးသားထုတ်ပြန်သော အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အစီရင်ခံစာ အမျိုးသမီးများသည်လည်း ပဋိပက္ခတွင် ကိုယ်တိုင်ပါဝင်သူ၊ အသက်ရှင်ကျန် ရစ်သူများ ဖြစ်ကြပြီး ၎င်းတို့ တွေ့ကြုံရသော ပြဿနာမှာ အမျိုးသားများနှင့် ကွဲပြားကြောင်း ရေးသားထားသည်။

ထို့ကြောင့် ထိရောက်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွင် အမျိုးသမီးများ ပါဝင်ရန်လိုအပ်ကြောင်းရေးသားဖော်ပြထားသည်။

“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပေါ့နော် အောက်ခြေကဖြစ်ပျက်နေတဲ့ဟာတွေကို သူတို့က သိနေရမှာပေါ့နော်။ လူ     ထုတွေရဲ့အသံကို အမြဲတမ်းနားထောင်ပြီးတော့ ပြောပေးဆိုပေးနိုင်တာလည်း ဒါအရည်အချင်းတစ်ခုပဲ။ ပြောနိုင်ဆိုနိုင်တဲ့သူ ဆုံးဖြတ်ချက်ချပေးနိုင်တဲ့သူ အဲ့လိုဟာကိုပြောတာပါ” ဟုမမီးမီးက ပြောသည်။

နိုင်ငံရေးအပြောင်းအလဲပြုလုပ်သည့် အချိန်တွင်၊ အမျိုးသမီးများအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဦးဆောင်သူအဖြစ်     လည်းကောင်း၊ စေ့စပ်ညှိနှိုင်းသူအဖြစ်လည်းကောင်း၊ နည်းပညာထောက်ပံ့သူ ၊ ပံ့ပိုးသူ အဖြစ်လည်းကောင်း ၊ သက်သေ    အဖြစ်လည်းကောင်း ပါဝင်ခွင့်ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များ အရလည်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး တွင် အမျိုးသမီး များက ပါဝင်ခွင့်ရှိခြင်းကြောင့် အမျိုးသမီးများတွင်ပါဝင်နိုင်ရေး တောင်းဆိုနေရသည် ဟု အမျိုးသမီးအရေးလုပ်ရှားသူ       ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်းရှန်ကပြောကြားသည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ၃ဝ ရာခိုင်နှုန်းကိုပါဝင်နိုင်ရန်တောင်းဆိုထားသော်လည်း လက်ရှိတွင် ၁၂ ရာခိုင်နှုန်းသာပါဝင်နေသေးကြောင်း သိရသည်

spot_img
spot_img

Recent posts