spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အကြီးစားဝက်မွေးမြူရေးလုပ်ငန်း စတင်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာနှင့် (၁)မိုင်ကျော်ကွာဝေးသော တိုင်းရင်းသားလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် မြေ(၁၀.၇၇)ဧကပေါ်တွင် နယ်သာလန် နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd မှ ဝက်မွေးမြူရေးလုပ်ငန်း စီမံကိန်းကြီးတစ်ရပ်ကို လာရောက် လုပ်ဆောင်နေသည်။

လက်ရှိတွင် ၎င်းဝက်အမျိုးအစားသည် နိုင်ငံခြားမှ ထိုင်းနိုင်ငံကိုဝင်လာပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း ဒေသဘက်တို့တွင် မှောင်ခိုအနေဖြင့်လည်း ဝင်နေသည့်အတွက် တရားဝင်အစိုးရမှ အခွန်ရရှိစေရန် ယခုလို တရားဝင်ဝက်မွေးမြူရေးလုပ်ငန်းများကို ကယားပြည်နယ်တွင် ပြုလုပ်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုဥက္ကဌဦးခင်မောင်မြင့်က ဆိုသည်။

အကြီးစားဝက်မွေးမြူရေးလုပ်ငန်း မြင်ကွင်း

̏ တရားမဝင်ဝယ်ရောင်းနေတာဆိုတော့လေ ဝက်က case များတယ်လေ၊ အာမခံချက်ကောင်းကောင်းပေးနိုင်တဲ့ ဟာမျိုးဖြစ်စေချင်တယ်ပေါ့လေ။ အဲ့လို ရည်ရွယ်ချက်တွေလည်း ပါတယ်လေ။ အဲ့ဒါကြောင့် အဲ့နားလေးမှာ ဦးတို့က စီစဉ်ခဲ့တာပေါ့။ ˝ဟု ဦးခင်မောင်မြင့်က ဆိုသည်။

လာရောက်လုပ်ဆောင်မည့် စီမံကိန်းနှင့် ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ တစ်ကြိမ် ချပြပေးခဲ့ဖူးသော်လည်း အောက်ခြေထိ ပွင့်လင်းမြင်သာမှုမရှိကြောင်း ကျေးရွာအုပ်စုချင်းနီးသည့် ဒေါကလော်ဒူကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်ဘအေးက ပြောသည်။

̏ ဦးတို့နဲ့ ပတ်သက်ရင်တော့ ဟိုးဘက်ကနေဝင်လာမယ်ပေါ့နော၊ အနံ့အသက်ကတော့ တော်တော်ဆိုးမယ်၊ အခုပြောတောင် ပြောနေကြပြီ။ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း သူတို့စီးပွားရေးကျတော့ အဆင်ပြေမှာပေါ့။ သူတို့ဟာကျတော့။ ဒါပေမယ့် ကျွန်တော်တို့ဘက် လူထုဘက်ကနေပြန်ကြည့်မယ် ဆိုလို့ရှိရင် အနံ့အဆိုး တော်တော်ဒုက္ခရောက်မယ်။˝ ဟု ၎င်းကပြောသည်။

ကုမ္ပဏီများ၏ လုပ်ငန်း လုပ်ဆောင်ချက်များတွင် လူထု၏ သဘောထားမည်မျှ ပါဝင်ကြောင်းကို မသိရသည့်အပြင် လူထုသဘောထားများ အနည်းငယ် ပါဝင်ခဲ့လျှင်လည်း လူထုအများစုအပေါ် သက်ရောက်လာမည့် အကျိုးဆက်သည် အများအပြားရှိမည်ဖြစ်ကြောင်း ဦးဖိုးရယ်ဘအေးက ဆက်ပြောသည်။

ထို့ကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များသည်လည်း မည်သူတာဝန်ယူမည်ကို မသိရှိရသေးကြောင်း နှင့် ဒေသခံများ၏ တနိုင်တပိုင်မွေးမြူထားသည့် ဝက်ဈေးကွက်များလည်း ပျောက်ကွယ်သွားပြီး ၎င်းတို့ ကြီးစိုးသွားမည်ကိုလည်း စိုးရိမ်ရကြောင်း ဆိုပါသည်။

၎င်းစီမံကိန်းကြီးသည် ပြည်နယ်အစိုးရနှင့် နှစ် ၅ဝ ချုပ်ဆိုထားသည့် နှစ်ရှည်စီမံကိန်းကြီးတစ်ရပ်ဖြစ်သည့်ကြောင်းကို စီမံကိန်းမစမှီတွင် လူထုများကို ချပြအသိပေးခြင်း၊ သဘောထား ဆန္ဒရယူခြင်းများ ပြုလုပ်ရမှာဖြစ်သည်ဟု Lain Technical Support Group Board Member ဆရာကျော်ထင်အောင် ကသုံးသပ်ပြောဆိုသွားသည်။

Advertisement

̏ ဒါကတော့ မစခင်မှာ ပွင့်လင်းမြင်သာစွာချပြရမယ်။ တစ်ဝက်ကာလမှာမှ လုပ်တာဖြစ်တဲ့အတွက် သိပ်တော့ လုပ်နည်းလုပ်ဟန်ကလည်း ပုံစံတကျမဟုတ်ဘူး၊ စနစ်မကျဘူး။ ပြီးရင်ဒေသအတွက်ကို သိပ်ပြီးတော့မှ အကျိုးရှိနိုင်တဲ့ စီမံကိန်းတွေမဟုတ်ဘူးဆိုတာ ကျွန်တော်ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရင်းအမြစ်တွေ အများကြီးသုံးစွဲရမယ့် မွေးမြူရေးမျိုး ဖြစ်နေတယ်ပေါ့။˝ ဟု ဆရာကျော်ထင်အောင်က ပြောသည်။

ယခုလုပ်ဆောင်နေသည့် ဝက်မွေးမြူရေး စီမံကိန်းကြီးသည် အလုံပိတ် (air-con)စနစ်ဖြင့် ရောဂါပိုးမွှားများ အလွယ်တကူမကျရောက်စေရန် စနစ်တကျမွေးမြူမည့် ကယားပြည်နယ်တွင် အကြီးဆုံး မွေးမြူရေး စီမံကိန်းကြီးတစ်ရပ်ဖြစ်လာပြီး နောက်ပိုင်းတွင် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာရန် အစိုးရသို့ တင်ပြတောင်းဆိုခြင်းများ ဆောင်ရွက်သွားမည်ဟု ဦးခင်မောင်မြင့်က ထံမှသိရှိရပါသည်။

လက်ရှိလုပ်ဆောင်နေသည့် ဝက်မွေးမြူရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃.၂သန်းခန့် ရင်းနှီးမြှုပ်နှံထားပြီး ဒေါကလိုးခူကျေးရွာနှင့် (၁)မိုင်ကျော်ကွာဝေးသောနေရာတွင် အဆောက်အဦးများစတင်တည်ဆောက်ထား ပြီးဖြစ်သည်။ လာမည့်လအတွင်းတွင် အဆောက်အဦးများပြီးစီးပါက ဝက်များကို စတင်မွေးမြူတော့မည်ဟု ကြားသိရပါသည်။

spot_img
spot_img

Recent posts