spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နှစ်ဘက်သဘောတူသည့် အခင်းအကျင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ကေအဲန်ပီပီပြော

Author

Date

Category

ခူးစိုးရယ်ဦး

ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့်အတူ တပ်မတော်က တက်ကြွစွာ ဦးဆောင်ပါဝင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နှစ်ဘက်သဘောတူသည့် အခင်းအကျင်းဖြင့် ဆောင်ရွက်ရန် ကေအဲန်ပီပီက ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးလမ်းကြောင်းကို အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက အယုံအကြည်ကင်းမဲ့နေသေးခြင်းကြောင့် NCA လက်မှတ်ထိုးရေး စောင့်ကြည့်နေဆဲဖြစ်သည်ဟု ကေအဲန်ပီပီ၏ ဒုဥက္ကဌ ခူဦးရယ်က ဆိုသည်။

“အားလုံးအမြင်နဲ့ ကျွန်တော်တို့ သဘောထားအမြင်နဲ့ တစ်ထပ်တည်း ကျဖို့ကတော့ လိုပါတယ်၊ ကျွန်တော်တို့ ကြားထဲမှာ တူညီတဲ့ အမြင်သဘောထား ရှိရမယ်၊ ကျွန်တော်တို့ ကြားထဲမှာ အပြန်အလှန်နားလည်ဖို့ လိုတယ်။”ဟု ၎င်းက ပြောသည်။

လေ့လာသူအဖြစ် ဖိတ်ကြားသဖြင့် ယင်းညီလာခံသို့ ကေအဲန်ပီပီ တက်ရောက်နေသည်။

ညီလာခံသို့ တက်ရောက်လာသည့် ကေအဲန်ပီပီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဝင်အချို့ကို တွေ့ရစဉ်(ဓါတ်ပုံ-ခူးစိုးရယ်ဦး/ကန္တာရဝတီတိုင်းမ်)

“ကိုယ်လိုချင်တဲ့ ဖြစ်တည်မှု သမို်င်းကြောင်းကိုဘဲ ကိုယ်စွတ်ပြောနေတဲ့ ဟာမျိုးနဲ့ကတော့ ဒါဟာ အမှန်အကန်ရှိနေတဲ့ သဘောသဘာဝနဲ့ သဟဇာတမပြည့်မီဘူး၊ ဆီလျော်မှုမရှိဘူး အဲတော့ ကောင်းမွန်တဲ့ အဖြေတစ်ခုကိုတော့ မလွယ်ဘူးပေါ့”ဟု ခူဦးရယ်က ပြောသည်။

ငြိမ်းချမ်းရေး အရိပ်ကောင်းရှိမှသာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် တည်ငြိမ်အေးချမ်းသော လူ့ပတ်ဝန်းကျင်၊ သာယာသော လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြမှာဖြစ်တယ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၁ ရာစုပင်လုံ တတိယညီလာခံ ပထမနေ့၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မလိုလားအပ်တာတွေကို ဆွဲထည့်ဆွေးနွေးပြီး အချိန်ဆွဲနေမယ့်အစား တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိလာချိန်မှာ ရှေ့ဆက်ဆောင်ရွက်လုပ်ရမယ့် လုပ်ငန်းများကို ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်တယ်။”ဟု ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းသည်။

အတိတ်၏ နာကြည်းချက်များ၊ ရန်ငြိုးရန်စ၏ ပုံရိပ်ဆိုးများကို သင်ခန်းစာရယူပြီး အမြင်သစ်၊ အသွင်သစ်ဖြင့် ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက်တိုးကြရန် ၎င်းက ပြောသည်။

၂၁ တတိယအကြိမ် NCA လက်မှတ်ရေးထိုးနိုင်ရေးတွက် နိုင်ငံရေးပြဿနာများကို ညှိနိုင်းဖြေရှင်းကြရာတွင် အခက်ခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးအတွက် အားမလျော့ဘဲ ရှေ့ဆက်က ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရန် ခိုင်မာသော စိတ်ဓါတ်နှင့် သံဓိဋ္ဌာန်ချပြီး ဆက်လက်လုပ်ဆောင်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဒီချိန်မှာ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ လက်တွေ့အခြေအနေကနေ စတင်ရမှာ ဖြစ်တယ်”ဟု ၎င်း ပြောကြားသည်။

ဇူလိုင် ၁၁ မှ ၁ရ ရက်နေ့အထိ ကျင်းပမည့် ယခုတစ်ကြိမ် ပင်လုံညီလာခံကို လူဦးရေ ၁ ထောင်နီးပါး တက်ရောက်နေသည်။

spot_img
spot_img

Recent posts