spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

နှစ်ပေါင်း ၂ဝ အတွင်း အအေးဆုံးစံချိန်တင်ခဲ့သော ကယားပြည်နယ် ဘောလခဲမြို့

Author

Date

Category

လင်းသန့်

ကယားပြည်နယ် ဘောလခဲမြို့တွင် နှစ်ပေါင်း ၂ဝ ကျော်အတွင်း စံချိန်တင် အပူချိန်ကျဆင်းခဲ့ပြီး ယခင်က အအေးဆုံး ရ ဒသမ ၅ ရှိရာမှ ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အနိမ့်ဆုံးအဖြစ် ၆ ဒသမ ၅ အထိကျဆင်း ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။

မြောက်ဘက် တရုတ် ပြည်မကြီးဘက်တွင် ဖြစ်ပေါ်နေသော အအေးလှိုင်းမှ ဝင်ရောက်မှုကြောင့် ဆောင်းလေအားကောင်း နေသဖြင့် မြန်မာနိုင်ငံနေရာအနှံ့ အအေးပိုနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း အပူချိန်မြင့်တက်မှုကြောင့် ရေခဲအရည်ပျော်ကျမှု များပြားခဲ့ပြီးနောက်ပိုင်း အအေးလှိုင်း ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

“၂၀၁၆ ခုနှစ်ဟာ ကမာ္ဘ့သမိုင်းတလျှောက် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး၊ ရေခဲအရည်ပျော်ကျမှု အများဆုံးနှစ် ဖြစ်ခဲ့တာကြောင့် ၂၀၁ရ ခုနှစ်ဟာ အာတိတ် ရေခဲဖုံးလွှမ်းဧရိယာ အနည်းဆုံးနှစ် ဖြစ်လာခဲ့ပါတယ်။ ဝင်ရိုးစွန်း ဒေသမှာ ပုံမှန်ထက် ပိုမြင့်နေတဲ့ အပူချိန်တွေ ရှိလာပြီး ရေခဲပမာဏလည်း လျော့ကျခဲ့တာကြောင့် ဝင်ရိုးစွန်းလေစိုင်ဝဲ (Polar Vortex) စုစည်းမှု လျော့ရဲပြီး ပြိုကွဲသွားပြီးနောက် ဝင်ရိုးစွန်းလေများ ကမာ္ဘ့ မြောက်ဘက်ခြမ်း ကုန်းမြေ ဒေသကြီးများ ဖြစ်ကြတဲ့ မြောက်အမေရိကတိုက်၊ ဥရောပတိုက် နဲ့ အာရှတိုက်များ အတွင်းသို့ တိုးဝင်ရာမှ ယခု ကဲ့သို့ အအေးလှိုင်းများ ဖြတ်သန်းရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ရေးသားထားသည်။

လက်တလောတွင် မြန်မာနိုင်ငံရှိဒေသများအနက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အအေးပိုနေကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကိုရီးယား(တောင်+မြောက်)နိုင်ငံနှင့် ဂျပန်နိုင်ငံ မြောက်ပိုင်းတို့တွင် အအေးလှိုင်း ဖြတ်သန်းမှု ကြောင့် ဆီးနှင်းများ ထူထပ်စွာကျဆင်းပြီး အပူချိန်များ ရေခဲမှတ်အောက် ရောက်သည်အထိ အေးခဲနေသည်။

တောင်တရုတ် ပင်လယ်ဘက်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ထိုင်းပင်လယ်ကွေ့နား ရောက်လာမည့် သုံးရက်အတွင်း ယာယီ အအေးပေါ့နိုင်သော်လည်း သုံးလေးရက်ခန့်သာ ကြာမြင့်ပြီးနောက် ပြန်လည် အအေးပို လာ ဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

spot_img
spot_img

Recent posts