ဖဲဘူး ကယားပြည်နယ်မှာ အသက် ၅ နှစ်မှ ၁ရ နှစ်အတွင်းရှိ အလုပ်လုပ်သော ကလေးငယ်ပေါင်း ၈ထောင်ကျော်ရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ၂၀၁၅ ခုနှစ်အတွင်း ကောက်ယူထားသော အလုပ်သမားစစ်တမ်းအရသိရသည်။ ၎င်းရှစ်ထောင်ကျော်မှာ ကယားပြည်နယ်ရှိ ကလေးများ၏ ၁ဝ ရာခိုင်နှုန်း ရှိနေပြီး အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံချက် စီမံကိန်းတာဝန်ခံ စောဆာကပေါ်ကပြောသည်။ “ကယားပြည်နယ်မှာ စိုက်ပျိုးရေးကဏ္ဍမှာ အများဆုံးတွေ့ရတယ်ပေါ့နော။ စိုက်ပျိုးရေးကဏ္ဍမှာ ပါဝင်ရတယ်။ ပြီးတော့ တချို့သတ္တုတွင်းနေရာမှာ ခဲလုပ်တဲ့နေရာတွေမှာ ပေါ့နော။ အဲမျိုးတွေမှာလည်း ကျနော်တို့တွေ့ရတယ်။ နောက် ဒီမှာ အရပ်ဖက် အဖွဲ့အစည်းတွေက ဒီလိုမျိုး အသက်မပြည့်ပဲနဲ့ အလုပ်ဝင်လုပ်တာ အိမ်ဖော်တွေဘာတွေလည်း […]

စူးမယ် ဒီးမော့ဆိုမြို့သည် မြို့ အင်္ဂါရပ်နှင့် ညီသော်လည်း စနစ်ကျမှု မရှိသောကြောင့် ပုံစံတကျဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။ “ကျနော်တို့အခု ခြေတော်ယာသွားတဲ့ တစ်ဝိုက်မှာ အဆင်ပြေသလိုလေး သူ့အကွက် သူ့နေရာပေါ့ အဲလိုလေး သူတို့ အိမ်တွေ ခြံခတ်တာလေးတွေ ရှိတယ်”ဟု ဦးကျော်သက်ဝင်းက ပြောသည်။ ဆက်လက်ပြီး မြို့ပြများကဲ့သို့ ပန်းခြံများ၊ ကလေးကစားကွင်းနှင့် တခြား အပန်းဖြေစခန်း စသော နေရာများ လိုအပ်နေသည်ဟုဆိုပါသည်။ ဒီးမော့ဆိုမြို့ကို မြို့ပြအင်္ဂါအရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်ရာကွက်သစ်များ ဖော်ထုတ်ပေးနိုင်ရေး ( City Plan, Town Plan ) စနစ်တကျ ရေးဆွဲ […]

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာမှ ဆိုလျားကူးကျေးရွာထိ (၂/၁.၅) မိုင် ကျောက်လမ်းခင်းရာတွင် အရည်အသွေးမပြည့်မှီသည့်အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့ထံ အစီရင်ခံစာတင်ပြထားသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီမှ သိရသည်။ ဘာဒို ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်နေသော ၎င်းကျောက်လမ်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ အောက်ပါ တွေ့ရှိချက်များကို ဖော်ပြအပ်ပါသည်။ ၁။ ခင်းပြီးထားသောလမ်း၏ ကန့်လန့်ဖြတ်လမ်း သုံးနေရာလမ်းထုအား တူးဖောက်စစ်ဆေးရာ ကန့်လန့်ဖြတ်နေရာ ၊ ဘေးနှစ်ဖက်နှင့် အလယ်အားစစ်ဆေးခဲ့ပါသည်။ ပထမနေရာ၌ လမ်းထုပျမ်းမျှ (၅.၇၅) လက်မ ၊ ဒုတိယနေရာ ( ၄.၈၃)လက်မ ၊ တတိယ […]

လက်ရှိပညာရေးစနစ်တွင် ကြုံတွေ့နေရသည့် အခက်အခဲအခြေအနေများကို အမည်မဖော်လိုသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းမှဆရာ/မများ၏ရင်ဖွင့်သံများ တင်ပြအပ်ပါသည်။ ထျိုးမြာ အထက်တန်းပြဆရာ/မများ ၁။ ပညာရေးအနေနဲ့ လစာနည်းနည်းပါးပါးတိုးပေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုက ထမင်းချက်ဖို့အချိန်ကမရှိတော့ဘူး။ ညအထိ အိမ်စာတွေ လုပ်နေရတဲ့ဘဝ အမတို့မှာ အဲ့လိုဖြစ်နေတယ်။ ၂။ လုပ်ရတဲ့အလုပ်နဲ့ ကိုက်ညီအောင်လစာတော့ တိုးပေစေချင်တယ်။ မိုးချုပ်အထိ အလုပ်လုပ်ရတာ။ ၃။ လစာပဲတိုးစေချင်တယ်။ အရမ်းမောနေတယ်လို့ ဒီမှာ သင်ခန်းစာလည်းး နှစ်ခု သုံးခုကိုင်နေရတယ်လေး။ ပြီးတော့ ကျောင်းတွေမှာပေါ့နော။ မေဂျာနဲ့ ကိုက်ညီနဲ့သူတွေကိုပဲ ပို့စေချင်တယ်။ မေဂျာနဲ့ မကိုက်ညီတော့ ဆရာ/မတွေက တအားပင်ပန်းတယ်။ တစ်ချို့ဆိုရင် မေဂျာက အင်္ဂလိပ်စာ သင်နေရတာက ဘောဂအဲ့လိုမျိုးလေး။ တစ်ချို့ကြတော့ မေဂျာကအင်္ဂလိပ်စာ […]

ထျိုးမြာ သူငယ်တန်းကလေးများသင်ကြားရန် ထုတ်ပေးထားသော လေ့ကျင့်ခန်းစာအုပ်များကို ပြန်သိမ်းလိုက်သဖြင့် သင်တန်းပို့ချထားသည့်အတိုင်း မသင်ကြားရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်သင်ကြားပေးရသောကြောင့် သူငယ်တန်းကလေးများအတွက် ထိရောက်မှုမရှိမည်ကို စိုးရိမ်မိသည်ဟု မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။ “နိုဝင်ဘာလမှ ကျမတို့ကိုစာအုပ်တွေနဲ့ စဝေခိုင်းတယ်။ စာရေးခိုင်းတယ်လေး၊ ဝေခိုင်းတော့လည်း ကျမတို့လည်း ပေးလို်က်ပြီ။ ဒါပေမဲ့ အခုခါကြတော့အဲ့ဒီစာအုပ်ကို နိုင်ငံတော်က ပြန်သိမ်းတယ်ဆိုပြီးတော့လေး။ အဲ့ခါကြတော့ ကျမတိုက Kg(kindergarten)ကလေးတွေကို ဘယ်လို ဆက်လုပ်ပေးရမလဲဆိုတော့ ကျမတို့ကိုယ်အစီအစဉ်နဲ့ကို စာအုပ်တွေဝယ်ပေး၊ ရောင်စုံစက္ကူတွေပေါ့နော။ အကုန်လုံးပြန်ဝယ်ပေးပြီး အရင်တုန်းကအတိုင်းပေါ့နော။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လုပ်နေရတဲ့အတွက်ကြောင့် ကလေးတွေအတွက် ဒီတစ်နှစ်(kg)အတွက်ပေါ့နော။ ထိရောက်မှုရှိပါ့မလားပေါ့ ဆိုတဲ့စိုးရိမ်စိတ်တွေ ပေါ်လာတယ်ပေါ့နော” ဟု ၎င်းကပြောသည်။ သင်ရိုးမာတိကာ အရဩဂုတ်လလောက်တွင် စာအုပ်များကို အသုံးပြုနိုင်ပြီဖြစ်သော်လည်း ပြန်သိမ်းခိုင်းသောကြောင့် […]

စိုင်းလင်းလင်းဦး နှစ် ၆ဝ ကျော်ခန့်က ကန္ဒရဝတီစောဖျာ လှူဒါန်ထားသည့် သသနာ့ဝတ္တက မြေနေရာများအား အများပိုင် သာသနာ့နယ်မြေအဖြစ် ပိုင်းခြားသတ်မှတ်ရန်နှင့် ထပ်မံကျူးကျော်ခြင်းများမရှိစေရန် တူးမြောင်းဖေါ်ကာ ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ အမှတ်အသားပြုလုပ်ခြင်းကို အာဏာပိုင်တာဝန်ရှိသူများမှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြန်လည်တိုင်းတာသတ်မှတ်ရာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ထားသောမြေ ၁၃၅.၇၆ဧက၊ ကျောင်းမရှိသော သာသနာ့မြေ ၁၃၉.၇၈ ဧကနှင့် လမ်းမြေ ၄.၈၅ ဧက စုစုပေါင်း ၂၈၀.၃၉ ဧက ပါဝင်စေလျှက် တိုင်းတာ သတ်မှတ်လိုက်ပြီဖြစ်သည်။ ထိုနေရာများအနက် အခွန်လွတ်သာသနာ့မြေအဖြစ် မသတ်မှတ်ရသေးသော သာသနာမြေဟု ဆိုသည့်နေရာများကို မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ဖြင့် ဇူလိုင်လ ၈ […]

ထျိုးမြာ၊ ဖရဲရယ် မူးယစ်ဆေးများ သုံးစွဲလာသူများလာသည်နှင့် သုံးစွဲသူသည် မိသားစုများ၏တန်းဖိုးကို နားမလည်ပဲအကြမ်းဖက်မှုပိုများသည်ဟု နယ်စပ်ဒေသရောက် တိုင်းရင်းသူအမျိုးသမီးများ ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာဒေါ်နှင်းနှင်းရီက ပြောသည်။ “အမျိုးသမီးဆိုတာကိုလည်း ဖျော်ဖြေစရာတစ်ခုလို သူတို့သတ်မှတ်ခဲ့တဲ့အတိုင်း အတာတစ်ခုထိရောက်နေတယ် ဆိုတော့ အဲ့ဒီအကြမ်းဖက်မှုတွေလည်း ဆက်ခါဆက်ခါ ဖြစ်ပွားနေတာပေါ့နော” ဟု ၎င်းက ပြောသည်။ မိမိတို့ဘက်သည် မြို့နှင့်အလှမ်းဝေးသောကြောင့် အကြမ်းဖက်ခံရလျှင် မည်သို့တိုင်တန်းရမည် ဥပဒေလမ်းကြောင်း မည်သို့ရှိသည်ဟူသည်ကို မသိသောကြောင့် အမျိုးသမီးအချင်းချင်း အပြန်အလှန် နှစ်သိမ့်ရင်း နေသွားကြရသည်ဟုု ဆိုသည်။ “စိတ်ထဲမှာ တစ်ခါတစ်လေ အဲ့လိုမျိုးခံရတဲ့အချိန်လေး အမျိုးသမီးတွေဘယ်မှာရှိတယ်။ ဘယ်သူက ဖြေရှင်ပေးနိုင်လဲဆိုတာကို တစ်ကယ်ရှာချင်တဲ့စိတ်ရှိတယ်” ဟု ၎င်းကပြောသည်။ အမျိုးသမီးများသည် အခြားသော အကြမ်းဖက်မှုများစွာရှိသော်လည်း အိမ်တွင်းအကြမ်းဖက်မှုသည် အများဆုံးဖြစ်နေသည်ဟု ကယန်းအမျိုးသမီး […]

၂၀၁၆-၁ရ ဘတ်ဂျက်နှစ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်နေသည့် လမ်း၊ တံတား ၊ အဆောက်အဦးစီမံကိန်းများကို အစိုးရ၏ အားမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီတို့က အရည်အသွေးပြည့်မှီခြင်းရှိမရှိ သွားရောက် စစ်ဆေးခဲ့ကြစဉ် တွေ့ရှိချက်အချို့များကို တင်ပြအပ်ပါသည်။ ပြည်ထောင်စုလမ်းမကြီးလမ်းသားတိုးချဲ့မှု တွေ့ရှိချက် – လမ်းပုခုံးအနက်တူးရန် – ကျောက်ဆိုဒ်မှန်ကန်ရန် – Template ဖြင့်ခင်းရန် – Camber ပေါ်အောင်ဆောင်ရွက်ရန် – နောက်ဆုံးခင်းချိန်တွင် အပြီးသတ်ကောင်းမွန်ရန် ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့မှ -လောဓမ္မရပ်ကွက်ထဲက ပြည်ထောင်စုလမ်းမကို အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ဆေးနေစဉ်ဖြစ်သည်။ […]

စိုင်းလင်းလင်းဦး လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာဒီပလိုမာသင်တန်းကျောင်းသည် အမှတ်များသူကို ဦးစားပေးခေါ်ယူသည့်စနစ်ကြောင့် ပမာဏရွေးချယ်စာရင်းတွင် နယ်ခံဒေသစုံမပါလာကြောင်း ဘော်လခဲမြို့နယ်မှ လျှောက်ထားသူ ဒေသခံတစ်ဦးက ပြောသည်။ “ဒီဒေသဖက်က ဆယ်တန်းအောင်ကလေးတွေက ဆရာဖြစ်သင်တန်းလျှောက်တာ မပါကျဘူး။ ပြည်မဖက်က လာလျှောက်တာတော့ ပါကြတယ်လို့ကြားတယ်။ အမှတ်စနစ်နဲ့သာ လုပ်လို့ကတော့ ဒီဖက်က ကလေးတွေ တစ်ယောက်မှတောင် ပါမှာမဟုတ်ဘူး။ သူတို့ပညာရေးအဆင့်က နှိပ်တယ်လေး သူများနဲ့ အမှတ်ချင်းယှဉ်မယ်ဆိုရင် ပါနိုင်တော့မှာမဟုတ်ဘူး။” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။ လုပ်ငန်းခွင်အကြိုဆရာအတက်သင်ပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁/၁၆) ပထမနှစ် သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်သည့် လူစာရင်း၌ ခေါင်ပါးသည့်ဒေသမှ လျှောက်ထားသူအချို့ ပါဝင်လာခြင်းမရှိခြင်းကြောင့် ဝေဖန်နေကြခြင်းဖြစ်သည်။ သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်ထားသည့် လူစာရင်းအား အမှတ်စနစ်ဖြင့် ပြည်ထောင်စုအဆင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ်ပညာရေးရေးမှူးရုံးထံမှသိရသည်။ […]

ထျိုးမြာ ယခုနှစ် နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မောင်ကျော်သီဟနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ကောက်နုတ်တင်ပြထားပါတယ်။ မေး။ ။ မောင်းလေးက တယောကို ဘယ်အချိန်က စတီးခဲ့တာလဲ။ ဖြေ။ ။ ကျနော်တယောတီးတာကတော့ ခုနှစ်တန်း၊ ရှစ်တန်းလောက်ကတည်းက စတီးခဲ့ပါတယ်။ ကျနော်တို့ကို ကသလစ်ဘုရားကျောင်းတို့မှာ သင်ပေးတယ်။ နှစ်ခြင်းက ဆရာတွေလည်း သင်ပေးတယ်။ နောက်ပိုင်းကျရင် ကျင့်ရင်းနဲ့ပေါ့နော။ ဆရာတွေကိုတွေ့ရင်လည်း ဟိုနားမေး ဒီနားမေးရင်းနဲ့ ကျင့်ခဲ့ပါတယ်။ မေး။ ။ ဒီကျောင်းမှာ တယောပြိုင်ပွဲကို ဘယ်လိုစဝင်ပြိုင်ဖြစ်ခဲ့တာလဲ။ ဖြေ။ ။ ကယားပြည်နယ်အဆင့်ကျောင်းတွေမှာ ဝင်ပြိုင်ခိုင်းတော့ဝင်ဖြစ်သွားတာပေါ့နော။ အဲ့ဒီမှာပထမရခဲ့တယ်။ ပြီးတော့ ဗဟိုအဆင့်အထိ […]