အစိုးရအသိမှတ်မပြုသည့် မော်ချီးကျောင်းတွင် ကိုယ်ပိုင် သင်ကြားရေးစနစ်ဖြင့် သင်ကြားနေရ ထျိုးမြာ အစိုးရအသိအမှတ်ပြုမခံရသော မော်ချီးကျောင်းတွင် ကျောင်းသားများ၏ ပညာရေးအတွက် ကို်ယ်ထူကိုယ်ထ စနစ်ဖြင့် ရရာ နည်းလမ်းရှာကြံပြီး စာသင်ပေးရသည်ဟု စာသင်ကြားပေးသော ဆရာမဒေါ်နော်ခါးရာက ပြောသည်။ “အခုသူတို့(အစိုးရကျောင်း) နည်းစနစ်တွေပြောင်းသွားတယ်လို့သိရတယ်လေး အဲ့ဒီတော့ ကျွန်မတို့လက်လမ်းမှီသလောက်ပေါ့။ ကဗျာတွေကိုဖုန်းနဲ့ပြန်ကူးပြီးတော့ သင်ပေးရတာပဲရှိတယ်။ ”ဟု ဒေါ်နော်ခါးရာ က လက်ရှိ သူငယ်တန်းကျောင်း၏ သင်ရိုးစနစ်အသစ်ကို ပြောပြသည်။ လက်ရှိအနေအထားအရ အန္တရာယ်ဇုန်အဖြင့်သတ်မှတ်ထားသော မော်ချီးတောင်ပေါ် ကျောင်းများအတွင်း သင်ကြားမှု မလုပ်နိုင်ပဲ ကျောင်းဝန်း အနီးရှိ မူကြိုကျောင်း နှင့် ကိုယ်ထူကိုယ်ထ နေရာများတွင်သာ သူငယ်တန်းမှ စတုတ္တတန်းအထိ စုပေါင်းသင်ကြားနေရသည်။ “ စာသင်ရတာလဲ နေရာက အခက်အခဲဖြစ်တယ်။ […]